ယခုအပတ်မှာတော့ ဘောလုံးချစ်သူပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ UEFA ချန်ပီယံလိဂ် အုပ်စု ပွဲစဥ်တွေ စတင်ကစားကြတော့မှာဖြစ်ပါတယ်။
ပွဲကောင်းတွေအများကြီးထဲကမှ
အီတလီစီးရီးအေ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းနဲ့ လာလီဂါမှ စပိန်ဘီလူးကြီး ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ ဆန်စီရိုကွင်းကြီးထဲမှာ ယှဥ်ပြိုင်ကြမယ့်ပွဲစဥ်ဟာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲပဲဖြစ်ပါတယ်။
အိမ်ရှင် အင်တာမီလန်အသင်းက ရာသီအစစီးရီအေ ၃ ပွဲမှာ ၂ ပွဲနိုင်ပြီး ၁ပွဲသရေကျထားပါတယ်။
ပြီးခဲ့တဲ့ ရာသီက စီးရီးအေချန်ပီယံဖြစ်အောင် နည်းပြပေးခဲ့တဲ့ နည်းပြ ကွန်တီနဲ့ အားထားရတဲ့ တိုက်စစ်မှူး လူကာကူကို ဆုံးရှုံးထားရပေမယ့် နဂိုကစားသမားအင်အားတောင့်တင်းတာမလို့ နည်းပြသစ် အင်ဇာဂီ လက်ထက်မှာလည်း ခြေစွမ်းကယိုင်ထွက်မထားတာကိုတွေ့ရတယ်။
၃-၅-၂ ကစားကွက်ကို ကစားခဲ့တဲ့ ၃ပွဲလုံးမှာသုံးခဲ့ပြီးတော့ တိုက်စစ် က ၉ဂိုးသွင်းထားပြီး ခံစစ်က ၃ဂိုးပေးထားရပါတယ်။
တိုက်စစ်မှာ အသစ်ခေါ်ယူထားတဲ့ ကယ်ဟာနိုဂလူ ၊ ဇက်ကို နဲ့ ကော်ရဲရားတို့ကလည်း အသင်းနဲ့ အလျင်အမြန်အထိုင်ကျနေပြီး ခြေစွမ်းပြနေပါတယ်။
၃ -၅-၂ ကစားကွက်ရဲ့ တောင်ပံ ၂ဖက်မှာ ပါရီဆစ်နဲ့ ဒါမီရန်ကို ပြီးခဲ့တဲ့ ၃ ပွဲလုံးမှာ အသုံးပြုခဲ့ပါတယ်။၂ ယောက်လုံးရဲ့တိုက်စစ်စွမ်းဆောင်ရည်ကောင်းမွန်ပေမယ့် ခံစစ်ပိုင်းကလိုအပ်ချက်တွေရှိနေပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ဆမ်ဒိုးရီးယားနဲ့ပွဲမှာဆိုရင် ဒီလိုအပ်ချက်တွေကြောင့်ပဲ ချေပဂိုးတွေ ပေးခဲ့ရပြီး သရေကျခဲ့ရတာပါ။
တစ်ဖက်မှာလည်း ရီးရဲမက်ဒရစ်အသင်းက ရာသီအစ လာလီဂါ ၄ ပွဲမှာ ၃ ပွဲနိုင်ပြီး ၁ ပွဲသရေကျထားပါတယ်။
နည်းပြအန်ဆလော့တီပြန်ကိုင်တွယ်တဲ့တစ်လျှောက် ၄-၃-၃ ကစားကွက်ကိုအသုံးများပြီးတော့တိုက်စစ်က ၁၂ ဂိုးသွင်းထားပြီး ခံစစ်က ၆ ဂိုးပြန်ပေးထားရပါတယ်။
ဘန်ဇီးမား ၊ ဗင်နီစီရှပ် တို့ရဲ့ တိုက်စစ်က ဒီရာသီမှာ တော်တော်အစွမ်းပြနေပြီး ဘန်ဇီးမားက ၄ပွဲမှာ ၅ဂိုးသွင်း ၄ဂိုးဖန်တီးထားပြီး ဗင်နီစီရှပ်က ၄ဂိုးသွင်းထားပါတယ်။ ဒါ့အပြင်ဟာဇက်လည်းခြေပြန်မှန်နေပါတယ်။
တိုနီကရူး ဒဏ်ရာကြောင့်ပါဝင်နိုင်မှာမဟုတ်ပေမယ့် မိုဒရစ် ၊ ကတ်စမဲရိုး ၊ ကာမာဗင်ဂါ နဲ့ ဗယ်ဗာဒီတို့ရှိတဲ့ကွင်းလယ်က အားလျော့စရာတော့မရှိပါဘူး။
ဒီရာသီ အသင်းအတွက်ကြီးကြီးမားမားခေါ်ယူမှုလို့ပြောရမယ့် ကာမာဗင်ဂါကလည်း ဆယ်တာဗီဂိုနဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပြီး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
ရာမို့စ် မရှိတော့တဲ့ ရီးရဲမက်ဒရစ် နောက်တန်းကတော့ အတော်အားနည်းသွားပါတယ်။
ပြီးခဲ့တဲ့ ဆယ်တာဗီဂိုနဲ့ပွဲမှာဆို တစ်လုံးပေါက် တစ်ဂိုးပေးလိုက်ရတာမျိုးဖြစ်နေပါတယ်။
အဓိကကဗဟိုခံစစ်ပါ။ ဆယ်တာဗီဂိုနဲ့ပွဲမှာဆိုရင် မီလီတာအိုကကောင်းသလောက် နာချိုဖာနန်ဒက်စ်ကအမှားများနေပါတယ်။
အသစ်ခေါ်ထားတဲ့ အလာဘာကလည်း ဗဟိုခံစစ်မှာ ဆော့ရတဲ့ပွဲထက် ဘယ်နောက်ခံလူနေရာမှာ ဆော့ရတဲ့ပွဲကများနေပါတယ်။
မီလီတာအိုနဲ့ နားလည်မှုရဖို့တော့အချိန်ယူရဦးမှာပါ။
အင်တာမီလန်က အိမ်ရှင်ဖြစ်တာကြောင့် အနည်းငယ်အသာစီးရနိုင်ပေမယ့် ရီးရဲမက်ဒရစ်ရဲ့ လက်ရှိကစားအားက အတော်လေးကောင်းမွန်နေပါတယ်။ ၂ သင်းလုံးက ခံစစ်မှာ လိုအပ်ချက် အားနည်းချက်ကိုယ်စီနဲ့မလို့ အမှားနည်းနဲ့အသင်းက အသာရမှာပါပဲ။ တိုက်စစ်ကတော့ ထက်မြက်တဲ့အသင်းတွေမလို့ ၂သင်းလုံးဂိုးရမယ်လို့တော့ ထင်မြင်မိပါတယ်။ အနိုင်ဆိုရင် ဧည့်သည် ရီးရီမက်ဒရစ်ကိုပဲ ရွေးချယ်လိုက်ပါတယ်။
ခန့်မှန်း ပွဲထွက် ၁၁ ယောက်
အင်တာမီလန်
ဂိုး - ဟန်ဒနိုဗစ်
ခံစစ် - စကရီနီယာ, ဒီဗာချ်,ဘာစတိုနီ,ပယ်ရီစစ်,ဒါမီရန်
ကွင်းလယ် - ဘရယ်လာ , ဗရိုဇိုဗစ် , ကယ်ဟာနိုဂလူ
တိုက်စစ် - ကော်ရဲရား , မာတီနက်
ရီးရဲမက်ဒရစ်
ဂိုး - ကော်တိုရစ်
ခံစစ် - ကာဗာဟယ်,မီလီတာအို,အလာဘာ,နာချို
ကွင်းလယ် - မိုဒရစ်,ကတ်စမဲရိုး,ဗယ်ဗာဒီ
တိုက်စစ် - ဟာဇက်,ဘန်ဇီးမား,ဗင်နီစီရှပ်
ကစားမည့်ကွင်း - ဆန်စီရိုကွင်း
မီလန်မြို့ ၊ အီတလီ
အချိန် - စက်တင်ဘာ ၁၆ရက် ၊
ကြာသပတေးနေ့
မြန်မာစံတော်ချိန်နံနက် ၁နာရီခွဲ
ဒိုင် - ဒန်နီရယ်စီးဘတ်
Comments
Post a Comment