Skip to main content

Burning movie review


    စာရေးဆရာဖြစ်ချင်တဲ့ လီဂျောင်ဆုဆိုတဲ့ကောင်လေးဟာ ပါဂျူမြို့မှာ ကြုံရာကျပန်းအလုပ်ကိုလုပ်တယ် တစ်နေ့မှာတော့ ဟေးမီလို့ခေါ်တဲ့ သူရဲ့ငယ်ငယ်ကသူငယ်ချင်းနဲ့ ပရိုမိုးရှင်းပွဲတစ်ခုမှာပြန်တွေ့တယ် ဒီလိုနဲ့ သူတို့တွေအဆက်အသွယ်ရှိသွားတဲ့နောက်ပိုင်းမှာ ဟေးမီက သူအာဖရိကကိုသွားမှာမလို့ သူမရှိတဲ့အချိန်မှာ သူ့ကြောင်လေးကို ကြည့်ပေးထားဖို့ပြောလာရော 

အချိန်တွေကြာလာတော့ ဟေးမီ အာဖရိကကနေ ပြန်ရောက်လာတယ် ဘန်ဆိုတဲ့ ထူးဆန်းတဲ့လူတစ်ယောက်နဲ့လေ 

အဲ့လူနဲ့ပတ်သက်ပြီး ဂျောင်ဆုသိလာရတဲ့ ထူးဆန်းတဲ့အချက်တစ်ခုက ဘန်က စွန့်ပစ်ထားတဲ့ကျီတွေကို ၂လတစ်ခါလောက် မီးရှို့ပစ်တယ်တဲ့ နောက်တစ်ခါရှို့မယ့်နေရာက ဂျောင်ဆုနေတဲ့အနီးနားဝန်းကျင်မှာပဲဖြစ်မှာတဲ့ 

ဒါကြောင့် ဂျောင်ဆုတစ်ယောက် အိမ်အနီးအနားကကျီတွေကို ဘယ်တော့မီးလောင်မလဲဆိုတာ လိုက်ကြည့်ပါလေရော ဒါပေမဲ့ အချိန်တော်တော်ကြာတဲ့အထိ မီးလောင်တာကိုမတွေ့ရဘူး

တစ်နေ့ အဲ့လိုလိုက်ကြည့်နေရင်း ဂျောင်ဆုဆီကို ဟေးမီဆီက ဖုန်းဝင်လာတယ် ဒါပေမဲ့ ဆူဆူညံညံအသံတွေပဲကြားရပြီး ဖုန်းလိုင်းပျက်သွားတယ်

နောက်တော့ ဟေးမီ ပျောက်သွားတယ် .....

အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂျောင်ဆုဟာ သူ သံသယရှိတဲ့တစ်ဦးတည်းသောသူကို နောက်ယောင်ခံလိုက်ပါတော့တယ်.....

ကဲ...ဒီရုပ်ရှင်က ကိုရီးယားကားမကြည့်တတ်တဲ့သူတွေတောင် ကြည့်မိသွားရင် နှစ်ခြိုက်သွားမှာ အသေအချာပါပဲ 

နောက်ပြီးတော့ ဒါက Haruki Murakami ရဲ့ ဝတ္တုတိုဖြစ်တဲ့ Burn Burning နဲ့ William Faulkner ရဲ့ ဝတ္ထုတို Burn Burning ကိုအခြေခံပြီးရိုက်ကူးထားတာလို့ ပြောပါတယ် 

Murakamiရဲ့ ဖန်တွေကတော့ ဒီဇာတ်ကြောင်းကိုသိပြီးသားဖြစ်နိုင်ပေမယ့် 

ဝတ္ထုတိုရဲ့ အဆုံးသတ်က မသေချာမရေရာတဲ့အတွေးတွေနဲ့ ဇာတ်သိမ်းထားတာပါ 

ဒီရုပ်ရှင်က adaptation လုပ်ထားတဲ့သဘောမျိုးမို့ မတူညီတဲ့ခံစားချက်ကို ပေးစွမ်းမယ်ဆိုတာ အာမခံပါတယ်နော် 

ရုပ်ရှင်ကြည့်ပြီး ဝတ္ထုနဲ့ ဘာကွာခြားလဲ သိချင်ရင်တော့.....


Murakami ရဲ့ ဝတ္ထု eng Pdf ဖတ်ရန်


x

Comments