၁၇ ရာစုနှောင်းပိုင်းမှာ ဘူမိဗေဒပညာရှင် Elmond Halley က Hollow Earth theory ကို စတင်အဆိုပြုခဲ့တယ်
ဒီ theory မှာ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ အတွင်းပိုင်း အလယ်ဗဟိုမှာ မြေအောက်ကမ္ဘာတစ်ခု တည်ရှိနေတယ်လို့ ဆိုထားတယ်
အခုချိန်ထိ ဒီ theory ဟာ ဘယ်သူမှ တိတိကျကျ confirm မလုပ်နိုင်တဲ့ ပုစ္ဆာတစ်ခုအဖြစ် ရှိနေတုန်းပါပဲ
အကယ်၍ ဒီ theory က မှန်မယ်ဆိုရင်ရော?
မြေအောက်ကမ္ဘာဆီ ဘယ်လိုသွားမလဲ
မြေအောက်ကမ္ဘာမှာ ဘယ်လို ထူးဆန်းအံ့သြဖွယ်ရာတွေ ရှိနေနိုင်မလဲ
ဒီအကြောင်းကိုတော့ ဆရာကြီး ဒဂုန်ရွှေမျှား ဘာသာပြန်ဆိုထားသော မြေအောက်ကမ္ဘာခရီးမှာ တွေ့ရမှာပါ
ဒီစာအုပ်ထဲမှာ ဘူမိဗေဒပညာရှင် ပရော်ဖက်ဆာလင်ဒင်ဗရွတ်ဟာ နှစ်ပေါင်းသုံးရာကျော် သက်တမ်းရှိတဲ့ စာအုပ်ဟောင်းတစ်အုပ်ထဲကနေ ထူးခြားတဲ့ ဝှက်စာတစ်စောင်ကို ရှာဖွေတွေ့ရှိတာကနေ အစပြုထားပါတယ်
ဒီဝှက်စာလေးကပဲ သူနဲ့ သူ့တူ အိတ်ဇယ်ကို ကမ္ဘာမြေရဲ့ အလယ်ဗဟိုသို့ ခရီးထွက်စေဖို့ အကြောင်းအရင်း တစ်ခု ဖြစ်လာခဲ့တယ်
ပရော်ဖက်ဆာလင်ဒင်ဗရွတ် ၊ တူဖြစ်သူ အိတ်ဇယ် နဲ့ လမ်းပြကြီး ဟန် တို့ ကမ္ဘာမြေကြီးရဲ့ အလယ်ဗဟိုဆီ ခရီးထွက်ရင်း တွေ့ကြုံရတဲ့ စွန့်စားခန်းတွေ အခက်အခဲတွေ ထူးခြားဆန်းကြယ်မှုတွေကို တအံ့တသြနဲ့ ဖတ်ရှုရမှာပါ
ရူပဗေဒနဲ့ ဘူမိဗေဒကို စိတ်ဝင်စားတဲ့သူတွေအတွက် ဒီစာအုပ်က စိတ်ဝင်စားစရာ အတွေးတချို့ကို ပေးနိုင်ပါလိမ့်မယ်
စွန့်စားခန်းကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် မ လွတ်တမ်း ဖတ်သင့်တဲ့ ဘာသာပြန် ဝတ္ထုတစ်အုပ်ပါပဲခင်ဗျ
Review by Octavia

The Journey to the Centre of the Earth
ReplyDeleteဆိုပီး movieလဲရှိတယ်
ဒီဟာကိုပဲပြန်ရိုက်ထားတာထင်တယ်