Skip to main content

ဆုံနေရက်နဲ့ လွမ်းလေခြင်း - ဂျုး

 



ဝတ္ထုတစ်ပုဒ်ကိုဖတ်ပြီး စိတ်ထဲမောသွားဖူးလား။


ဝတ္ထုရဲ့ဇာတ်သိမ်းကိုရော မချင့်မရဲဖြစ်ဖူးလား။


မဖြစ်ဖူးသေးဘူးဆိုရင်တော့ ဆရာမဂျူးရဲ့ "ဆုံနေရက်နဲ့လွမ်းလေခြင်း" ဆိုတဲ့ ဝတ္ထုကိုဖတ်ကြည့်လိုက်ပါဦး။အများစုသိကြတဲ့ လာဗင်ဒါပန်းခင်းကြီးတွေအကြောင်းပါတဲ့ ဝတ္ထုပေါ့။




ဝတ္ထုနာမည်လေးကိုက စိတ်ဝင်စားစရာပါပဲ။ဆုံနေကြရက်သားနဲ့ ဘာတွေကိုများ လွမ်းနေကြသေးတာလဲ။ မိန်းမဝါဒီသမားလို့ အများစုက ဝေဖန်ကြတဲ့ ဆရာမဂျူးရဲ့ အချစ်ဝတ္ထုကောင်းတစ်ပုဒ်ပါ။အဆွေးဓာတ်ခံရှိတဲ့လူတွေကတော့ ဖတ်ပြီး လွမ်းလွမ်းဆွေးဆွေးလေးခံစားကြပေါ့။




ဒီဝတ္ထုရဲ့ အဓိကဇာတ်ကောင်နှစ်ယောက်က


တပည့်တွေရဲ့ဘဝဖြတ်သန်းနေထိုင်ပုံတွေကို ၇ နှစ်တစ်ကြိမ် မှတ်တမ်းတင်ပြီးသုတေသနပြုလုပ်နေတဲ့ မူလတန်းပြဆရာမဒေါ်ခင်ခင်မေရဲ့တစ်ဦးတည်းသောသမီး


"အင်ကြင်းဝေ" နဲ့ အင်ကြင်းဝေထက် ၇ နှစ်ငယ်တဲ့ မိဘမဲ့ကျောင်းသားလေး " သက်ဝေ " 




အင်​ကြင်းဝေဟာ သူ့အမေမကြိုက်မှန်းသိပေမယ့် ငယ်ငယ်လေးကတည်းက မိဘတွေမရှိတော့တဲ့ မောင်သက်ဝေအပေါ်မှာ အစ်မတစ်ယောက်လိုဂရုစိုက်ပေးခဲ့တယ်။ အစစအရာရာဆုံးမတယ်။စာတွေဖတ်ခိုင်းတယ်။ ကိုယ်တိုင်လည်းစာတွေသင်ပေးတယ်။ မောင်သက်ဝေကလည်း အင်ကြင်းဝေကိုအရမ်းတွယ်တာတယ်။အင်ကြင်းဝေစကားဆို အမြဲနားထောင်တယ်။သူ့အတွက်တော့ အင်ကြင်းဝေဟာ သူ့ဘဝမှာ တစ်ဦးတည်းသောယုံကြည်အားကိုရာဖြစ်ခဲ့တယ်။


အင်ကြင်းဝေကို မမ လို့ပဲ အမြဲခေါ်တယ်။




ကလေး ၂ ယောက်အရွယ်ရောက်လာတော့ နှစ်ယောက်ကြားက အဖြူရောင်သံယောဇဥ်ကနေ ၁၅၀၀ အချစ်အဖြစ်ပြောင်းလဲသွားတယ်။မောင်သက်ဝေဟာ သူ့မမကို သူ့အချစ်တွေအကြောင်းထုတ်ပြောရှာတယ်။


ဒါပေမယ့် အင်ကြင်းဝေက ငယ်ငယ်ကတည်းက သူ့အမေကိုပေးခဲ့ဖူးတဲ့ကတိတစ်ခုကြောင့် သူဟာမောင်သက်ဝေကို မောင်လေးတစ်ယောက်လိုပဲချစ်ပါတယ်လို့ ညာတယ်။




နောက်ထပ်အချိန်တွေအကြာကြီး မောင်သက်ဝေဟာ သူ့မမအနားမှာပဲ အရိပ်တကြည့်ကြည့်နဲ့ ကပ်တွယ်ပြီးနေခဲ့တယ်။ဒါပေမယ့် အင်ကြင်းဝေက သူ့ကိုယ်သူရော သက်ဝေ့ကိုရော ညာနေတုန်းပဲ။ သူ့ခံစားချက်အစစ်အမှန်တွေအကြောင်း ထုတ်မပြခဲ့ဘူး။


နောက်တော့ မောင်သက်ဝေက ဟိုးအဝေးကြီးတစ်နေရာကို ထွက်သွားတယ်။သူသိပ်ချစ်ရတဲ့မမကို ထားသွားပြီးတော့ပေါ့။




သက်ဝေက မမဆီကို ဘယ်တော့မှပြန်မလာတော့ဘူးလား။


အင်ကြင်းဝေကရော သူ့ခံစားချက်တွေကို ထုတ်မပြတော့ဘူးလား။အင်ကြင်းဝေရဲ့အချစ်က ဘယ်လိုမျိုးလဲ။ ဒီစာအုပ်ကိုဖတ်ပြီးရင်တော့ ​စိတ်ထဲမှာအတွေးတွေအများကြီးကျန်ရစ်လိမ့်မယ်။


အချစ်ရဲ့ မတူညီတဲ့ပုံစံနှစ်မျိုးကိုလည်း တွေ့လိမ့်မယ်။


ပြီးတော့ လူတွေရဲ့အတ္တတွေ။ကိုယ်တိုင်ဖတ်ကြည့်လိုက်တာ အကောင်းဆုံးပါပဲ။သာမန်ချစ်ကြိုက်ကွဲ ဝတ္ထုမျိုးမဟုတ်တာမို့ ဖတ်ရကျိုးနပ်မှာပါ။




အင်ကြင်းဝေက သာမန်မိန်းကလေးတွေလို အချစ်ကိုကိုးကွယ်တဲ့သူမျိုးမဟုတ်ခဲ့ဘူး။သူ့ဘဝမှာ အချစ်ထက်အရေးပါတာတွေ အများကြီးပဲ လို့ခံယူထားတဲ့သူမျိုး။ပြီးတော့ သူသိတဲ့ချစ်ခြင်းမေတ္တာဆိုတာ မောင်သက်ဝေသိတဲ့ ချစ်ခြင်းမေတ္တာနဲ့ ပုံစံမတူဘူး တဲ့။မောင်သက်ဝေအတွက်တော့ သူ့မမက နားလည်ရခက်တဲ့သူမျိုးဖြစ်ခဲ့မှာပဲ။ချစ်ပါလျက်နဲ့ ဝေးကြရမယ့်လမ်းကို ရွေးသတဲ့။




နောက်ဆုံးမှတ်မိနေတဲ့ အင်ကြင်းဝေပြောတဲ့စကားလေး


"ကျွန်မတို့ ဘာကြောင့်ဝေးရတာလဲ။လက်မထပ်ဖြစ်လို့ပေါ့ ဟူသော ခပ်လွယ်လွယ်အဖြေကိုပေးလျှင် မောင် မဲ့ပြုံးပြုံးလေမလား" တဲ့။ 



 pdf link




Comments

Post a Comment