Skip to main content

Arsenal vs Tottenham ပွဲကြိုသုံးသပ်ချက်

 



                          Arsenal Vs Spurs


တနင်္ဂနွေနေ့ညရဲ့ အကောင်းဆုံးပွဲစဥ်လို့ဆိုရမယ့်  မြောက်လန်ဒန်ဒါဘီကတော့ ဒီည 10 နာရီမှာ ကစားပါတော့မယ်။အာစင်နယ်နဲ့စပါးတို့ကတော့ အမ်းမရိတ်ကွင်းကြီးထဲမှာ အကြိတ်အနယ်ယှဥ်ပြိုင်ကြတော့မှာပါ။

ဒါဘီဆိုတဲ့အတိုင်း ကျွန်တော်တို့မျှော်လင့်နေတဲ့ ပွဲကောင်းတစ်ပွဲမြင့်တွေ့ရပါ့မလားဆိုတာကတော့ မသေချာပါဘူး။
ဒါပေမယ့် ဒီရာသီစွမ်းဆောင်ရည်တွေကြောင့် ဖိအားတွေအောက်ရောက်နေတဲ့နှစ်သင်းဆိုပေမယ့် အစဥ်အလာပြိုင်ဘက်တွေမို့ ပွဲကောင်းတစ်ပွဲ မြင်တွေ့ခွင့်ရဖို့ ကျွန်တော်တို့မျှော်လင့်မိမှာအသေချာပါပဲ။

အာစင်နယ်အသင်းကတော့ 5 ပွဲကစားပြီး နှစ်ပွဲနိုင် 3 ပွဲရှုံးနိမ့်ထားတယ်။ မန်စီးတီး၊ချဲဆီးတို့လိုပွဲကြပ်တွေမှာ အရေးနိမ့်ထားတာမို့ သိပ်ပြီးစိုးရိမ်စရာမရှိဘူးလို့ထင်စရာရှိပါတယ်။ ဒါပေမယ့် 5 ပွဲမှာ သွင်းဂိုးနှစ်ဂိုးသာသွင်းယူထားနိုင်တာကတော့ အာစင်နယ်ရဲ့အမှတ်တံဆိပ်နဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူး။
အနိုင်ရခဲ့တဲ့ နှစ်ပွဲမှာလည်း တဈလုံးတညျးသောဂိုူတှနေဲ့သာ အနိုင်ရခဲ့တာမို့ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်က မေးခွန်းထုတ်ချင်စရာပါ။ အာတီတာရဲ့ နည်းစနစ်တွေကပဲ အလုပ်မဖြစ်တာလားဆိုတဲ့ မေးခွန်းတွေကလည်း အကြောင်းမဲ့ထွက်ပေါ်လာတာမဟုတ်ဘူးဆိုတာ အာစင်နယ်ပွဲကြည့်ဖူးသူတိုင်းသိလိမ့်မယ်။ ဒါပေမယ့် ဒီညမှာတော့ အမှားခံလို့မရပါဘူး။ စပါးအသင်းနဲ့ ဒါဘီကစားရမှာမို့ နည်းပြကော ကစားသမားတွေပါ အစွမ်းကုန်ကြိုးစားဖို့လိုပါမယ်။ 

စပါးဘက်ကိုကြည့်ရင်လည်း အာစင်နယ်နဲ့ရလဒ်ပိုင်းကွာခြားမှုသိပ်မရှိတာကိုတွေ့ရတယ်။ 3 ပွဲနိုင် 2 ရှုံးနိမ့်ထားတယ်။ ပြီးခဲ့တဲ့ နွေရာသီအသင်းကထွက်ခွာချင်ပေမယ့် ထွက်ခွင့်မရတဲ့ ကိန်းရဲ့ ဂိုးပေါက်ပျောက်နေမှုကလည်း စပါးအသင်းကို နောက်တစ်ဆင့်ပိုဖို့ အလွန်အရေးပါပါတယ်။ မြောက်လန်ဒန်ဒါဘီသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတာမို့ ဒီညမှာကော ကိန်းတစ်ယောက်ဂိုးပေါက်ပြန်တွေ့မလား စိတ်ဝင်စားစရာပါ။ အသင်းရလဒ်တွေကို တဖန်ပြန်ကြည့်ရအောင်။ highlight လုပ်ပြရမယ်ဆိုရင်တော့ မန်စီးတီးကို အဖွင့်ပွဲမှာအနိုင်ကစားထားခဲ့တာက မပါမဖြစ်ပါကိုပါရမယ်။ ဒါပေမယ့် ရှုံးနိမ့်ခဲ့တဲ့ ပဲလေ့၊ ချဲဆီးတို့နဲ့ပွဲမှာ နှစ်ပွဲလုံး ဂိုးပြတ်ရှုံးခဲ့တာလည်း မေ့ထားလို့မရပြန်ပါဘူး။ လန်ဒန်ပြိုင်ဘက်တွေကို သုံးပွဲဆက် အရှုံးပေးရဖို့တော့ စပါးပရိတ်သတ်တွေလည်း မြင်ချင်မှာမဟုတ်ဘူး။ ဒီတော့ ဒီညပွဲကတော့ ရင်ခုန်ချင်စရာကောင်းနေပါတယ်။
ဒီနှစ်သင်းရဲ့ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှုမှာတော့
အိမ်ရှင်တွေကပဲ အနိုင်သုံးမှတ်ရယူသွားနိုင်တာကို တွေ့ရတယ်။ ဒီညမှာလည်း အာစင်နယ်အသင်းက အိမ်ရှင်အဖြစ်ဧည့်ခံရပါအုံးမယ်။ အာစင်နယ်ကပဲ မနှစ်က အစဥ်အလာကောင်းတစ်ရပ်ကို ထိန်းသိမ်းသွားနိုင်မလား စပါးအသင်းကပဲ အမ်းမရိတ်ကွင်းကြီးမှာ အောင်ပွဲခံသွားမလားစိတ်ဝင်စားစရာပါပဲ။
ကျွန်တော့်ရဲ့ တစ်ဦးတည်းအမြင်အရဆိုရင် ဒီနေ့ပွဲမှာ အာစင်နယ်အသင်းထက် စပါးအသင်းကို ပိုသဘောကျတယ်။ ကျဥ်းမြောင်းတဲ့ရလဒ်တစ်ခုနဲ့ပဲ စပါးအသင်းအောင်ပွဲခံသွားမယ်လို့မြင်ပါတယ်။

Comments

Post a Comment