Skip to main content

August Rush movie review

 


    ဂီတအနုပညာဘက်မှာ စိတ်အားသန်တဲ့စိတ်ဝင်စားတဲ့သူတွေအတွက် 

    ဒီ 'August Rush' ဆိုတဲ့movieလေးကို reviewရေးပေးလိုက်ပါတယ်။

    တစ်ကားလုံးMusical movieလားဆိုလဲမဟုတ်ပြန်ဘူး

    Drama/Romance typeပေါ့။(imdb-7.5/10)

-ဂီတာတီးတဲ့ကောင်လေးနဲ့တယောတီးတဲ့ကောင်မလေးသံသရာတစ်ကွေ့မှာဆုံတယ်ပေါ့ဗျာ။ ဒီလိုနဲ့ဇာတ်လမ်းတွေဖြစ်ပြီး ကောင်မလေးကကိုယ်ဝန်ရသွားတယ်။ ​ကောင်မလေးမိဘတွေကသူ့ရဲ့တက်လမ်းအနှောက်အယှက်ဖြစ်မှာကိုမလိုလားလို့ ကောင်လေးနဲ့ရော မွေးလာတဲ့ကလေးနဲ့ပါခွဲလိုက်တယ်။

    ကောင်လေးနဲ့ကောင်မလေးရော  ကလေးလေးကပါ တစ်နေရာစီဝေးကွာသွားကြတာပေါ့။

    ငယ်ငယ်ကထဲက ပတ်ဝန်းကျင်မှာထွက်ပေါ်လာတဲ့အသံမှန်သမျှ လေတိုးသံကအစ ဂီတလို့မှတ်ယူပြီးကြီးပျင်းလာတဲ့ကလေးက တစ်နေ့မှာသူ့မိဘတွေကိုရှာဖို့ကြိုးစားရင်းကနေ ဂီတလမ်းကြောင်းပေါ်မှာ 'August Rush' ဆိုတဲ့နာမည်နဲ့ ဘယ်လိုမျိူးတွေအောင်မြင်လာလဲဆိုတာကိုတွေ့မြင်ရမှာပါ။

    ဂီတအနုပညာသမားတွေအတွက်တော့ သူ့ရဲ့မွေးရာပါ ပါရမီနဲ့ အောင်မြင်မှုတွေကိုကြက်သီးထဖွယ်ရှု့စားရမှာပါ။

    နောက်ဆုံးမှာ သူတို့သုံးယောက်ဘယ်လိုမျိူးအမှတ်မထင်ပြန်ဆုံတွေ့သွားကြတယ်ဆိုတာကတော့ ဇာတ်လမ်းတစ်ခုလုံးရဲ့အဓိကအသက်ပဲ။

    ဆိုတော့ကာ ယခုဖတ်ရှုနေသူပရိတ်သတ်သာ ဂီတအနုပညာကိုရူးသွပ်တဲ့သူဆိုရင် ဒီဇာတ်ကားဟာ လုံးဝလက်မလွှတ်သင့်ပါဘူး။

Comments