Skip to main content

Man United Vs Wolves



ယူနိုက်တက် vs ဝုဗ် short preview

ဒီရာသီအပြောင်းအရွှေ့မှာ world class ကစားသမားတွေ ဆက်တိုက်ခေါ်ယူထားတဲ့ ယူနိုက်တက်ကို ကြည့်ခြင်းအားဖြင့် ဆုဖလားတွေ ဘယ်လောက်ဆာလောင်နေသလဲဆိုတာ မြင်သာပါတယ်။ အဝေးရောက်နေတဲ့ Legend တစ်ယောက်ရဲ့ အိမ်ပြန်လမ်းကြောင့်လည်း ယူနိုက်တက်ပရိတ်သတ်တွေ ပျော်မဆုံးဖြစ်နေကြတယ်မလား။ Christiano Ronaldo တဲ့။ ဘောလုံးလောက ဘုရင်တစ်ပါးဟာ စိုးစံခဲ့ရာထီးနန်းကို စံမြန်းဖို့ ပြန်လာခဲ့တာမလား။ မပျော်တဲ့ ယူနိုက်တက်ပရိတ်သတ်ဆိုတာ ရှိမလားဗျာ။ 

ဒီလိုပျော်ရွှင်စရာ ရက်သတ္တပတ်ရဲ့ အဆုံးမှာတော့ ယူနိုက်တက့် ဝံပုလွေတောထဲကို အမဲလိုက်ထွက်ရပါအုံးမယ်။ ဒီရာသီ နည်းပြအပြောင်းအလဲကြောင့် ရလဒ်ဆိုးရွားနေပေမယ့် ဝံပုလွေအုပ် ဘယ်လောက်သန်မာကြောင်း ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်တွေမှာ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြပြီးမို့ ထူးပြီး ပြောစရာလိုမယ်မထင်ဘူး။

ဒါပေမယ့် တစ်ဘက်က ယူနိုက်တက်။ ဆုဖလားတွေနဲ့ ဝေးကွာနေပေမယ့် ယူနိုက်တက်ဆိုတဲ့ အရှိန်အဝါကတော့ ကျန်နေပါသေးတယ်။ ဒီနှစ်တော့ ဆုဖလားခေါင်းပါးနေမှုကို အဆုံးသတ့် သေချာပြင်ဆင်ထားခဲ့ပြီ။ ရာသီအစနှစ်ပွဲမှာလည်း တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ အတော်အသင့်ကောင်းတဲ့ ရလဒ် ပိုင်ဆိုင်ထားတယ်လို့ ပြောရပါမယ်။
ကစားသမားသစ် ဆန်ချိုနဲ့ ဗာရန်းတို့လည်း ဝုဗ်နဲ့ပွဲစဥ်မှာ ပွဲထွက်လာမလား စောင့်ကြည့်ရအုံးမှာပါ။
ချန်ပီယံလိဂ်ဝင်ခွင့်ထက် ပိုတဲ့ နေရာတစ်ခုကို မှန်းထားတဲ့ ယူနိုက်တက်ကတော့ ဒီနေ့ပွဲစဥ်ကိုလည်း အနိုင်ရဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။

တစ်ဘက်ကလည်း ဝုဗ်၊ တစ်ဘက်က ယူနိုက်တက့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့တော့ ရှိပါတယ်။ ဝံပုလွေတောမှာ အမဲလိုက်မိတာပဲ မှားမလား၊ ဒါမှမဟုတ် သရဲနီတို့အတွက် အချိုပေါ်သကာဆင့်တဲ့ ရလဒ်ပဲ ပြန်ယူသွားမလား စိတ်လှူပ်ရှားစရာကောင်းနေပါတယ်။

Comments