တခါတလေ ကံကောင်းမှုအခွင့်အရေးဆိုတာ ၂ခုတပြိုင်နက်ရောက်လာတတ်ပါတယ်။ နှစ်ခုတပြိုင်နက်ရွေးလို့မရတဲ့ ကံကောင်းမှု၊ တစ်ခုကိုရွေးရင် တစ်ခုကို လက်လွှတ်ကိုလွှတ်ရမယ့် အခြေအနေမျိုးပေါ့။ ဒီလို အခြေအနေမျ်ိုးဟာ
ဒီဝတ္ထုထဲက ဇာတ်ကောင်ခင်ခိုင်ဆီကို ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက နိုင်ငံရပ်ခြားမှာ ပညာသင်ခွင့်ရမယ်ဆိုတဲ့ နှစ်ခါမရနိုင်တဲ့ အခွင့်အရေးရလာချိိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဝန်ကလည်းရှိလာခဲ့ပါတယ်။ ခင်ခိုင်ဟာ ပညာသင်ရမယ့် အခွင့်အရေးကို လက်လွှတ်ပြီး ကလေးမွေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ မွေးလာတဲ့ကလေးဟာ ဉာဏ်ရည်မဖွံဖြိုးသူတစ်ယောက် ဖြစ်နေခဲ့ပါတယ်။
ဇာတ်ကောင်ခင်ခိုင်ရဲ့ ဇာတ်ကောင်စရိုက်ဟာ စိတ်ဓာတ်မာတယ်၊ငယ်ငယ်က ချို့တဲ့ခဲ့တဲ့ ဘဝမို့ အမြင့်ကိုပဲမှန်းတယ်၊ရည်မှန်းချက်ကြီးတယ်။ ကလေးကိုပြုစုပျိုးထောင် အိမ်ထောင့်တာဝန်တွေကြား ဘဝကို နှစ်မြုပ်လိုက်ဖို့ထက် သူကဘဝကိုမြင့်မြင့်နေချင်သူ၊ သူ့ဘဝတိုးတက်ဖို့ ဘာလုပ်ရမလဲ အမြဲတွေးနေသူ။
ခင်ခိုင့်ကို ပိုပြီးကံဆိုးစေတဲ့
အကြောင်းအရာကတော့ ဉာဏ်ရည်မဖွံ့ဖြိုးသူ သားငယ်ဟာ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် သူကိုစိတ်နာပြီး အမုန်းကြီးမုန်းနေခဲ့တာပဲ။ ခင်ပွန်းသည်နဲ့ အများအမြင်မှာ ခင်ခိုင်ဟာ တစ်ကိုယ်ကောင်းဆန်သူ၊ သားသမီးထက် ကိုယ့်ကိုယ်ကိုပဲချစ်သူ။ သားသမီးအတွက် ရည်မှန်းချက်ကို စွန့်လွှတ်ခဲ့ရပေမယ့် အားလုံးရဲ့ အပြစ်တင်ခြင်းကိုပဲ ရခဲ့ပါတယ်။
ဒီစာအုပ်ဖတ်ပြီး အပြစ်တင်ရမယ့်သူဟာ ခင်ခိုင်ပဲလား ၊မတရားတဲ့ ကံတရားပဲလား ဆိုတာ စာဖတ်သူလည်း ဒီစာအုပ်ကိုဖတ်ရှုပြီး တွေးတောကြည့်နိုင်ဖို့ recommendပေးလိုက်ပါတယ်။

Done
ReplyDelete