ဒီစာအုပ်က စာရေးဆရာမ မသီတာ(စမ်းချောင်း) ရဲ့ ထောင်တွင်းအတွေ့အကြုံစာအုပ်ပါ။
၈၈၈၈ အရေးတော်ပုံကြီး စတင်ဖြစ်ပေါ်လာပုံအပြင် ကျောင်းသူဘဝနဲ့ သူမ မည်သို့ပါဝင်ခဲ့ပုံတွေ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ရဲ့ ကနဦးကာလတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပုံတွေကို စာအုပ်ထဲမှာ ဖတ်ရှုရမှာဖြစ်ပါတယ်။
ဒါ့အပြင် ပါတီရဲ့စည်းရုံးရေးခရီးစဥ်များအကြောင်းနှင့် ခရီးစဥ်တစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကိုလည်း စိတ်ဝင်စားဖွယ် ရေးသားထားတာဖြစ်ပါတယ်။
မတရားသဖြင့်အမှုဆင်ခံရပြီးနောက် အင်းစိန်ထောင်မှာ အကျဥ်းချခံရသော်လည်း ထောင်အတွင်း အဆင်ပြေအောင် တွေးတောကြံဆနေထိုင်ရပုံတွေ ၊ထောင်တွင်းဝန်ထမ်းတွေနဲ့ အကျဥ်းသားတွေအကြောင်း ၊ ထောင်တွင်းမှာကျန်းမာရေးဆိုးရွားခဲ့ရသဖြင့် ဆေးကုသခွင့်ရအောင် ကြိုးစားရပုံတွေ အပြင် ထောင်ကျနေစဥ် အတွင်း တစ်နေ့ကို နာရီ ၂၀နီးပါး တရားအားထုတ်ခဲ့ပုံတွေပါ ဖတ်ရှုရမှာပါ။
ဒီစာအုပ်ထဲမှာ လွန်ခဲ့တဲ့ နှစ် ၂၀ က ကမ္ဘာ့သတင်းတွေ အိမ်နီးချင်းနိုင်ငံတွေရဲ့ သတင်းတွေကိုပါ မြန်မာ့နိုင်ငံရေးဖြစ်စဥ်တွေကြားမှာ အချိန်နဲ့တကွ ဖော်ပြသွားပါသေးတယ်။
ဒါကို ဆရာကြီးဟံသာဝတီဦးဝင်းတင်က "ပေါင်မုန့်ညိုမာကြားမှာ အဆီတစ်ထပ် ၊ အသားတစ်ထပ် ၊ အရွက်တစ်ထပ် ၊ ဒိန်ချဥ်တစ်ထပ် ၊ အစီအရီထပ်ပြီး အားရပါးရဟပ်ရသလို အရသာရှိတယ်။ " လို့ပင် ညွှန်းဆိုထားပါတယ်။
အခုလို တော်လှန်ရေးကာလမှာ ဖတ်သင့်တဲ့ ရသပြည့်လျှံတဲ့ နိုင်ငံရေးနောက်ခံစာအုပ်ကောင်းတစ်အုပ် ဖြစ်တဲ့အတွက် ဖတ်ရှုကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။
Done 🤍
ReplyDelete