Skip to main content

Canva pro တစ်လစာ Giveaway

    မင်္ဂလာပါခင်ဗျာ။

ဒီတစ်ခေါက်မှာ‌တော့ Creative ဖြစ်ချင်တဲ့လူငယ်တွေ၊ Graphic Design ကို စိတ်ဝင်စားလို့ စမ်းကြည့်ချင်တဲ့ Beginner တွေ၊ Content Creator တွေ၊ ဆရာဆရာမတွေနဲ့ marketingသမားတွေအတွက် အတွက် Canva Application နဲ့ website ကို မိတ်ဆက်ပေးချင်ပါတယ်။  (Canva ကို mobile application အနေနဲ့သာမက နှစ်သက်ရာ browserတစ်ခုခု၏ www.canva.com တွင်လည်း log in ဝင်ရောက် အသုံးပြုနို

င်ပါတယ်။)



Post ရဲ့ အဆုံးမှာ Canva pro တစ်လစာကို လက်ဆောင် ပေးထားမှာမို့ အဆုံးထိဖတ်ပြီး Pro account တစ်လစာကို ရယူနိုင်ပါတယ်ခင်ဗျာ။ 

 


Canva ဆိုတာဘာလဲ။


Canva ဆိုတာ ‌ခေတ်မီပြီး လှပတဲ့ Social media posts and storiesတွေ၊ Business card, flyers,logo, invitation နှင့် ဆရာဆရာမများအတွက် lesson plan များအစရှိတဲ့ digital design တွေကို ဖန်တီးနိုင်တဲ့ Free graphic design platform တစ်ခုပဲဖြစ်ပါတယ်။ 


Canvaကို ဘယ်လိုလူတွေ အသုံးပြုသင့်လဲ။


Canva ကို Graphic designer တွေ၊ Content Creator တွေ၊ ဆရာ/ ဆရာမတွေ၊ကျောင်းသား/သူ တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ အခြားသော graphic designကို အသုံးပြုလိုသည့် မည်သူမဆို အသုံးပြုနိုင်ပါတယ်။


Canva သုံးရတာ ခက်သလား။


Canva ကို ကျွမ်းကျင်စွာအသုံးပြုတတ်ရန် YouTube tutorial များမှတစ်ဆင့် လေ့လာနိုင်ရုံသာမက Ready to Use Template များစွာလည်း ရှိတာကြောင့် Beginnersများ အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။


နာမည်ကြီး Canva Tutorial Channel တချို့ကို ဖော်ပြပေးလိုက်ပါတယ်။


  1. https://youtube.com/c/DesignwithCanva

  2. https://youtube.com/c/canva



Giveaway session 👏


ပထမဦးစွာ Canva free accountရှိရန်လိုအပ်ပါတယ်။ Free Canva account ဖွင့်နည်းကို ပုံလေးတွေနဲ့ ရှင်းပြပေးပါမယ်နော်။


ပထမဆုံး Sign up with email ကိုနှိပ်ပါ။



အမည် Gmail Passwordထည့်ပြီး Get started ကိုနှိပ်ပါ။


Mail မှာရောက်လာတဲ့ Codeကို ထည့်ပြီး Done ကိုနှိပ်ပါ။




Free accountဖွင့်လို့ ပြီးသွားပါပြီ။






Free account ဆိုတော့ အရမ်းမိုက်တဲ့ Pro featureတွေ သုံးလို့ မရသေးဘူးနော်။ 


ဒါပေမယ့် မပူပါနဲ့။ Admin တို့က Clickers တွေအတွက် Canva pro တစ်လစာ Giveaway ပေးမှာမို့ပါ။ 


အပေါ်က အဆင့်တွေအတိုင်း Canva Free acc ဖွင့်ပြီးပြီဆိုရင် 



ဒီlink လေးကို နှိပ်ပြီး ပေါ်လာတဲ့ Click Team ဆိုတာကို joinလိုက်ရင် Canva pro featureတွေ သုံးလို့ရသွားပါပြီ။


အခုပဲ Pro feature တွေသုံးပြီး Graphic Design လှလှလေးတွေ ဖန်တီးလိုက်တော့နော်။


အဆုံးထိ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အဆင်မပြေတာ ရှိရင် comment မှာ ပြောခဲ့လို့ ရပါတယ်။




Comments

Post a Comment