![]() |
စာအုပ်တစ်အုပ်ထဲမှာ အနုပညာနှစ်မျိုးကို ခံစားကြည့်ဖူးကြလား။မကြုံဖူးသေးဘူး ဆိုတဲ့သူတွေကို ညွှန်းချင်တဲ့စာအုပ်ကတော့ ဆရာမဂျူးရဲ့ " ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ " ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ထဲမှာ ဆရာမဂျူးရဲ့ သေသပ်တဲ့စာရေးစွမ်းရည်ရယ် နောက် စိတ်ဝင်စားစရာထူးထူးခြားခြားလေးကတော့ ပန်းချီအကြောင်း၊ပန်းချီကားတွေရဲ့အကြောင်းပေါ့။
ပန်းချီပညာကို စိတ်ဝင်စားသူတွေအတွက်ဆိုရင် ဒီစာအုပ်က တော်တော်လေး ဆွဲဆောင်မှုရှိတဲ့စာအုပ်ဖြစ်မှာ။
အင်း…. ဒီစာအုပ်က အချစ်ဝတ္ထုလေးပါပဲ။ပြင်သစ်နိုင်ငံရဲ့ပန်းချီပြခန်းတစ်ခုက လက်ထောက်ပြတိုက်မှူးလူငယ်လေးနေသန်နဲ့ အဲ့နိုင်ငံမှာ စာတမ်းပြုစုဖို့သွားတဲ့ လူငယ်စာရေးဆရာမလေးရတနာတို့ရဲ့ အချစ်ဝတ္ထုပေါ့။ဇာတ်လမ်းတင်ဆန်းသစ်တာမဟုတ်ဘဲနဲ့ အကြောင်းအရာတွေကလည်း တကယ်ဆန်းသစ်ပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ စိတ်ဝင်စားတတ်ရင် လူတွေရဲ့ Dark Side အကြောင်းပါ လေ့လာလို့ရသေးတယ်။ဆိုတော့ လိုရင်းပြောရရင် ဖတ်ကြည့်သင့်တဲ့စာအုပ်တစ်အုပ်ပါပဲ။ဖတ်ပြီးရင် နောင်တမရဖို့လည်း အာမခံနိုင်ပါတယ်။သြော် ဒီစာအုပ်က အခုအချိန်မှာတော့ ဝယ်လို့မရလောက်တော့ပါဘူး။ ဘာလို့ဆို ဆရာမက ဒီစာအုပ်ကို နောက်ထပ်ထပ်ပြီးပုံနှိပ်ပြီးမထုတ်တော့လို့ပါ။
" မိန်းမတစ်ယောက်ကိုသူအမှန်တကယ် ချစ်မြတ်နိုးမိသွားပြီဆိုတာကို ယောက်ျားတစ်ယောက်သိခွင့်ရတဲ့အချိန်ဟာ အဲ့ဒီမိန်းမ သူ့ဘဝထဲကနေ ထွက်သွားပြီးတဲ့အချိန်ဖြစ်နေပြီ ဆိုပါတော့။အဲ့ဒီအဖြစ်ကို မင်းဘယ်လိုသဘောရလဲ ဘေဘီ" နေသန်မေးတဲ့စကားလေးပေါ့။ စာဖတ်သူတွေရော ဘယ်လိုထင်ကြလဲ ...

Done 🤍
ReplyDelete