"မိုးလင်းစ မနက်ရဲ့အရုဏ်ချိန်မှာ
အိပ်မက်ကနိုးလာ
အခန်းလေးထဲ မင်းမရှိပါ
စမ်းချောင်းလေးဘေးက နာကျင်နေတဲ့ပန်းပွင့်လေးများကြွေကျ
လေပြည်တွေထဲမှာ…"
ဒီသံစဉ်လေးကိုတော့ အနုပညာနဲ့မစိမ်းတဲ့သူတွေ ညဘက်ဂစ်တာဝိုင်းတွေဆီမှာ ကြားဖူးကြမယ် ထင်ပါတယ်။ သိပ်လှတဲ့ကဗျာစာသားလေးတွေကို သီချင်းအဖြစ် ဖန်တီးထားသလိုခံစားရတဲ့ သိပ်ကိုနူးညံ့သိမ်မွေ့တဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။
သူ့နာမည်လေးကတော့ "နွေဦးပုံပြင်" တဲ့။
မိုးစက်လေးတွေတဖြောက်ဖြောက်ရွာသွန်းနေတဲ့အချိန်မှာပဲဖြစ်စေ၊ အေးမြမြဆောင်းညလယ်တွေမှာပဲဖြစ်စေ နားထောင်လိုက်တိုင်း နွေဦးပေါက်ရဲ့အစကိုရောက်ရှိသွားပြီး သစ်ရွက်ကြွေတွေကိုငေးရင်း တစ်စုံတစ်ရာကို လွမ်းမောရတဲ့ ခံစားချက်တစ်ခုကို ရရှိစေတဲ့သီချင်းတစ်ပုဒ်ပါပဲ။ယောက်ျားလေးတွေဂစ်တာဝိုင်းမှာတော့ သံပြိုင်သီဆိုကြရင်း ဆွေးရတာပေါ့လေ။
ဒီလိုလှပတဲ့ သီချင်းလေးတစ်ပုဒ်ကို ဖန်တီးခဲ့သူကတော့ တေးရေး၊တေးဆို ကိုအောင် ပဲ ဖြစ်ပါတယ်။ကြယ်ပြာလေးနဲ့ဝေးတဲ့နောက်၊ ကြယ်တွေစုံတဲ့ည၊ အရင်ကဇာတ်လမ်းလေး စတဲ့ နာမည်ကြီးသီချင်းများစွာကို ဖန်တီးခဲ့သူဆိုရင်လည်း မမှားပါဘူး။
ကဲ… clickလည်းနှိပ်ရင်း သိပ်ချစ်စရာကောင်းသလိုလွမ်းလည်းလွမ်းရတဲ့ သီချင်းလေးကို ခုပဲနားထောင်ကြည့်လိုက်ရအောင်နော်...။
Lets Chill
ReplyDelete