Skip to main content

'ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ' - နုနုရည်အင်းဝ

 


စာအုပ်က ဘယ်လောက် ထိတယ်ဆိုရင်..

Review က နှစ်ခုတောင်ဗျ 


ဒီစာအုပ်လေးထဲမှာပါတဲ့ ဝါခေါင်းလဆန်း၈နေ့က စတင်ကျင်းပတဲ့ တောင်ပြုန်းပွဲတော် အကြောင်းဟာ မြန်မာရဲ့ အထင်ရှားဆုံး နတ်ပွဲတော်တွေထဲက တခုပဲ ဖြစ်ပါတယ်။ 

နတ်ပွဲတော်ရဲ့ အကြောင်းကို ထဲထဲဝင်ဝင်သိရမယ့် အပြင် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ကြည်နူးစရာ လွမ်းမောစရာ ဖတ်ရမှာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဗိုလ်ကလေးတင့်အောင် ရေးထားတဲ့ "သက်ဆိုင်သူသို့"သီချင်းလေးနဲ့ ဖတ်ဖို့ ညွှန်းချင်ပါတယ်။ 

 လောကမှာ ဆန့်ကျင်ဘက်အရာတွေချင်း ပေါင်းစပ်တာက သဘာဝပါပဲ။

ဒီသဘာဝကို ဆန့်ကျင်တဲ့ ဒေစီဂျိန်းဆိုတဲ့ မိန်းမလျာနတ်ကတော်ကြီး တယောက်ရဲ့ အချစ်တွေ။ 

အတုနဲ့ အစစ်နဲ့ ယှဉ်လိုက်ရင် အစစ်ကိုပဲ လိုချင်တာ လူတွေရဲ့ သဘာဝပါပဲ။ ဒီသဘာဝအတိုင်းပဲ အစစ်ကိုပဲ မြတ်နိုးသွားတဲ့ မင်းမင်းရဲ့ အချစ်ကရော ဘယ်လိုဖြစ်မလဲ။ 

ဘာမှ မသိပဲ အချစ်ကိုပဲ ယုံစားမိတဲ့ သူလေးကရော။ 

ဒီအချစ်ဇာတ်လမ်းလေးမှာ ဘယ်သူမှန်လဲဘယ်သူမှားလဲ ဆိုတာကို တွေးတောမိရင်း နားထဲကို "သက်ဆိုင်သူသို့ ပို့မေတ္တာတေးလွှာဝေ...."ဆိုတဲ့ သီချင်းသံလေးက တစိမ့်စိမ့်ဝင်လာပါလိမ့်မယ်။ 

သေချာတာကတော့ ဒီဇာတ်လမ်းကိုဖတ်ပြီးရင် gay တွေအပေါ်  ခံယူးထားတဲ့ ကိုယ့်အယူအဆတွေ တမျိုးတမြည်ပြောင်းလဲ သွားလိမ့်မယ် ထင်ပါတယ်။ 

ပြောင်းလဲတတ်တဲ့ လောကကြီးမှာ ဆန့်ကျင်ဘက်တွေကို စိတ်ဝင်စားရာမှ တူညီတဲ့ အရာတွေအပေါ် စိတ်ဝင်စားမိရင် လောကကြီးနဲ့ သွေဖယ် သွားတာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်လောကကြီးမှာ တူညီတဲ့အရာအချင်းချင်းဟာလည်း စိတ်ဝင်စားနိုင်ပါတယ်။

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

 

ဒီစာအုပ်‌လေးကို နာမည်မြင်ကတည်းကခပ်ဆန်းဆန်းလေးမို့ ဖတ်ချင်စိတ်ဖြစ်သွားတာ နတ်ကတော်ဒေစီဂျိန်းရဲ့ ဘဝကို ပုံဖော်ထားတာလေးက အသက်ဝင်နေရော 🥺 လူတွေရဲ့နတ်ကတော်တယောက်ပေါ် ထားတဲ့အမြင်တွေ ဆက်ဆံပုံတွေကိုမှ နတ်ကတော်တွေနေရာကနေခံစားပြီးရေးထားတာ ကိုယ့်ကို မချစ်မှန်းသိတဲ့ ယောကျ်ားတယောက်ကိုတောင် ချစ်မိတဲ့စိတ်တခုနဲ့ အစစအရာရာမသိချင်ယောင်ဆောင်ပြီး အပြစ်မမြင်နိုင်တဲ့ ဒေစီဂျိန်းရဲ့ခံစားချက်ကို ဖတ်ရတော့မျက်ရည်ပါ ကျရတယ် 😢😢 နတ်ကတော်တွေရဲ့ဘဝကို ကိုယ်တွေပုံမှန်မြင်နေကျ၊ထင်နေကျ ပုံစံကနေ ကွဲထွက်အောင် သရုပ်ဖော်ထားတာလေးက အသက်အဝင်ဆုံးပဲ 😭

အဓိကက ဒေစီဂျိန်းရဲ့ဘဝကို ကွက်ကွက်ကွင်းကွင်းအသားပေးရေးထားပြီး တခြားနတ်ကတော်တွေရဲ့ဘဝကို သနားစဖွယ်ရေးထားတာပါ၊ နတ်တွေကို ဘယ်တော့မှအကောင်းမမြင်တတ်တဲ့ကိုယ်တောင်မှ ဖတ်ရင်းဖတ်ရင်း တကယ်သနားလာတယ်။ ဆရာမရဲ့စာအုပ်တွေက တကယ့်လက်တွေ့ဘဝကို အသားပေးရေးတာမျိုးဆိုတော့ ဝတ္ထုတအုပ်ကို ဖတ်နေရတယ်ဆိုတဲ့ feeling မျိုးထက် ကိုယ့်ပတ်ဝန်းကျင်မှ ာတကယ်ကြီးဖြစ်ပျက်နေသလိုပါပဲ။ feeling အသစ်အဆန်းလေးရချင်တယ်ဆို ဒါလေးဖတ်ကြည့်ဖို့ recommend ပေးပါတယ်နော် 😇😇




Comments

  1. ကြိုက်တယ် လိုက်ခ် 🌝

    ReplyDelete

Post a Comment