Skip to main content

လမ်းခွဲပြီးတဲ့နောက်

 


လမ်းခွဲပြီးတဲ့အခါ မိန်းကလေးတွေ ဘာလို့ ပိုလှလာကြတာလဲ?


ဒီ Topic လေးကိုတော့ ယောက်ျားလေးတော်တော်များများ သိချင်နေကြမယ်လို့ ထင်ပါတယ်။ ကိုယ့်ကောင်မလေးက ကိုယ်နဲ့တွဲနေတုန်းထက် ကိုယ်နဲ့လမ်းခွဲပြီးသွားတဲ့အချိန်မှ ဘာလို့အရင်ကထက်ပို ပိုလှလာရလဲပေါ့လေ။ တကယ်တော့ မိန်းကလေးတိုင်းမှာ ပင်ကိုအလှကိုယ်စီ ရှိကြပြီးသားပါ။ ဒါပေမယ့် မိန်းကလေးတွေဟာ များသောအားဖြင့် relationshipတစ်ခုရှိနေတဲ့ချိန်မှာ ကိုယ့်ကိုယ်ကို လှအောင်နေဖို့ ပြုပြင်လေ့ သိပ်မရှိကြတော့ပါဘူး။

"ကိုယ့်ကောင်လေးရဲ့ မျက်လုံးထဲမှာ ငါကတော့ ဘယ်လိုနေနေလှနေမှာပါပဲ ငါ့ကိုသူချစ်တာမို့ ငါထူးပြီးအလှအပပြင်နေဖို့ရာ မလိုလောက်ပါဘူး" စသဖြင့် တွေးလေ့ရှိကြပါတယ်။

အဲ့ဒီမှာပဲ မျက်နှာပြောင်နဲ့ ဖိုသီဖတ်သီအဝတ်တွေ ဝတ်ပြီး ကောင်လေးနဲ့ date သွားလုပ်တာတွေ ရှိလာ‌တာပေါ့လေ။

အဲ ဒီလိုနဲ့ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲကြရတဲ့အခါ အထူးသဖြင့် ကောင်လေးဆီမှာ တတိယလူ ပေါ်လာတာမျိုးကြောင့် လမ်းခွဲရတဲ့ အခါမျိုးမှာဆို မိန်းကလေးတွေက လုံလုံလောက်လောက် အသည်းကွဲပြီးတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ စတင်လုပ်ဆောင်လာကြပါတော့တယ်။

(ဒါတော့ လမ်းခွဲသွားတဲ့ကောင်လေး မခံချိမခံသာဖြစ်အောင် လုပ်ချင်တာမျိုး၊ တတိယလူထက် ကိုယ် ဘယ်လောက်တောင် သာကြောင်း ပြချင်တာမျိုး စတဲ့ မိန်းကလေးတွေရဲ့ မိန်းကလေးဗီဇလေးတွေကြောင့်ပေါ့လေ xD)


တစ်ယောက်တည်း ဖြစ်သွားလို့ အပူအပင်မရှိတော့တဲ့အချိန်မှာ  မိန်းကလေးတွေဟာ Skincareပိုင်းတွေ သေချာအချိန်ပေးပြီး လုပ်လာကြတယ်။ Makeupနဲ့ ပတ်သက်တာတွေ လေ့လာကြတယ်။ ပိုပြီး တောက်ပလာစေမယ့် အဝတ်အစားဒီဇိုင်းတွေ ရွေးချယ်ဝတ်ဆင်လာကြတယ်။ ဝါသနာပါရာလေးတွေကို ပိုအချိန်ပေးလုပ်လာကြပြီး ကိုယ့်အရည်အချင်းတွေ ပိုလင်းလက်လာအောင်ကြိုးစားလာကြတယ်။ ဒီလိုနဲ့ ပင်ကိုရှိတာထက် ပိုပြီးလှအောင် နေတတ်လာကြတယ်။ ပိုပြီးချစ်စရာကောင်းလာကြတယ်။ နောက် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးဖြစ်စေမယ့် dateလေးတွေ လုပ်ကြပြီး ကိုယ်ပျော်နေတဲ့ဓာတ်ပုံလေးတွေ ရိုက်ပြီး social mediaပေါ်မှာ တင်လာကြတယ်ပေါ့နော်။

"ကဲ တစ်ချိန်ကကောင်လေးရေ နင် ငါ လှလာတာကိုမြင်ပြီး အဝေးက ကြည့်နေလိုက်စမ်းပါ ငါ ခုပိုပိုတောက်ပလာပြီး စိတ်ချမ်းသာနေတာကို နင် ငေးကြည့်နေလိုက်စမ်းပါ" ဆိုပြီး ချေချပစ်ကြတယ်ပေါ့လေ။ 

ဒီလိုနဲ့ပဲ မိန်းကလေးတွေက လမ်းခွဲပြီးမှ ပိုလှလာကြတယ်တို့၊ အသည်းကွဲပြီးတဲ့ မိန်းကလေးတွေ ပိုချစ်စရာကောင်းလာကြတယ် ဆိုတဲ့ ဆိုရိုးစကားလေးတွေ ပေါ်ပေါက်လာရပါတော့တယ်ရှင်။



Comments

  1. ဟုတ်ပြီ ဟုတ်ပြီ

    ReplyDelete
  2. သိချင်လို့ ခဏပြတ်ကြည့်လို့ရလား
    အခု RS နဲ့ 😂

    ReplyDelete
  3. မလှလာသေးတာအသဲမကွဲဖူးသေးလို့လား လှလာအောင်လို့ ရည်းစားထားပြီးအသဲကွဲ ကြည့်ရအုံးမယ်

    ReplyDelete
  4. မတွေ မကောင်းဘူး

    ReplyDelete

Post a Comment