Skip to main content

နေကြာပန်းလေးတွေအကြောင်း

 




ဒီနေ့မှာတော့ Clickersလေးတွေအတွက် ဗဟုသုတရစေမယ့် နေကြာပန်းလေးတွေသမိုင်းကြောင်းကိုပြောပြပေးမယ်နော်

လူတွေအတွက် ပျော်ရွှင်မှုတွေ ယူဆောင်လာပေးတဲ့ နေကြာပန်းလေးတွေက 1000 B.C.လောက်တည်းက ဒီကမ္ဘာပေါ်မှာရှိနေခဲ့တာပါ။

ရှေးလူတွေဟာ လူသားတွေအတွက်ရယ်၊ငှက်လေးတွေအတွက်ရယ်၊ဆေးဝါးဖော်စပ်ဖို့ရယ်မှာ အသုံးပြုဖို့ နေကြာပန်းလေးတွေကို စိုက်ပျိုးခဲ့ကြတာပါ။ Sunflowerရဲ့  သိပ္ပံနာမည်က Heliuanthus Annuusဖြစ်ပါတယ်။ဂရိလူမျိုးတွေရဲ့ Helios=Sun, Anthos= Flowerဆိုတဲ့ အဓိပ္ပာယ်ကနေ ဆင်းသက်လာတာပါ။လုံးဝန်းနေတဲ့ အဝါရောင် ဝတ်ဆံနဲ့ ပွင့်ဖတ်လေးတွေက တောက်ပနေတဲ့ နေမင်းကြီးနဲ့ တူတဲ့အတွက်ကြောင့် အဲ့လိုခေါ်ခဲ့ကြတာပါ။

အဲ့ခေတ်တုန်းက ကမ္ဘာ့ဆီထွက်သီးနှံတွေထဲက တစ်ခုအပါအဝင်လည်း ဖြစ်တယ်တဲ့။နေကြာ အစေ့လေးတွေကို စိုက်ကြတယ်။ ဆံပင်အတွက်လည်းသုံးခဲ့ကြတယ်။ နောက် ပွင့်ဖတ်နဲ့ဝတ်ဆံတွေကိုလည်း Face paint,clothes&basketsတွေအတွက် ဆေးဆိုးဖို့ အသုံးပြုခဲ့ကြတယ်။

 ချောင်းဆိုးရောဂါ၊ငှက်ဖျားရောဂါ၊Heat stroke treatment အပြင် တခြားရောဂါတွေအတွက် ဆေးဖက်ဝင်ခဲ့ပါတယ်။ ခုခေတ်ထိတောင် အဝလွန်တာ၊ကိုလက်စထရော လျော့ချတာ၊ တချို့သော ဒဏ်ရာအနာတရတွေအတွက် သုံးသေးတယ်နော်။နေကြာအစေ့လေးတွေကလည်း Vitamins,Mineralsနဲ့Antioxidants ဓာတ်တွေ ကြွယ်ဝပါတယ်။ နေကြာပန်းတစ်ပွင့်မှာလည်း အစေ့ပေါင်း 2000 ထိရှိနိုင်ပါတယ်။Sunflowerတွေရဲ့ အသုံးဝင်မှုတွေက အံ့မခန်းပါပဲ။

Mexicoမှာရှိတဲ့Aztecs လူမျိုးတွေဆို နေကြာပန်းပုံတွေကို ဘုရားကျောင်းတွေမှာ ရွှေကွပ်ပီး ထားခဲ့ကြတယ်။ နေကြာပန်းတွေကိုရှိခိုးပူဇော်ခဲ့ကြတယ်။သူတို့မင်းသမီးတွေရဲ့ ခေါင်းမှာလည်း နေကြာပန်းကို သရဖူအဖြစ်တောင် ပန်ဆင်ခဲ့ကြတယ်။ ခုခေတ် မိန်းကလေးတွေဆိုလည်း နေကြာပန်းလေးတွေကို တန်ဖိုးထားကြတယ်နော်:3  

နေကြာပန်းလေးတွေက နက်ရှိုင်းတဲ့ ချစ်မေတ္တာ၊သစ္စာရှိမှု၊ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်မှု၊အကောင်းမြင်စိတ်ရှိခြင်း စတာတွေကို ကိုယ်စားပြုပါတယ်။

အခုလောက်ဆို နေကြာပန်းလေးတွေ အကြောင်း အနည်းငယ်သိသွားလောက်ပီထင်ပါတယ်။ နောက်နေ့တွေလည်း စိတ်ဝင်စားစရာtopicsလေးတွေအကြောင်း ဖတ်ရဦးမှာမလို့ ဝင် clickပေးကြပါဦးရှင်။

Sunflower loversလေးတွေအတွက် Adminအကြိုက် Quotesတွေလည်း လက်ဆောင်ပေးလိုက်ပါတယ်









Comments

Post a Comment