![]() |
ကျွန်တော်တို့ဘဝမှာ ကိုယ်တကယ် နှစ်နှစ်ကာကာချစ်ခဲ့ရတဲ့လူတစ်ယောက်တော့ ရှိဖူးကြမယ်ထင်တယ်။တစ်ချို့ကလည်း အဲ့ဒီလူနဲ့နီးစပ်ခွင့်ရကြတယ်။တစ်ချို့ကလည်း စွန့်လွှတ်လိုက်ကြရတယ်။ဒီစာအုပ်ထဲက " စုစုထွေး " ဆိုတဲ့ ဇာတ်ကောင်ကရော ဘယ်လိုဖြစ်မယ်ထင်လဲ။ ချစ်ရတဲ့ " မောင့် " ကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်ထင်သလား။ တကယ်တော့ ဆရာမဂျူးလို့ ပြောတာနဲ့ ဒီ " အမှတ်တရ " ဆိုတဲ့ စာအုပ်ကို ပြေးမြင်ကြလောက်အောင်အထိ ဒီစာအုပ်ဟာ အောင်မြင်မှုအရမ်းများခဲ့ပါတယ်။ မကြိုက်တဲ့သူတွေတော့လည်း ရှိကြတာပေါ့လေ။ဒါကတော့ ထုံးစံပါပဲ။ ကျွန်တော်တို့သူငယ်ချင်းတွေကြားမှာဆို ပြောတဲ့စကားရှိတယ်ဗျ။ စိတ်အခြေအနေမကောင်းရင် ဒီစာအုပ်ကို မဖတ်နဲ့ တဲ့။ ဘာလို့ဆို ဖတ်ပြီးတာနဲ့ ရင်ထဲမှာစို့စို့နင့်နင့်ကြီး ကျန်နေခဲ့တာကိုး။ ကျွန်တော့်သူငယ်ချင်းတို့အတွဲဆို ဒီစာအုပ်ဖတ်ပြီးတာနဲ့ ရန်ထဖြစ်ကြတယ်ဆိုပဲ:3 ဒီစာအုပ်ထဲက ဇာတ်ကောင်တွေဟာ အရမ်းကိုလက်တွေ့ဆန်ပါတယ်။ ဇာတ်လမ်းကလည်းရိုးရိုးလေးပါပဲ။ အဲ့တာမို့လည်း စာဖတ်သူတွေရဲ့ရင်ထဲကို ပိုထိစေတယ် ထင်တာပါပဲလေ။ဘာဖြစ်ဖြစ်ပါ သေချာတာတစ်ခုကတော့ ဒီစာအုပ်ကိုဖတ်ပြီးတာနဲ့ စာဖတ်သူတွေရဲ့တစ်စုံတစ်ယောက်ကို သေချာပေါက်ပြန်လွမ်းသွားပါလိမ့်မယ်။
ဘယ်သူမှန်းမရေရာတဲ့ တစ်စုံတစ်ယောက် … အချစ်လား .. အမုန်းလား …. ပြန်ဆုံကြဦးမလား …
Done 🤍
ReplyDelete