If you can't take me at my worst , you don't deserve me at my best..
Machine Gun Kelly နဲ့ Hailee Steinfeld တို့ သီဆိုထားတဲ့ At My Best ဆိုတဲ့ သီချင်းထဲက စာသားလေးဖြစ်ပါတယ်။
2017 တုန်းက ထွက်ရှိခဲ့တဲ့ MGK ရဲ့ Bloom Album ထဲက သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
Marvel ရဲ့ Hawkeye Series မှာ ပါလာမယ့်မင်းသမီး Hailee Steinfeld က Featuring ကို အသံချိုချိုလေးနဲ့ ဆိုပေးထားပါတယ်။
ကိုယ့်ချစ်သူက ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်လို့ ထားသွားခဲ့သည်ဖြစ်စေ ၊ ကိုယ်က ကြိုးစားနေပေမယ့် ကိုယ့်ချစ်သူက ပိုသာတဲ့သူကို ရွေးချယ်ချင်လို့ ထားသွားခဲ့သည်ဖြစ်စေ တစ်ယောက်တည်းထိုင်ပြီး လမ်းပျောက်နေဖို့မလိုပါဘူး။
ဒီသီချင်းလေးကို နားထောင်ရင်း ကိုယ့်ရဲ့အဆိုးဆုံးကာလတွေကနေ ရုန်းထွက်ပြီး အကောင်းဆုံးကာလတွေဆီ ရောက်အောင်ကြိုးစားလိုက်ပါ။
ကိုယ့်ရဲ့အဆိုးဆုံးအချိန်တွေကို လက်ခံမပေးနိုင်တဲ့သူဟာ ကိုယ်အောင်မြင်နေတဲ့ အကောင်းဆုံးအချိန်ကျမှ ပြန်လာခဲ့ရင်လည်း လက်မခံပါနဲ့ ၊ သူနဲ့မထိုက်တန်ပါဘူး ။ ဒီသီချင်းလေး နားထောင်ရင်း ကိုယ့်အတွက်ကိုယ် ကြိုးစားပြီးရှေ့ဆက်လိုက်ပါလို့အကြုံပြုပါရစေ။
Hailee Steinfeld is really under-rated
ReplyDeleteShe deserves more
I really like her