Skip to main content

ရွှေစုဘူး App review

 



ဒီကာလမှာ ငွေရေးကြေးရေးကျပ်တည်းကြမှာ အမှန်ပါပဲ။ 

အဲ့ဒါအပြင် ကိုယ့်လက်ထဲမှာရှိတဲ့ ပိုက်ဆံ‌လေးတွေ ဘယ်လိုကုန်မှန်းမသိကုန်သွားတတ်ကြပါတယ်။ 

အဲ့ဒီလိုလူတွေအတွက် ငွေရေးကြေးရေးစီမံခန့်ခွဲရာမှာ အထောက်အကူဖြစ်မဲ့ app လေးတစ်ခုနှင့် မိတ်ဆက်ပေးချင်ပါတယ်။ 

အဲ့ဒီ app လေးရဲ့နာမည်ကတော့ ShweSuBoo(ရွှေစုဗူး)ပါ။ 

စုဗူးဆိုလို့ ပိုက်ဆံစုရတဲ့ app မျိုးမဟုတ်ပါဘူး။ 

သူက ကိုယ့်ရဲ့ဝင်‌ငွေ၊ထွက်ငွေ ကို တိတိကျကျမှတ်သားပေးတဲ့ app မျိုးပါပဲ။ 

ဖုန်းဘေလ်ဖိုး၊ဈေးဖိုး၊ကားခ အစရှိတဲ့အသုံးစရိတ်တွေကို စနစ်တကျစီမံခန့်ခွဲရာမှာ အလွန်အထောက်အကူဖြစ်စေပါတယ်။ 

နေ့စဉ်ငွေလဲနှုန်း၊လောင်စာဆီဈေးနှုန်းတို့ကိုလည်းကြည့်ရှူလို့ရပါတယ်။ (ချို့ယွင်းချက်အ

သေးစားအနေနှင့် ထိုးနှုန်းများမှာသိပ်တော့ update မဖြစ်ပါဘူး) 

အသုံးပြုပုံကတော့ရိုးရှင်းပါတယ်။ 

မြန်မာလိုဖြစ်လို့ အသုံးပြုရလည်း လွယ်ကူပါတယ်။ 

ပထမဆုံး Log in ဝင်တဲ့အခါမှာတော့ Internet ဖွင့်ပေးဖို့လိုအပ်ပါတယ်။ 

Facebook နှင့် Log in ဝင်မယ်ဆိုရင်တော့ Vpnပါဖွင့်ထားပေးဖို့ လိုအပ်ပါလိ့မ်မယ်။ 

အဲ့တာပြီးတဲ့နောက်မှာတော့ Internet ဖွင့်စရာမလိုပဲ အသုံးပြုနိုင်ပါပြီ။ 

ကိုယ့်ရဲ့အသုံးစရိတ်ပမာဏကိုကန့်သတ်ချွေတာသုံးစွဲဖို့ ကူညီပေးပါတယ်။ 

ကိုယ်ရဲ့ဝင်ငွေ၊ထွက်ငွေမှန်သမျှရဲ့ တစ်လတာစာရင်းချုပ်၊တစ်နှစ်တာစာရင်းချုပ်တွေကိုလည်း တိတိကျကျ ဖော်ပြပေးပါတယ်။ 

အဲ့ဒီအတွက်ကြောင့် ပိုက်ဆံအလေအလွင့်မရှိစေပဲ စနစ်တကျသုံးစွဲနိုင်မှာပဲ ဖြစ်ပါတယ်။


Comments

Post a Comment