Skip to main content

တကယ်မရှိသောနှစ်များ - အောင်ခင်မြင့် (review)

  


    ဒီစာအုပ်ကို Readers Club မှာ အစ်ကိုတစ်ယောက်က ရီဗျူးတော့ စိတ်ဝင်စားပြီး ငှားဖတ်ဖြစ်ခဲ့တာ။ ကျနော်က စာသိပ်ဖတ်ဖြစ်တဲ့ကောင်တော့ မဟုတ်ဘူးဗျ။ တစ်ပတ်မှာ တစ်အုပ် တစ်ခါတစ်လေ တစ်လမှ တစ်အုပ်လောက် ဖတ်ဖြစ်တာရယ်။ ငပျင်းဆိုတော့ စာတစ်အုပ်ကို နှစ်ခါသုံးခါပြန်ဖတ်တာ တော်တော်ရှားတယ်။ ဒီစာအုပ်ကို ဖတ်ပြီး ပြန်ပေးပြီးမှ  ရှားရှားပါးပါး နောက်ထပ်ပြန်ဖတ်ချင်တဲ့ စိတ်ဖြစ်လာတာနဲ့ ဝယ်ဖို့ရှာသေးတယ် မရခဲ့ဘူး။

၂၀၂၀မှာ ကိုဗစ်ကြောင့် ကျောင်းတွေပိတ် အိမ်မှာပိတ်မိနေပြီး ဇာတ်ကားတွေကြည့်လိုက် ဂိမ်းဆော့လိုက်နဲ့ပဲ အချိန်တွေဖြုန်း ငြီးငွေ့လာတော့ စာဖတ်ဖို့ မြို့​ထဲစာအုပ်ပတ်ရှာ။ ကံကောင်းချင်တော့ တစ်ဆိုင်ထဲသော စာအုပ်ဆိုင်လေးထဲမှာ ရှာရင်းမွှေရင်း တကယ်မရှိသောနှစ်များ တစ်အုပ်လေးကို တွေ့တာပဲ။ 


    ဒီစာအုပ်က ကျနော့်အတွက် တော်တော်အရသာရှိတယ်ပြောရမယ်။ ဖတ်လိုက်တွေးလိုက်နဲ့ တော်တော်မိုက်တယ်။ တစ်ချို့ မှတ်တမ်းရုပ်ရှင်တွေပြန်ကြည့်ရသလိုပဲ အဲ့ဒီကာလက ပုံရိပ်တွေ ဒီစာအုပ်ထဲမှာ ပြန်မြင်ရနေတယ်။ ကျနော်ကတော့ စာအုပ်ထဲမှာပါတဲ့ မသိတဲ့ စကားလုံးတွေ သီချင်းတွေ ဇာတ်ကားတွေကို ဂူးဂဲလ်မှာရှာလိုက် သီချင်းနားထောင်ရင်း ဖတ်လိုက်နဲ့ ကိုယ်မမှီခဲ့တဲ့ အချိန်ကာလတွေကို ဝင်ကြည့်နေလိုက်တာပဲ။ တစ်ခြားဟာတွေတော့ ကျနော်လည်းမပြောတတ်တော့ဘူး။ ဖတ်ကြည့်ဖို့တော့ ပြောချင်ပါတယ်။

    တစ်ကယ်တော့ ဖေဖော်ဝါရီက စပြီး 'တကယ်မရှိသောနှစ်များ' ဟာ တဖန်ပြန်ရောက်လာခဲ့ပြီး အချိန်စက်ဝန်းက တစ်ပတ်ပြန်လည်လာသလိုပေါ့ဗျာ။ ဒီကာလကြီးကို မရောက်ချင်ပဲရောက်ခဲ့ပြန်ပြီ။ 


စာရေးသူ စာအုပ်ထဲမှာ ပြောထားသလိုပေါ့။ 


" ချာလီရေ .. ကောင်လေးရေ .. ထတော့ဟေ. ။ ခေတ်ဆိုးကြီးကို တစ်ခန်းမှ မလွတ်စေနဲ့ ။ ကဗျာဆရာ ဘေတောက် ရေးခဲ့သလို 'ဘောလ်ပင်နဲ့ ခြစ်ပစ်ထားတဲ့ ရှုခင်းဟာ ဒီမှာ ပြန်ပေါ်လာပြီ' ချာလီ။ " 


အောင်ခင်မြင့်

တကယ်မရှိသောနှစ်များ


(နှစ်ကာလများ The Eras page မှာ သွားရောက်မေးမြန်းဝယ်ယူနိုင်ပါတယ်။သို့မဟုတ် epub format နဲ့ ဝန်ဇင်း(wun zinn) app မှာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 600 ကျပ် ပေးရပါတယ်။)

     


Comments