Skip to main content

ပင်လယ်နှင့် တူသော မိန်းမများ - ဂျူး

 


"ရေစီးသန်တဲ့မြစ်ပဲဖြစ်ဖြစ်၊ ကြမ်းတမ်းတဲ့မြစ်ပဲဖြစ်ဖြစ်၊ တိမ်တဲ့မြစ်ပဲဖြစ်ဖြစ်၊ နက်တဲ့မြစ်ပဲဖြစ်ဖြစ်၊ မြစ်ဟူသမျှဟာပင်လယ်ထဲကိုစီးကြတာချည်းပဲ၊ ပင်လယ်နဲ့တွေ့တဲ့အခါ ကြမ်းတမ်းတဲ့မြစ်တွေဟာနူးညံ့သွားကြတယ် ညင်သာတဲ့မြစ်တွေဟာ ငြိမ်သက်သွားကြတယ် ဒါပေမဲ့ လက်ခံရတဲ့ပင်လယ်ကတော့ အမြဲတမ်းလှိုင်းတံပိုးတွေနဲ့လေ "
_________________________
ရေနံချောင်းမြို့ ရေနံတွင်းတွေကြားက အင်အားမကြီးတဲ့ငွေအိမ် ချည်ထည်နွမ်းနွမ်း ဝတ်စုံလေးနဲ့ငွေအိမ်ဟာ ဘာ့ကြောင့်များ မမခင်မင်းမေတို့ တိုက်အိမ်ကြီးကို အားငယ်တွေဝေစွာမော့ကြည့်နေရသလဲ ။
ခင်မင်းသိပ်ချစ်ရတဲ့မောင်ငယ်လေး မင်းခေါင်ဟာ ခင်မင်းထင်ခဲ့သလို ဖြူစင်တဲ့မောင်ငယ်လေးမဟုတ်ဘဲမိန်းမတစ်ယောက်နှင့် မည်မျှရင်းနှီးကျွမ်းဝင်ပြီးခဲ့ပြီလဲ။ခင်မင်းမသိလိုက်ခင်မှာပဲ ခင်မင်းမောင်လေးဟာ ယောက်ျားကြီးတစ်ယောက်ဖြစ်နေခဲ့ပြီဆိုတာ မသိသေးတဲ့ ခင်မင်းမေ။ ဘဝအတွေ့အကြုံနည်းပါးလျက် စာအုပ်ထဲကဘဝတွေကိုသာ ရင်းနှီးခဲ့ရတဲ့ ခင်မင်းမေဟာ ရွေးချယ်စရာတွေကြုံလာခဲ့ရတယ် ။ မှန်မှန်ရွေးချယ်နိုင်ပါ့မလား။

"အချစ်ဆိုသည်မှာ အလွန် ချိုမြသောအရာပါလားဟု တမ်းတမ်းမတ်မတ်လှုပ်ခတ်ကြည်နူး၍ကောင်းတုန်းမှာပင် ထိတ်လန့်ချောက်ချားဖွယ်ကောင်းသည့် စိုးရိမ်သောကသည် ချိုမြမှုကို ဗြုန်းခနဲဖုံးကွယ်အုပ်ဆိုင်းပစ်လိုက်ပြီ ။အချစ်၏နောက်မှာအမြဲတစေနာကျင်မှုနှင့် စိုးရိမ်သောကမျကပ်ပါလာတတ်လိမ့်မည်ဟု သိတတ်စပြုလာချိန်တွင် ငွေအိမ့်အတွက် အရာရာသည်နောက်ကျသွားပြီ ဖြစ်သည်" 

ငယ်ရွယ်တဲ့ငွေအိမ်ဟာ အချစ်ကြောင့် ဘဝမှာ‌အပြောင်းလဲတွေကြုံတွေ့ဖို့ဖန်လာတယ်။
တစ်ယောက်တည်း အားကိုးရာမဲ့ခဲ့ပေမဲ့ သတ္တိမမဲ့ခဲ့ဘူး ။
‌အချစ်ဟာသစ္စာဖောက်ခဲ့ပေမဲ့ လူသားဆန်တဲ့မေတ္တာတွေကို တစ်စုံတစ်ယောက်ဆီကရရှိခဲ့တယ် ။ဘယ်သူဖြစ်မလဲ။

သမီးလေးအိမ်စိုးမေကို မွေးလာတော့လည်း သမီးလေးအတွက်ရယ်လို့ပိုသတ္တိရှိလာခဲ့တယ်။
ငွေအိမ်ဟာ တစ်လောကလုံးကတစ်ယောက်ပဲရှိတဲ့ မိသားစုကိုလည်းဆုံးရှုံးရတယ်၊ လောကဓံအမျိုးမျိုးလည်းကြုံခဲ့ရတယ် ။
ရေနံမြေသပိတ်တွေမှာလည်းပါဝင်ခဲ့တယ်။
ဒီလို ငွေအိမ့်ရဲ့သမီး အိမ်စိုးမေဟာ အမေ့ထက်ပိုပြီး နိုင်ငံရေးစိတ်ပြင်းထန်ခဲ့တယ် ။ သူတို့ခေတ်သူတို့အခါ မှာ အိမ်စိုးမေတစ်ယောက်ဘယ်လိုကြီးပြင်းလာမလဲ။

"ကျွန်မအဖေ အိုင်စီအက်စ်"
လူမှန်းသိတတ်စကတည်းက အိမ်စိုးမေ  နှုတ်ဖျားကတတွတ်တွတ်ရွတ်နေခဲ့တဲ့စကား 
ကျွန်မအဖေအိုင်စီအက်စ်။
ငယ်စဉ်ကလေးကတည်းက ဖိုးအေကိုနားကြည်းမျက်လုံးတွေနဲ့ကြည့်တတ်တဲ့ အိမ်စိုးမေ၏ နားကြည်းစိတ် ၊မကျေနပ်စိတ်၊ ပုန်ကန်လိုစိတ်တို့သည် နိုင်ငံရေးဆီသို့ရောက်သွားတော့သည်။
ရေနံမြေ မငြိမ်သက်တော့ပြီ။
ထိုမှစခဲ့တဲ့ နိုင်ငံရေးသမားလေးအိမ်စိုးမေဟာ 
နေရပ်တွေသာပြောင်းသွားမယ် သူ့စိတ်ဓာတ်တို့မပြောင်းလဲဘဲ ခိုင်မာသထက်ခိုင်မာလာ၏။

ထိုအချိန်မှာ  ဧရာဝတီကိုသာတွယ်တာစရာရှိတဲ့ ဟင်္သာနဲ့ စုံစည်းကြသောအခါ ......

ငွေအိမ့်အတွက်လည်း မင်းခေါင်ဟာမြစ်တစ်စင်းဖြစ်ခဲ့သလို 
အိမ်စိုးမေအတွက်လည်း ဟင်္သာဟာမြစ်တစ်စင်းပါပဲ။ 
ပင်လယ်နှင့်တူသောမိန်းမတွေစီမှာ စီးဝင်လာကြတဲ့ ယောက်ျားတွေဟာငြိမ်သက်သွားသလောက် မိန်းမတွေဘဝဟာ လှိုင်းတံပိုးတွေနှင့်...။

ငွေအိမ် မမခင်မင်းမေ အိမ်စိုးမေတို့ရဲ့ ဘဝတွေ ဆုံးဖြတ်ချက်တွေ အပြင် သစ္စာတရား ချစ်ခြင်းမေတ္တာ အချစ်အတွက်ပေးဆပ်ရတဲ့တန်ဖိုးတွေကိုသာမက အင်္ဂလိပ်ခေတ် လွတ်လပ်ရေးခေတ် လွတ်လပ်ပြီးခေတ်တွေနှင့် သမိုင်းနောက်ခံပြီးရေးထားတာဖြစ်သည့်အတွက် ထိုခေတ်ထိုအခါက အငွေ့အသက်တွေကိုပါခံစားရမိစေမှာပါ။




pdf link


Comments