Skip to main content

Aurora


ဒီနေ့ပြောပြမယ့် အကြောင်းအရာကတော့ ကျွန်တော်တို့တွေ မြင်ဖူး ကြားဖူးပြီးသားအရာတစ်ခုပါ။ သို့ပေမဲ့ ဘယ်လိုခေါ်လဲ၊ ဘယ်မှာတွေ့နိုင်လဲ၊ ဘာကြောင့် ဖြစ်လာတာလဲဆိုတဲ့ မေးခွန်းတွေကိုတော့ အကုန်လုံးဖြေနိုင်မယ့်သူ ရှားမယ်ထင်ပါတယ်။


ကာတွန်း​ဇာတ်လမ်းတွေ၊ Wallpaperတွေတို့၊ Sunlight သိပ်မပါတဲ့ ရှုခင်းပုံတွေမှာဆိုရင် ကောင်းကင်မှာ အစိမ်းရောင်အလင်းတန်းကွေ့ကွေ့ကောက်ကောက်ကြီးတွေကို မြင်ဖူးကြမှာပါ။ အဲ့ဒီအလင်းတန်းကြီးကို ခေါ်ဝေါ်ပုံတွေကတော့ အမျိူးမျိူးရှိပါတယ် Aurora, Polar lights, ကမ္ဘာ့မြောက်ခြမ်းမှာ တွေ့ရင် Aurora borealis, Northern lights, တောင်ခြမ်းမှာဆိုရင် Southern lights, Aurora australis စသဖြင့် နာမည်တွေကတော့ အများကြီးပေါ့။ ကျွန်တော်တို့မြန်မာလူမျိူးတွေကတော့ ဥတ္တရအလင်းတန်းဆိုပြီး ခေါ်ကြတယ်။ကျွန်တော်လောင်းရဲပါတယ် ဒီအလင်းတန်းကြီးကို မျက်စိနဲ့ကိုယ်တိုင်ကိုယ်ကျ မမြင်ချင်တဲ့သူက ၁၀၀မှာ ၁ယောက်ပဲ ရှိပါလိမ့်မယ်၊ အဲ့တစ်ယောက်တောင် အမြင်အာရုံချိူ့တဲ့လို့ လက်လျော့လိုက်တာမျိူးပေါ့။




ဒီအလင်းတန်းကြီးတွေက လူတွေ ဖန်တီးထားတာလား။ သဘာဝအတိုင်းပဲ ဖြစ်နေတာလား။ အံ့ဩစရာကောင်းလောက်အောင်ကို လူတွေ ဖန်တီးထားတဲ့အရာ တစ်ခုမှ မပါပဲ သဘာဝအတိုင်းလှလှပပဖြစ်ပေါ်လာတာပါ။ ဒီ Aurora အလင်းတန်းကြီးတွေဟာ ကျွန်တော်အပေါ်မှာ ယေဘုယျဖော်ပြခဲ့သလို အစိမ်းရောင်တစ်မျိူးထဲ ရှိတာမဟုတ်ပါဘူး( Red,Green, Blue, Ultra violet, Infrared, Yellow and Pink) အရပ်ဒေသ၊ ဖြစ်ပေါ်တဲ့အချိန်၊ ပင်လယ်ရေမျက်နှာပြင်အမြင့်၊ ရာသီဥတုအခြေအနေတွေပေါ် မူတည်ပြီး သူတို့ရဲ့ မတူညီတဲ့ types တွေလဲ ရှိပါသေးတယ်။ ကျွန်တော် ဒီအကြောင်းတွေကို အသေးစိတ်ရှင်းပြရင် အာဏာပြန်ရတဲ့အထိ ကြာကောင်းကြာနိုင်သွားပါတယ်:P ။

(နောက်တာပါ)



မတူကွဲပြားတဲ့ Aurora တွေ ဘာကြောင့်ဖြစ်လာရလဲဆိုတဲ့ physical process တွေကိုတော့ ယနေ့အချိန်ထိ တိတိကျကျဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။ အခြေခံသဘောတရားလောက်နဲ့ ရှင်းပြရမယ်ဆိုရင် နေရဲ့အပြင်ဘက်ဆုံးအလွှာ(the corona) မှာ ရှိတဲ့ charged particles အစုအဝေး(plasma) က အဆက်မပြတ်ပူနေတဲ့အခါမှာ နေရဲ့ gravity ဟာ plasmaကို လုံလုံ လောက်လောက် သက်ရောက်နိုင်ခြင်း မရှိတော့ပါဘူး။ အဲ့တာကြောင့် particlesအစုအဝေး (plasma)တွေဟာ နေရဲ့ သံလိုက်စက်ကွင်းအတိုင်း 'solar wind' အနေနဲ့ အာကာသစီးကြောင်းထဲကို ပြန့်ကျဲလာပါတယ်။ Solar wind ရဲ့အရှိန်ကို ကျွန်တော်တို့ကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်းက နှောက်ယှက်တဲ့အခါမှာ process တွေ အများကြီးဖြစ်ပြီး Earth's atmosphere မှာ ကျွန်တော်တို့မြင်ချင်တဲ့ Aurora တွေကို ဖြစ်ပေါ်လာရတာပါ။




ဘယ်နေရာတွေမှာ တွေ့ရနိုင်လဲဆိုရင်တော့ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ အာတိတ်စက်ဝိုင်းနဲ့နီးတဲ့ Alaska, Canada, Iceland, Greenland, Norway, Sweden နဲ့ Finland, ကမ္ဘာ့တောင်ဘက်ခြမ်းမှာတော့ တောင်လတ္တီကျုမြင့်တဲ့ Antarctica , Chile , Argentina, South Africa, New Zealand နဲ့  Australia စတဲ့ ဝင်ရိုးစွန်းဒေသတွေမှာ ညဘက် မှောင်မိုက်တဲ့ကောင်းကင်ကို ခွင်းပြီး  Magnetic midnight လို့ ခေါ်တဲ့အချိန်ကာလမှာ အလှပဆုံးအထင်ရှားဆုံးတွေ့နိုင်ပါတယ်။




ဒီလောက်လှတဲ့ Aurora တွေဟာ ကျွန်တော်တို့ကမ္ဘာကြီးမှာပဲ တွေ့ရတာလားဆိုရင် မဟုတ်ပါဘူး။ ကမ္ဘာထက် သံလိုက်စက်ကွင်းအားကောင်းတဲ့ Saturn, Jupiter အပြင် Venus, Mars, Neptuneနဲ့ Uranusတို့မှာလဲ တွေ့ရပါတယ်။ Saturn မှာရှိတဲ့ aurorasတွေက ကျွန်တော်တို့ကမ္ဘာမှာ တွေ့ရတာတွေနဲ့ တူပေမဲ့ Jupiter ဂြိုလ်မှာတော့ သူ့မှာ ရှိတဲ့ volcanic moon (produce some kinds of plasma) ကြောင့် ပုံစံတစ်မျိူးကွဲပါတယ်။ ကြည့်ချင်ရင်တော့ Space telescope ကောင်းကောင်းတစ်ခု လိုတာပေါ့ဗျာ။ဒီ figure မှာလဲ ကြည့်နိုင်ပါတယ်။


Jupiter ‘s Aurora 


Source:Internet


ဒီလောက်ဆိုရင် Aurora တွေအကြောင်းအခြေခံလောက်တော့ သိပြီထင်ပါတယ်။ အခုလို စိတ်ဝင်စားစရာ ဖြစ်ရပ်ဆန်းတွေ ဖတ်ရှုနိုင်ဖို့ Click for revolution မှာ မိမိအပါအဝင် သူငယ်ချင်းတွေကိုပါ ခေါ်ပြီး click ပေးကြပါဦးခင်ဗျ။


Comments

  1. Wanna see it once in a lifetime

    ReplyDelete
  2. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete

Post a Comment