Skip to main content

ကျွန်းမြို့မှတ်စု - မောင်ယုပိုင်

 

စာအုပ်တစ်အုပ်ဖတ်နေရတယ်ဆိုတာထက် ကိုယ်မရောက်ဖူးတဲ့ နေရာဒေသက သူစိမ်းတစ်ယောက်နဲ့ ဆုံပြီး သူ့ဘဝအကြောင်းတွေ တမေ့တမောပြောပြနေသလိုမျိုး၊ ဟိုးလွန်ခဲ့သောနှစ်အချို့ဆီက ဒိုင်ယာရီလေးတစ်အုပ်ကို အမှတ်မထင်ကောက်ရလို့ ထိုင်ဖတ်နေရသလိုမျိုး ခံစားချက်ကို ရစေမှာအမှန်ပါပဲ။ 

    တချို့နေရာတွေ အံ့သြရင်း တချို့နေရာတွေဆို လွမ်းဆွတ်ရင်း  ပြီးမှန်းမသိပြီးသွားမယ့် စာအုပ်​တစ်အုပ်ပါ။

    စာရေးသူရဲ့ ဘဝဖြတ်သန်းမှူ အပိုင်းအ​စလေးတွေကို တစ်စစီလိုက်ကောက်ဆက်ရင်း အရာရာဟာ စနစ်တကျပုံပေါ်လာသလိုပါပဲ၊ ၈၀ ၉၀ခုနှစ်များဆီက ပုံရိပ်တွေ ရုပ်ဝတ္ထုပစ္စည်းတွေ မတိုးတက်ခင်က ရိုးရှင်းတဲ့ဖြတ်သန်းမှူတွေ စစ်အုပ်ချုပ်ရေးကာလ ဘုန်းတန်ခိုးကြီးမားခဲ့စဥ်မှာ ဖြတ်သန်းခဲ့ရတဲ့ လူငယ်ဘဝ မြန်မာပြည်တောင်ဘက်စွန်းက ကျွန်းမြို့လေးရဲ့ နေ့ နဲ့ညတွေ အရာအားလုံးဟာ စိတ်အာရုံထဲ တရိပ်ရိပ်ပေါ်လာပါလိမ့်မယ်။ 

    လူတွေဟာ ပစ္စုပ္ပန် မှာနေပြီး အတိတ်ကိုလွမ်းတတ်ကြတဲ့သူတွေ မဟုတ်လား။

    ဒီစာအုပ်လေးဖတ်ပြီး ပြန်မရနိုင်တော့တဲ့ ငယ်ဘဝနေ့ရက်တစ်စုံတစ်ရာကို ပြန်တမ်းတမိကြလိမ့်မယ်လို့ အာမခံပြီး အပြည့်အဝ recommendပေးပါတယ်


Comments