"Hospital Playlist"
Must watch ကြည့်ကို ကြည့်သင့်သော movie လေးပါ ဆေးကျောင်းသားတွေ ဖြစ်တဲ့အတွက် ပိုကြည့်သင့်ပါတယ်။ movie ရဲ့ အပိုင်းတစ်ပိုင်း ကြည့်တာက ကျောင်းစာကြည့်တာထက် စာပိုရပါတယ်။ တကယ်ပါ လုံးဝ အပိုမဟုတ်ဘူး ဘာလို့ အဲ့လို ပြောနိုင်တာလဲဆိုတော့ Final Part 2
ရဲ့နောက်ပိုင်း ကနေ စပီး ဘဝတစ်လျှောက်လုံး ကြုံရမယ့် အရာတွေ ၊ အလုပ်သင်ဘဝရဲ့ အခက်အခဲ နဲ့ အရသာတွေ ၊ အကြီးအကဲကောင်းနဲ့ ဆိုးကို ယှဥ်ပြထားတာတွေ ၊ ချစ်ရသူနဲ့ ဆေးရုံတစ်ခုထဲမှာ အလုပ်အတူတူလုပ်ရတဲ့ ချစ်စရာ အခိုက်အတန့်တွေ ကြည်နူးမှုတွေ ၊ မိခင်မေတ္တာနဲ့ အတ္တတွေကို ရိုက်ပြထားတာပါ ။
ဒီကားမှာဆိုရင် အဓိကဇာတ်ကောင် ငါးယောက်ရှိပါတယ် သူတို့ငါးယောက်က တစ်ယောက်တစ်မျိုးစီနဲ့ အဖွဲ့ဖြစ်နေတာပါ အစားကြူးတဲ့သူရယ် mamaboy လေးရယ် >< အမြင်ကပ်စရာကောင်းလောက်အောင် စာတော်တဲ့ hyper ကြီးရယ် ကိုယ့်ပစ္စည်းတွေ မုန့်တွေ ယူရင် မကြိုက်တဲ့တစ်ယောက်ရယ် 😂ပါတယ်ပေါ့နော် သူတို့ငါးယောက်လုံးက မတူညီတဲ့ career တွေပါ အသည်းအထူးကု၊ သားဖွားမီးယပ်အထူးကု၊ ဦးနှောက်နှင့်အာရုံကြောအထူးကု၊ ကလေးအထူးကု ၊ နှလုံးအထူးကုတွေပေါ့နော် ငါးယောက်လုံးက ပါမောက္ခတွေပါ ဒီကားရဲ့ ပေးချင်တဲ့ message က ကိုယ် ဆရာဝန် ဖြစ်တဲ့အချိန်မှာ အလုပ်ကိုလည်း လုပ်ပီး မိဘကိုလည်းဂရုစိုက်ဖို့(ရောဂါရှိနေပီဆိုမှ မငိုပါနဲ့ :<) အလုပ်သင်လေးတွေအပေါ် အကြီးအကဲကောင်းတစ်ယောက် ဖြစ်ဖို့ပါ( အကိုတို့အမတို့လည်း ဆရာကောင်းနဲ့ ကြုံရပါစေ" ) အလုပ်သင်ဘဝမှာကြုံရမယ့် အရာတွေ တလွဲတေ လုပ်မိတာကို အနည်းနဲ့ အများ ရှောင်နိုင်ဖို့ပါ တခြားတစ်ချက်တွေ အများကြီးရှိပါသေးတယ် ကိုယ်တိုင်ကြည့်ပီးမှ သိတာပိုကောင်းပါတယ် 🍬 ဒီကားကိုကြည့်ပီး နောင်တရတယ်ဆိုတာ မရှိစေရဘူးလို့ အာမခံပါတယ် ><
Comments
Post a Comment