Skip to main content

ညီမလေးမြို့ပြ - အောင်ခိုင်မြတ်

 

တခါက ကြားဖူးတာလေးကို ပြန်ပြောရရင်...

ကျနော်တို့ဟာ ကိုယ့်ဘဝကိုယ် လျှောက်နေစဉ်မှာပဲ မျဉ်းကြောင်းတွေလို ဘဝတစ်ခုနဲ့တစ်ခု ဆုံတတ်ကြပါတယ်၊ ဒါပေမယ့် ကျနော်တို့ရဲ့ ဘဝမျဉ်းကြောင်းတွေက ရပ်တန့်မနေကြပါဘူး၊ ဆက်သွားနေကြမှာပါ။ တစ်ခုနဲ့တစ်ခု အမြဲပေါင်းစည်းသွားချင်လည်း သွားမှာပေါ့။ ဒီတိုင်းလေး ဖြတ်သွားရုံလောက်ပဲလည်း ဖြစ်နိုင်ပါတယ်။ ခနလောက်ပေါင်းစည်း၊ နောက်..ပြန်ကွဲ ပြီး တဖြည်းဖြည်းဝေးကွာသွားကြတဲ့ မျဉ်းကြောင်းတွေလည်း ရှိမှာပါ။ 

ဒီအကြောင်းတွေနဲ့ ဆက်စပ်နေတဲ့ ကဗျာလေးတစ်ပုဒ်ကို နားဆင်ကြည့်ကြပါဦး။ နာမည်က "ညီမလေး မြို့ပြ" တဲ့။





Comments

  1. ချောင်းငါး

    ReplyDelete
  2. တော်လှန်ရေးရဲဘော်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းလိုရာဆန္ဒပြည့်ဝကြပါစေ။
    စစ်ခွေးများ မျိုးတုန်းကြပါစေ။

    ReplyDelete
  3. ဒီလိုပါဘဲအဆုံးသတ်မကောင်းဘူးထင်ရင် အစကထဲကမျဥ်းပြိုင်တွေလိုသီးသန့်နေနိုင်အောင်ကြိုးစားခဲ့သင့်တာ

    ReplyDelete
  4. အရေးတော်ပုံ အောင်ရမည်

    ReplyDelete
  5. တတိယအကြိမ်မြောက် ရောက်ရှိခြင်း

    ReplyDelete
  6. "ဘုရားနဲ့တော့ စကားပြောဖို့လိုပြီ"

    ကျည်ဆံတွေမှာ ပန်းပွင့်အောင် လုပ်မပေးနိူင်လည်း
    အိမ်ရှေ့သစ်ပင်မှာသာ
    ကျည်ဆံတွေ သီးအောင် ဖန်ဆင်းပေးတော်မူပါ

    ငြိမ်းချမ်းရေးအတွက် ထွန်ယက်ထားပေမယ့်
    သွေးတွေချည်း လောင်းနေရတယ်
    ပေါင်းမြက်ကို ရှင်းရမယ်ဆိုလည်း
    လုံလောက်တဲ့လက်နက်တော့ ပေးသင့်တယ် မဟုတ်လား

    ငြင်းဆန်ခွင့်မရှိတဲ့စစ်ဆိုလည်း
    မတီးဖြစ်တဲ့ဂီတာကို
    သေနတ်တစ်လက် ဖြစ်အောင်လုပ်ပေးပါ

    တချို့တွေ အမြင့်ကြီးမှာ ပွင့်ဖို့
    တချို့တွေ အောက်ဆုံးကို ခုန်ချခိုင်းနေတယ်
    မှားနေတာ တစ်ခုမကတော့ဘူး
    တစ်ခုခုတော့ လုပ်ဦး

    ကြည့်မကောင်းတဲ့ပွဲ
    လူစားလဲသင့်နေပါပြီ
    နောက်ဆုံးမှာ ဓမ္မက နိူင်မှာပဲဆိုပြီး
    အဓမ္မတွေ လူချကစားနေတာ
    ကြည့်လို့ကောင်းပါသလား

    ဘုရားတွေအချင်းချင်းတွေ့တော့
    ဘာစကားတွေပြောဖြစ်လဲဘုရား
    အချိန်ရရင် အိမ်ဘက်ဝင်ပါဦး
    လျှောက်ထားစရာဟာ ရင်နဲ့မမျှတော့လို့…။

    PK(ကျောင်းစောင့်ကြီး)

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete

Post a Comment