Skip to main content

မမ - မြသန်းတင့်

 


ကျွန်တော်တို့ကိုယ်စီမှာ အမှောင်ဘက်ခြမ်းဆိုတာ ရှိတတ်ကြပါတယ်။ ကျွန်တော်တို့ကို တခြားသူတွေ မြင်စေချင်တဲ့ပုံစံတွေ၊ ကျွန်တော်တို့ လုပ်သင့်တယ်ဆိုတဲ့အရာတွေက အ​လင်းဘက်ခြမ်းမှာဆို ကျွန်တော်တို့ အသိစိတ်က  မဖြစ်သင့်ဘူး ဆိုတဲ့ ဆန္ဒတွေ၊ လူ​မြင်မခံချင်တဲ့ ကိုယ့်ရဲ့ weaknessတွေဟာ အမှောင်ခြမ်းတွေပေါ့။ တခါတလေ ကိုယ်တိုင်မဖြစ်သင့်မှန်းသိပေမယ့် ဆန္ဒတစ်ခုကို မထိန်းချုပ်နိုင်တော့တဲ့အခါ ရလဒ်ကရော ဘယ်လိုဖြစ်လာမှာလဲ။ 

ဒီစာအုပ်ထဲက တိုင်းမင်းကြီးကတော် မမဟာ လင်ယောကျ်ား ရှိပါရက်နဲ့ ကထိက ကိုသက်ဆွေနဲ့ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ၂ယောက်လုံးဟာ မှားမှန်းသိပါရက်နဲ့ အရာရာကို မျက်စိမှိတ်ပြီး ရင်ဆိုင်ခဲ့ကြပါတယ်။ဒါက အချစ်ရော ဟုတ်ရဲ့လား၊ ခဏတာတပ်မက်မှုတစ်ခုဆီက ရုန်းမထွက်နိုင်ခဲ့ကြတာလား၊

အိမ်ထောင်တစ်ခုပျက်စီးပြီးမှ ရလာမယ့် သူတို့ရဲ့ပျှော်ရွှင်မှုကရော စစ်မှန်ပါ့မလား၊ဒါကအချစ်ရော ဟုတ်ရဲ့လား၊ ခဏတာတပ်မက်မှုတစ်ခုလား၊ လူကျင့်ဝတ်တချို့ကို ဖောက်ပြားပြီးမှ လိပ်ပြာရော လုံနိုင်ပါ့မလားဆ်ိုတာ ဆိုတာ စာဖတ်သူလည်း ဖတ်ရှုပြီး တွေးတောကြည့်နိုင်ဖို့ ဒီစာအုပ်ကို recommendပေးလိုက်ပါတယ်။



Comments

Post a Comment