Skip to main content

မေတ္တာရှင်မလေး ပေါ်လီယာနာ - ထင်လင်း

 


တစ်ခါတစ်လေ ကျွန်တော်တို့ တွေးမိကြလိမ့်မယ်

"ငါတို့ generation မှာမှ ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံရလေခြင်း" ဆိုပြီးပေါ့

ဒီကာလကြီးမှာ ကျွန်တော်တို့မျှော်လင့်ထားခဲ့သမျှ အိပ်မက်တွေ ဝေဝါးကုန်တယ် ၊ လမ်းပျောက်သွားတယ် ၊ စိတ်ဓာတ်ကျကြတယ်ပေါ့ဗျာ 

ကျွန်တော် စိတ်ဓာတ်ကျနေစဥ်က ပြန်ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တစ်အုပ်ကို reveiw ရေးပေးလိုက်ပါတယ်။

ဆရာထင်လင်းရဲ့ မေတ္တာရှင်မကလေး ပေါ်လီယာနာ ဆိုတဲ့ ဘာသာပြန်ဝတ္ထုလေးပါခင်ဗျ။

ဖတ်ဖူးသူတွေလည်း အများကြီးရှိမှာပါ။

ဒီဝတ္ထုထဲမှာ အသက် ၁၁ နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်လီယာနာလေးရဲ့ အဆိုးတွေ ကြုံလာတိုင်း အကောင်းမြင်စိတ်ထားတတ်ပုံလေးကို ရေးထားတာပါ။

ပေါ်လီယာနာလေးရဲ့ ထူးဆန်းတဲ့ ကစားနည်းလေးက "ဝမ်းသာတမ်း ကစားနည်း" ပါတဲ့။

ဘယ်လောက်ဆိုးဝါးတဲ့ အကြောင်းကိစ္စမှာမဆို ဝမ်းသာဖို့ အကြောင်းအရင်းကို ရှာဖွေရတဲ့ ကစားနည်းလေးပါ 

သူမဟာ ဒီကစားနည်းကို သူမအဖေ သင်းအုပ်ဆရာနဲ့အတူ သာသနာပြုအဖွဲ့ထဲမှာ အတူနေရစဥ်က စပြီး ကစားဖြစ်ခဲ့တာပါ 

သာသနာပြုအဖွဲ့က ပစ္စည်းတွေ အလှူခံပြီး လိုအပ်တဲ့သူတွေဆီ ပြန်ခွဲဝေပေးပါတယ် 

ပေါ်လီယာနာလေးဟာ အလှူခံပစ္စည်းတွေထဲ အရုပ်လေးပါလာဖို့ မျှော်လင့်နေခဲ့ပါတယ် 

ဒါပေမယ့် သူမ လိုချင်တဲ့ အရုပ်လေးပါမလာဘဲ ချိုင်းထောက်တွေသာ ပါလာခဲ့ပါတယ် 

သူမအနေနဲ့ ဝမ်းနည်းသွားခဲ့တာပေါ့

သူမရဲ့အဖေက " ချိုင်းထောက်တွေ ရလို့ ဝမ်းမနည်းပါနဲ့ ၊ ချိုင်းထောက်တွေ သုံးစရာမလိုတဲ့အတွက် ဝမ်းသာပါ " ဆိုပြီး ဝမ်းသာဖို့ အကြောင်းအရင်းကို ရှာပြပေးခဲ့ပါတယ် 

သူမရဲ့ မိဘတွေ ဆုံးသွားတဲ့နောက်မှာ ပေါ်လီယာနာလေးအနေနဲ့ အဒေါ်ဖြစ်သူ ပေါ်လီဟယ်ရင်တန်နဲ့ အတူနေဖို့ ဖြစ်လာပါတော့တယ်

ဒီတော့ ပေါ်လီယာနာလေးဟာ သူမရဲ့အဒေါ်နဲ့အတူ ဘယ်လို ရှေ့ဆက်ပြီး နေထိုင်သွားကြမလဲ ၊

သူမဟာ ဒီကစားနည်းကိုရော ဘယ်လိုဆက်ပြီး ကစားသွားမလဲ ၊ ဘယ်သူတွေနဲ့အတူ ကစားမလဲ ဆိုတာကို သိချင်ရင်တော့ ဒီစာအုပ်လေးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျ

ဒီအတိုင်း ကြည့်ရင်တော့ ဒီကစားနည်းက သိပ်လွယ်ကူနေသလိုပါပဲ 

ဒါပေမယ့် တကယ်ကို ဆိုးဝါးတဲ့ အကြောင်းကိစ္စတွေနဲ့ ကြုံတွေ့ရရင်တော့ ဝမ်းသာစရာအကြောင်းအရင်းကို ရှာတွေ့ဖို့ ခက်မှာပါ 

ပေါ်လီယာနာလေး ပြောတာက...

"ဝမ်းသာစရာကို ရှာဖို့ခက်လေလေ ၊ ပျော်စရာကောင်းလေလေ" ပါတဲ့ 

ဒီစာအုပ်လေးက ဖတ်နေစဥ်နဲ့ ဖတ်အပြီးမှာ စာဖတ်သူတွေကို တစ်စုံတစ်ခုတော့ အတွေးမျိုးကို တွေးမိစေမှာပါ 

ကျွန်တော်တို့ကိုယ်တိုင် ဒီကစားနည်းကို လိုက်မကစားနိုင်ရင်တောင် ဒီစာအုပ်က စာဖတ်သူကို စိတ်ချမ်းသာစေနိုင်မှာပါ

Review by Octavia

Comments

  1. I love this book.I learn how to behave people and give me more positive thinking.

    ReplyDelete

Post a Comment