နုနုရည်အင်းဝ -မြစိမ်းပြာကမာရွတ်
ရန်ကုန်မြို့ ကန်ထရိုက်တိုက်တလုံးပေါ်က မိသားစုတွေရဲ့ မတူညီတဲ့ဘဝကို ကွက်ကွက်ကွင်းကွင်းသရုပ်ဖော်ထားပြီး လူမျိုးစုံစရိုက်မျိုးစုံကို ရသစုံစုံမြင်တွေ့နိုင်တယ်။ လောကဓံကိုအန်တုရင်း ဘဝတွေကိုဘယ်လိုရုန်းကန်ကြသလဲ။ မပြေလည်မှုတွေကြားမှာ တစ်ဦးနဲ့တစ်ဦး ဖေးမပေးရင်း ပျော်ရွှင်အောင် နေနေကြတဲ့ မိသားစုတွေ၊ သဘာဝကျကျနဲ့ နေ့စဥ်ဘဝတွေကို ဘယ်လိုဖြတ်သန်းနေတယ်ဆိုတာတွေ၊ လူငယ်နဲ့လူကြီးကြားက မတူညီတဲ့ စရိုက်တွေကိုလည်း နှိုင်းယှဥ်ပြထားတယ်။ အဆုံးသတ်မှာတော့ လူတွေရဲ့ နေထိုင်မှုစရိုက်ကို ရှင်းရှင်းလင်းလင်းနဲ့ မငြီးငွေ့ရလေအောင် သရုပ်ဖော်ထားတာကြောင့် တကယ်ဖတ်လို့ကောင်းတဲ့ စာအုပ်အဖြစ် recommend ပေးချင်ပါတယ်။
Comments
Post a Comment