Skip to main content

ဘာတွေ ဖြစ်ကုန်ကြပြီလဲ - မင်းလူ

 




ဘာတွေဖြစ်ကုန်ကြပြီလဲ
 မင်းလူ

ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာများသည် ၁၉၈၈-၉၀ ခုနှစ်များက စစ်အစိုးရ (သူတို့အခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ၏ ကမောက်ကမ အလွဲများကို သရော်ထားသော ကဗျာများဖြစ်သည်။ ဆရာမင်းလူ၏ ထိမိသော သရော်ချက်များ၊ဗြောင်ကျကျ ဝေဖန်ချက်များကြောင့် ဤကမျာများသည် ပြည်သူလူထုအကြား ပျံ့နှံ့ခဲ့ပြီး တစ်ဖက်အဖွဲ့အစည်းများကိုလဲ မခံမရပ်နိုင်ဖြစ်စေခဲ့သည်။

ဘာတွေဖြစ်ကုန်ကြပြီလဲ ၁ ကို ဗိုလ်ချုပ်မှူးကြီးစောမောင်၏ သတင်းစာရှင်းလင်းပွဲ အပြီးတွင်လည်းကောင်း၊ ၂ ကို ၁၉၈၉တွင် အာဇာနည်နေ့အခမ်းအနားကြောင့် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချအပြီးတွင်လည်းကောင်း ၊အမှတ် ၃ကို ရှစ်လေးလုံး နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင်လည်းကောင်း အသီးသီး ထုတ်ဝေခဲ့ကြသည်။

ဘာတွေဖြစ်ကုန်ကြပြီလဲ ၄ ကို ၁၉၉၀ စက်တင်ဘာ ၁၈ (စစ်အာဏာသိမ်းခြင်းနှစ်ပတ်လည်နေ့)တွင် ထုတ်ဝေရန် ရည်ရွယ်ခဲ့သော်လည်း စက်တင်ဘာ ၁၅ တွင် ဆရာမင်းလူ နှင့် ထုတ်ဝေဖြန့်ချီသူများ မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာရေးသားထုတ်ဝေမှုအတွက် ဆရာမင်းလူ၊ထုတ်ဝေသူ ဆရာမျိုးမြင့်ညိမ်း နှင့် သုံးရောင်ခြယ် ကျောင်းသားခေါင်းဆောင် ကိုစိန်လှိုင်တို့ကို ထောင်ဒဏ် ခုနစ်နှစ် ဆီ ချမှတ်ခဲ့ကြသည်။ဤသို့မတရားဖိနှိပ်ခဲ့သော်လည်း ဘာတွေဖြစ်ကုန်ကြပြီလဲ သည် “ကဗျာတစ်ပုဒ် ၊ထောင်ခုနစ်နှစ် “ ဟူ၍ ယနေ့တိုင် ရှင်သန်နေဆဲ၊သမိုင်းတွင်နေဆဲဖြစ်သည်။

Comments

  1. မင်းလူ💜
    လေးစားအားကျ
    ကျမ အရမ်းကြိုက်မိပါသော
    စာရေးဆရာ💟💙💜

    ReplyDelete
  2. အရေးတော်ပုံ အောင်ရမည်

    ReplyDelete
  3. I Really Love This Poem... I Even Show it to My Mom ..

    ReplyDelete
  4. မြေဩဇာတွေဖြစ်ကုန်ပြီ

    ReplyDelete
  5. မအေလိုး မင်းအောင်လှိုင်

    ReplyDelete

Post a Comment