ဒီတစ်ခေါက်မှာတော့ Creativity ပိုင်း နဲ့ New Skills တွေကို လေ့လာသင်ယူရတာကြိုက်တဲ့ လူငယ်တွေအတွက် စိတ်ကြိုက် လေ့လာသင်ယူနိုင်မယ့် Online learning platform တစ်ခု အကြောင်းပြောပြချင်ပါတယ်။
Skillshare ဆိုတဲ့ အိမ်မှာနေရင်း
သင်တန်းတွေတက်ပြီး Learning လုပ်လို့ရတဲ့
Application လေးကို ကြားဖူးပြီးသားလူတွေရှိသလို
အခုမှစပြီးကြားဖူးတဲ့လူတွေလည်း ရှိမှာပါ။ Admin က Skillshare အကြောင်းကို နည်းနည်း ပြောပြမယ်နော်။
19$ တန်တဲ့ Skillshare Premium တစ်လစာ accတွေကို Clicker တွေအတွက် Giveaway ပေးဦးမှာမို့ အဆုံးထိဖတ်ရှုပေးပါဦးနော်။
Skillshare ဆိုတာ ဘာလဲ?
Skillshare ဆိုတာ နည်းပညာတိုးတက်လာတဲ့ 21 ရာစုမှာ ခေတ်စားလာတဲ့ electronic learning platform တစ်ခုပဲဖြစ်ပါတယ်။ Skillshare မှာရှိတဲ့ ထောင်ပေါင်းများစွာသော courseတွေကို အိမ်ကနေ Self Learning လုပ်ပြီး လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
Skillshare က ပိုက်ဆံမပေးဘဲ သုံးလို့ရလား?
Skillshare ကို free acc ဖွင့်ပြီး ထောင်ပေါင်းများစွာသော free courseတွေကို လေ့လာနိုင်ပါတယ်။ ဒါပေမယ့် Premium content တွေပါတဲ့ Advance Course တွေအားလုံးကို
လေ့လာသင်ယူချင်တယ်ဆိုရင်တော့ premium ဝယ်ရမှာဖြစ်ပါတယ်။ Premium တစ်လကို 19ဒေါ်လာ ကျသင့်ပါမယ်။
Skillshare မှာ ဘာတွေသင်လို့ရမလဲ ?
Create: Animation, Creative Writing, Film & Video, Fine Art, Graphic Design, Illustration, Music, Photography, UI/UX Design and Web Development.
Build: Business Analytics, Freelance & Entrepreneurship, Leadership & Managment and Marketing.
Thrive: Lifestyle and Productivity
အစရှိတဲ့ သင်တန်းပေါင်းများစွာကို လေ့လာ သင်ယူနိုင်မှာဖြစ်ပါတယ်။
Skillshare ကို ဘယ်လိုလူတွေ သုံးသင့်သလဲ?
Creativityပိုင်းကို စိတ်ဝင်စားတဲ့သူတွေ၊ new skillsတွေကို သင်ယူချင်တဲ့သူတွေ၊ ရှိပြီသား skillတွေကို ပိုမိုကောင်းမွန်ချင်တဲ့သူတွေ၊ Businessကို စိတ်ဝင်စားသူတွေ၊ Leadershipပိုင်းကိုစိတ်ဝင်စားသူတွေနဲ့
Personal development အတွက် လေ့လာသင်ယူလိုသူ မည်သူမဆို အသုံးပြုသင့်ပါတယ်။
Skillshare မှာ မရနိုင်တာဘာတွေလဲ?
Skillshare မှာ သင်တန်းတွေတက်ပြီးရင် Certificateတွေ မရနိုင်ပါဘူး။ Certificateလိုချင်တာဆိုရင်တော့ Couseraလို applicationမျိုးက ပိုသင့်တော်ပါမယ်။
Skillshare ကို Englishဘာသာစကားတစ်မျိုးတည်းဖြင့်သာ အသုံးပြုနိုင်ပါတယ်။
[ဒီ contentလေးကို ဖတ်နေတဲ့သူတွေထဲမှာ English ကို 2nd language အနေနဲ့ လေ့လာနေသူတွေလည်း ပါမယ်လို့ ထင်ပါတယ်။ Adminကတော့ Listeningလေ့ကျင့်ဖို့ အတွက်လည်း Skillshareကို အသုံးပြုဖြစ်ပါတယ်။ New skillsတွေကို learnလုပ်ရင်း English Listeningလည်း ကျင့်ရင်းဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ခင်ဗျာ။]
ကဲ Giveaway session လေးကို ရောက်ပါပြီ။
https://docs.google.com/forms/d/1maVhAqCAEArSERDroLVlC9Es1m98D4pGS081GNrLVog/edit?usp=drivesdk
ဒီ form လေးကို ဖြည့်လိုက်ရင် ရပါပြီ။ Adminတို့က Emailကနေ တစ်ဆင့် ပြန်လည်
အကြောင်းကြားသွားမှာပါ။ မဲပေါက်တဲ့သူတွေဆီကို 19$ တန် Skillshare Premium တစ်လစာ acc ကို Mailကနေ ပို့ပေးလိုက်ပါ့မယ်။ အခုပဲ Form ကို ဖြည့်လိုက်တော့နော်။ ကံကောင်းကြပါစေ Clicker တို့ရေ။
Comments
Post a Comment