Skip to main content

စိတ်အဆင်မပြေမှုတွေ များလာတဲ့အခါ



👉စိတ်အဆင်မပြေမှုတွေများလာသောအခါ👈


     စိတ်ညစ်မှု၊ စိတ်အဆင်မပြေမှုတွေကလူတိုင်းမှာရှိကြပါတယ်။  အခုလိုကာလကြီးမှာပိုဆိုးပါတယ်။စိတ်ညစ်တာစိတ်အဆင်မပြေတာတွေက ပိုဆိုးလာတဲ့အခါမှာ ဘဝကိုအရှုံးပေးတဲ့နည်းလမ်းတွေကို စတင်တွေးတတ်ကြပါတယ်။အဲလိုမျိုးဖြစ်လာပြီဆိုရင်တော့ ဆွေးနွေးကုသမှုခံယူသင့်ပါပြီ။

   စိတ်အဆင်မပြေမှုများအတွက်အကြံပေးချင်တာတွေက-

    ဘာအကြောင်းကအဆင်မပြေဖြစ်တာလဲစဉ်းစားပါ -ကိုယ်စိတ်ကိုအဆင်မပြေဖြစ်စေတဲ့အရာတွေက ကိုယ်ထိန်းချုပ်လို့ရတဲ့အခြေအနေဆိုရင်ပြန်ပြီးထိန်းချုပ်ပါ။ ကိုယ်ထိန်းချုပ်လို့မရတဲ့အခြေအနေတွေအတွက်ပူပန်မှုတွေကိုမတွေးမိအောင်နေပါ။

  တရားထိုင်ပါ - စိတ်အဆင်မပြေဖြစ်နေတဲ့အခါတခဏလောက် ဝင်လေထွက်လေလေးကိုမှတ်လိုက်ခြင်းက စိတ်တည်ငြိမ်မှုတချို့ကိုရရှိနိုင်ပါတယ်။

  တရားနာပါ - သက်ဆိုင်ရာဘာသာအလိုက်ဟောပြောဆုံးမှုများကိုနာယူပါ။ တရားက စိတ်ကိုအေးချမ်းစေပါလိမ့်မယ်

   အနားယူပါ -ကိုယ့်စိတ်ကိုဘာမှမတွေးပဲသီချင်း နားထောင်နေတာ ဇာတ်ကားကြည့်တာ အစရှိသဖြင့်အနားယူပါ။

    တစ်ယောက်တည်းမနေပါနဲ့ -စိတ်အဆင်မပြေမှုတွေဖြစ်တဲ့အခါမှာ ကိုယ့်တစ်ယောက်တည်းခံစားနေတာထက်စာရင် ကိုယ့်ကိုနားလည်မယ့်သူငယ်ချင်းတစ်ယောက်ယောက်ကို ရင်ဖွင့်တာအကောင်းဆုံးပါ။ ကိုယ့်ကိုလာပြောရင်လည်း သေချာနားထောင်ပေးပါ၊ သူတစ်ပါးခံစားချက်ကိုမလှောင်မိဖို့အရေးကြီးပါတယ်။

    လေ့ကျင့်ခန်းတစ်ခုခုပုံမှန်လုပ်ပါ -ဘာအလုပ်အကိုင်မှမရှိနေတာကပိုပြီးစိတ်အဆင်မပြေဖြစ်စေပါတယ်။ အားနေလို့စိတ်အဆင်မပြေတာတွေတွေး နေမယ့်အစား လေ့ကျင့်ခန်းပြောင်းလုပ်လိုက်ပါ

    ကုသမှုခံယူပါ - ကိုယ့်စိတ်ကဘယ်လိုမှကိုအဆင်မပြေတော့ဘူး ဆိုရင်တော့ ကျွမ်းကျင်တဲ့ စိတ်ရောဂါကုဆရာဝန် Psychiatrist  (သို့)  Psychotherapist တွေနဲ့တိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုကိုခံယူပါ။

မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးဆရာဝန်လို့(psychiatrist) ပြောရင် လူတိုင်းက ရူးနေတဲ့သူတွေအတွက်ပြကြတာလို့ ထင်မှတ်ကြပါတယ်။ လူတော်တော်များများ Psychiatrist  Psychotherapist တွေကိုပြဖို့ရှက်ကြတယ် ကိုယ်ပြတာတွေ့သွားရင် ကိုယ့်ကိုအရူးလို့ထင်သွားမလားလို့ဆိုတဲ့အတွးတွေရှိကြပါတယ်။ စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြခြင်းမှသာ စိတ်အဆင်မပြေမှုကြောင့်ဖြစ်စေတဲ့ ဆိုးရွားတဲ့အခြေအနေတွေကနေ သင့်ကိုကယ်တင်နိုင်မှာဖြစ်ပါတယ်။

@BoB

Comments