|
Weekend တွေ ရောက်ရင် ကျွန်တော်တို့ပျော်ကြပါတယ်။ တစ်ပတ်စာပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက့် ကျွန်တော်တို့ ချစ်တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေ ကြည့်ခွင့်ရတော့မှာဆိုတော့ ကျွန်တော့်ပျော်ကြတယ်။
မန်စီးတီးနဲ့ အာစင်နယ်တဲ့။
သမိုင်းအစဥ်အလာ ကြီးမားတဲ့ အာစင်နယ်၊သမိုင်းတစ်ခေတ်မှာ မှတ်ကျောက်တင်ခံရဖို ကြိုးစားနေတဲ့ မန်စီးတီး။
စာရွက်ပေါ်က လူစာရင်းနဲ့ နည်းပြအတွေ့အကြုံချင်းယှဥ်လိုက်ရင်တော့ ဒါဟာ မန်စီးတီးပွဲပါကွာ့ တစ်ထစ်ချဆိုကြမလား။ အဲ့လိုဆိုစေဖို့ အကြောင်းအရာတွေကလည်း ရှိနေပြီးသားမလား။ အဖွင့်ပွဲစဥ်နှစ်ပွဲလုံး ရှုံးထားတဲ့ အာစင်နယ်ကြောင့် မန်ချက်စတာဘက်ဟာ အလေးသာနေမယ်ထင်ပါတယ်။
မုဆိုးမ သွားရာ မိုးလိုက်လို့ ရွာလိုပဲဆိုဆို
မန်စီးတီးနဲ့ ယှဥ်ပြိုင်ကစားရမှာကတော့ အာစင်နယ်အသင်းအတွက် လွယ်ကူနေမှာမဟုတ်ပါဘူး။
ဒါပေမယ့် ဒါဟာ ဘောလုံးပွဲ။ 11 ယောက်ချင်း တိုက်တဲ့ပွဲမှာ ပွဲသိမ်းခရာမှုတ်မှသာ အနိုင်အရှုံးပေါ်မှာ့ ကိုယ်ဝတ်ထားတဲ့ ဂျာစီအတွက် ကိုယ်စွမ်းရှိသလောက် ပေးဆပ်ကြ့ ဆုံးဖြတ်ပြီးသား professional တွေ မဟုတ်လားဗျာ။ကြားရက် cup ပွဲမှာ ဂိုးပြတ်နိုင်ပွဲရထားတဲ့ အာစင်နယ်ကြောင့်လည်း ပွဲွဲာ ထင်ထားတာထက် ပိုကြည့်ကောင်းဖို့ ရှိနေပါတယ်။ ဂိုးပေါက်ပြန်တွေ့ပြီးရင် ဆက်တိုက်ဂိုးမြူးတတ်တဲ့ အူဘာကြောင့်လည်း ဒီနေ့ပွဲဟာ ပိုစိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ဘီလုံးငှက်နဲ့စွန်ရဲ ဥပမာရှိသလို ဆရာထက် တပည့် လက်ဝါးစောင်းထက်ခဲ့ကြတာတွေလည်း ကျွန်တော့် အကြိမ်ကြိမ်မြင်တွေ့ခဲ့ပြီးသားပဲ။ အာတီတာတစ်ယောက် ကတုံးကို ထိပ်ကွက်နိုင်မလား ဒါမှမဟုတ် ဆရာပက်ကပဲ မင်း နုပါသေးတယ်ကွာဆိုပြီး တပည့်ဖြစ်သူကို ပြုံးပြုံးကြီး ကြည့်နေမလား။
ရာသီအစပွဲစဥ်ဆိုပေမယ့် ချန်ပီယံပြေးလမ်းပေါ် တက်ဖို့ ကြိုးစားနေတဲ့ မန်စီးတီးအသင်းနှင့် ကလပ်ရဲ့ ဂုဏ်သိက္ခာ၊ နည်းပြရဲ့နေရာ၊ ကစားသမားတွေရဲ့ professional ဆန်မှူ၊ ဝေဖန်မှုတွေကြားက တိုးပြီးထွက်ဖို ကြိုးစားနေတဲ့ အာစင်နယ့်ရဲ့စိတ်လှုပ်ရှားစရာ ပွဲကောင်းတစ်ပွဲကို ကျွန်တော့်တူတူရင်ခုန်ကြရအောင်ဗျာ။
Comments
Post a Comment