Skip to main content

Apple event

 


What to except from Apple September 14 event?


September လဟာဆိုရင်တော့ဖြင့် iPhone အသစ်တွေမိတ်ဆက်လေ့ရှိတာကြောင့် ပန်းသီးဖန်တွေအတွက် crush လေးဆီက အဖြေကိုစောင့်ရသလိုပဲ ရင်ခုန်စိတ်လှုပ်ရှားရတဲ့ကာလပါ၊

ဒီနေ့ Sep 14, 2021 မြန်မာစံတော်ချိန် 11:30pm မှာဆိုရင်တော့ဖြင့် Apple event မှာ iPhone generation အသစ်ကိုမိတ်ဆက်သွားမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ Apple event ကနေ ဘာတွေမိတ်ဆက်ပေးမယ်လို့ မျှော်လင့်ကြလဲ၊ iPhone နဲ့ apple watch generation အသစ်၊ iPad အသစ်တွေမိတ်ဆက်ပေးသွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်၊ သိရသလောက် စုစည်းပြီးတော့ အောက်မှာပြောပြပေးသွားမှာပါ။


The iPhone 13 Series


ယခု Apple event မှာတော့ iPhone model 4 ခုမိတ်ဆက်ပေးသွားနိုင်ပါတယ်၊ iPhone 13mini, iPhone 13, iPhone 13pro နဲ့ iPhone 13 pro max တို့ပဲဖြစ်ပါတယ်။

 

အကောင်းဆုံး improvement လို့ပြောနိုင်တာက ယခုမိတ်ဆက်မဲ့ iPhone (pro models) တွေမှာ 120Hz LTPO OLED panael တွေ ပါလာနိုင်တာပါ၊ ဒါ့အပြင် apple watch တွေမှာလို always on display feature လဲ ပါဝင်လာနိုင်ပါတယ်။ အဆိုပါ feature တွေဟာ iPhone 13, iPhone 13 mini model တွေမှာတော့ ထည့်သွင်းထားမှာမဟုတ်ပါဘူး၊ (ကောင်းကောင်းသုံးချင် ပိုက်ဆံပိုပေး 🌚)


အားသွင်းနှုန်းလဲ မြန်လာနိုင်ပြီးတော့ လက်ရှိ 20W fast charging ကနေ 25W fast charging ကိုတိုးမြှင့်ပေးထားနိုင်ပါတယ်၊ wireless အားသွင်းတဲ့ MagSafe အသစ်ကိုလဲ ပိုမိုမြန်ဆန်တဲ့ charging speed နဲ့မိတ်ဆက်ပေးသွားနိုင်ပါတယ်။


Camera ပိုင်းမှာတော့ တိုးတက်မှုတွေ အများကြီးရှိမှာ ဖြစ်ပြီးတော့ pro model တွေမှာ ပါဝင်တဲ့ ultrawide camera အတွက် ပိုမိုကောင်းမွန်တဲ့ lens တွေတပ်ဆင်ထားပြီးတော့ LiDAR scanner ကိုလဲ 13 lineup model အကုန်လုံးမှ ာထည့်သွင်းပေးသွားမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ stabilization, low ligh နဲ့ ပတ်သက်ပြီးတော့လဲ အဆင့်မြှင့်တင်မှုတွေ ပါဝင်လာမှာပါ။


အရောင်အနေနဲ့ကတော့ iPhone 13mini model ကို black, blue, purple, pink, white and the special Product RED အရောင် ၆ မျိုးရွေးချယ်ဝယ်ယူနိုင်မှာပါ။ Memory ပိုင်းအနေနဲ့ကတော့ 13 mini မှာ 64GB/128GB, 13 မှာတော့ 128GB/256GB, 13pro နဲ့ 13pro max model တွေမှာတော့ 256GB/512GB ပါဝင်မှာပါ၊ 13 pro max model မှာတော့ 1TB storage ပါဝင်လာနိုင်တယ်လို့လဲ သတင်းတွေထွက်ပေါ်နေပါတယ်။


ဒါ့အပြင် iPhone 13 model အသစ်တွေမှာ satellite link ဆိုတဲ့ feature ပါဝင်လာနိုင်ပြီးတော့ အရေးပေါ်အခြေအနေတွေမှာ message တွေ ပေးပို့နိုင်မှာဖြစ်ပါတယ်၊


iPhone model အားလုံးမှာ 5-nanometer The Apple A15 Chipset အသစ်အသုံးပြုသွားမှာဖြစ်ပြီးတော့ performance ပိုင်းမှာ 5% ပိုမိုကောင်းမွန်ပြီးတော့ battery ပိုင်းမှာတော့ 10% ပိုမိုချွေတာနိုင်မှာဖြစ်ပါတယ်။


iPhone model အသစ်တွေကို တရုတ်မှ ာအစောဆုံးအနေနဲ့ September 17 မှာစတင်ရောင်းချပေးသွားမှာဖြစ်ပြီး ကမ္ဘာအရပ်ရပ်မှာလဲ မကြာခင်ဝယ်ယူရှိနိုင်တော့မှာပါ။


Apple Watch Series 7


Apple watch အသစ်တွေမှာ size အနေနဲ့ ယခင် 40mm and 44mm အစား 41mm and 45mm ဆိုပြီး ပြောင်းလဲသွားကာ မျက်နှာပြင်အနဲငယ် ပိုကြီးလာမှာပါ။ ဒါ့အပြင်ဘေးဘက်တွေဟာ iPhone iPad တွေမှာလို flat-edged design ဖြစ်သွားမှာပါ။ အဆိုပါ design အသစ်ဟာ Apple watch ကိုပိုမို ပြားသွားစေမှာဖြစ်ပါတယ်။ 


Chipset အနေနဲ့ apple watch အသစ်တွေမှာ S7 ဆိုတဲ့ chip အသစ်ပါဝင်လာမှာပါ၊ bettery ပိုင်းလဲပိုအသုံးခံလာမှာဖြစ်ပါတယ်။ 


Airpod 3 - ယခု Apple event မှာ ဈေးသက်သာတဲ့ Airpod 3 model ကို မိတ်ဆက်လာနိုင်တယ်လို့ သတင်းတွေက ဆိုထားပါတယ်၊ 


New iPad mini


iPad mini အသစ်ကိုလဲ မိတ်ဆက်သွားနိုင်ပြီးတော့ design ပိုင်းအနေနဲ့ iPad air 4 နဲ့တော်တော်လေးဆင်သွားမှာပါ၊ 8.4 inch ရှိတဲ့ liquid retina display ပါဝင်ပြီးတာ့ Touch ID ကိုဘေးဘက်ဘောင်မှာတပ်ဆင်ထားမှာပါ၊ M1 chip ကတော့ပါဝင်ဖွယ်မရှိပါဘူး၊ A14 chip ကိုပဲအသုံးပြုသွားနိုင်ပါတယ်၊ Apple pencil 3 ကိုလဲ support လုပ်မယ်လို့ ဆိုထားပါတယ်၊ 


OS အသစ်တွေအနေနဲ့ iOS 15, iPadOS 15, watchOS 8, tvOS 15 တို့ကို မိတ်ဆက်ပေးသွားနိုင်ပါတယ်၊


Mac product အသစ်တွေကတော့ မိတ်ဆက်ပေးဖို့မသေချာပါဘူး။ 


ဒါကတော့ ကျွန်တော်တို့သိရသလောက် apple event နဲ့ပတ်သက်တဲ့သတင်းတွေကို စုစည်းတင်ဆက်ပေးထားတာပါ၊ event ပြီးသွားတဲ့အခါမှာလဲ မိတ်ဆက်ပေးသွားတဲ့ products တွေနဲ့ပတ်သက်ပြီး ထပ်မံတင်ဆက်ပေးသွားဦးမှာပါ၊ အချိန်ပေးဖတ်ရှုခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်၊


အရေးတော်ပုံအောင်ရမည်


ref; gsmarena.com


Comments