Skip to main content

Barcelona Vs Bayern

 



    Weekendမှာ စိတ်၀င်စားဖွယ်ပြည်တွင်းလိဂ်ပြိုင်ပွဲတွေ တဝကြီးကြည့်ပီးတဲ့နောက်တော့ ကြားရက်ထဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ဘောလုံးပရိတ်သတ်တိုင်းရဲ့ စိတ်ဝင်စားမှုအမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီး စတင်ကျင်းပတော့မှာဖြစ်ပါတယ်။     ဒီတပါတ်ကြားရက် မှာတော့ Champion leagueအုပ်စုအဖွင့်ပွဲ‌စဉ်တွေကို စတင်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ စိတ်၀င်စားဖွယ်အကောင်းဆုံးနဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ပွဲစဉ်တပွဲဖြစ်တဲ့ Group Gရဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ပွဲကို ပွဲကြိုသုံးသပ်ပေးချင်ပါတယ်။

ဘာဆာတို့ရဲ့ အိမ်ကွင်းCamp Nouမှာ ယှဉ်ပြိုင်ရမယ့် အုပ်စုအဖွင့်မှာတော့ နှစ်သင်းလုံးအကောင်းဆုံးပြင်ဆင်လာကြမယ်ထင်ပါတယ်။ ဘာဆာနဲ့မက်ဆီ မက်ဆီနဲ့ဘာဆာ ခွဲခြားမြင်ဖို့ မလွယ်ရာကနေ ဘဆာပရိတ်သတ်‌တွေကတော့ မက်ဆီမရှိတဲ့ ဘာဆာကို ၀မ်းနည်းစွာကြည့်ရှုနေရပါပီ။ Messiလည်းမရှိ Griezmannကိုလည်း အငှားချလိုက်တဲ့ ဘာဆာအနေနဲ့တိုက်စစ်ပိုင်းမှာDe Jong,Depayတို့ရဲ့ ဦးဆောင်မှု ၊Busquetsဦးဆောင်တဲ့ ကွင်းလယ်အစုအဖွဲ့တို့နဲ့ အဆင်ပြေသော်လည်းPique,Albaတို့ ဒဏ်ရာရနေတဲ့ နောက်တန်းကတော့ အားနည်းလှပါတယ်။ နည်းပြကြီးRonald Koemannအနေနဲ့ ဂျာမန်ဘီလူးကို ယှဉ်ပြိုင်ဖို့ ဘာတွေပြင်ဆင်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ် ဂျာမန်ဘီလူးဘိုင်ယန်ကတော့ မနှစ်ကရာသီဂျာမန်ဘွန်ဒက်စ်လီဂါမှာ Leipzigအသင်းကိုအဆင့်2ရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြNagelsmannရဲ့ ဦးဆောင်မှုနဲ့အတူ Lewandowski, Mullerတို့ ဦးဆောင်ပီး နောက်ဆုံးငါးပွဲမှာ 27ထိ သွင်းယူထားတဲ့ တိုက်စစ်အစုအဖွဲ့နဲ့အတူ Kimmichနဲ့ အသစ်ခေါ်ယူအားဖြည့်ထားတဲ့ Leipzigအသင်းရဲ့ captain Sabitzerတို့ရဲ့ ကွင်းလယ်ထိန်းချုပ်မှု၊Daviesနဲ့ ထွက်ခွာသွားတဲ့ ဝါရင့်နောက်ခံလူ Alabaရဲ့နေရာအတွက် အားဖြည့်ခေါ်ယူထားတဲ့ Upamecanoတို့ရဲ့ တောင့်တင်းလှတဲ့ ခံစစ်ကြောင်းတို့နဲ့ Camp Nouမှာ လာရောက်ယှဉ်ပြိုင်မယ့်အနေအထားကတော့ အားရာစရာကောင်းလွန်းပါတယ်။ ‌နှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှု 7ကြိမ်ရှိခဲ့ပြီး ဂျာမန်ဘီလူးက 5ကြိမ်အနိုင်ရထားကာ ဘာဆာကတော့ 2ကြိမ်ပဲ အနိုင်ရရှိထားပါတယ်။ ဒါ့အပြင် ဂျာမနီအသင်းရဲ့အဓိကဂိုးသမားနှစ်ဦးဖြစ်တဲ့ ဂျာမန်ဘီလူးတို့ရဲ့ ဂိုးသမားNeuerနဲ့ ဘာဆာရဲ့ဂိုးသမားTer Stegenတို့ရဲ့ လက်စွမ်းယှဉ်ပြိုင်မှုကလည်း စိတ်၀င်စားစရာပါပဲ။ Camp Nou မှာ ယှဉ်ပြိုင်ရပေမဲ့လည်း ဧည့်သည် ဂျာမန်ဘီလူးတို့ပဲ အနိုင်ရသွားမယ်ထင်ပါတယ်။ ခန့်မှန်းရလဒ် ဘာစီလိုနာ 1-2 ဘိုင်ယန်မြူးနစ်

Match Date -Wed, 1:30AM Stadium -Camp Nou Betတာဝါသနာပါတယ့်ညီကိုတွေအတွက်ကတော့ 1xbetမှာဆို over 3နဲ့ အပြင်ကြေးမှာဆို ဂိုးပေါ်ချဖို့အကြံပြုချင်ပါတယ်။

Comments