ဟေး ဒီနေ့ဘာနေ့လဲ သိကြလား 🙄
မသိရင်ပြောပြမယ် မှတ်ထားကြပါ september 13 ရက်နေ့ International chocolate day လေးပါ🌝
ဆိုတော့ ဒီနေ့ ချောကလက်နဲ့ပတ်သက်တဲ့ သိကောင်းစရာလေးတွေကို ပြောပြပါမယ်
ဒါနဲ့ Valentine day မှာရော ချောကလက် စားဖူးကြရဲ့လား 🥱 စားဖူးမယ့်ပုံလည်းမပေါ်ပါဘူး 🥺
တစ်ကမ္ဘာလုံးမှာ လူကြိုက်အရမ်းများတဲ့ snack or dessert တစ်မျိုးဖြစ်တဲ့ ချောကလက်ကိုတော့
cocoa စေ့ကရတဲ့ cocoa powder ရယ်၊cocoa butter ရယ်နဲ့ တခြားပါဝင်ပစ္စည်းတွေ ဥပမာ milk,sugar စတာတွေနဲ့ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။
ချောကလက်အခဲအနေနဲ့ပဲမဟုတ်ဘဲနဲ့ hot chocolate or chocolate milk လို သောက်စရာမျိုး ဒါမှမဟုတ် cake,pudding,cookie,brownieလိုမုန့်မျိုးတွေထဲမှာလည်း ချောကလက်ကိုထည့်သုံးကြပါတယ်။
အဓိကလူကြိုက်များတဲ့ ချောကလက်အမျိုးအစား ၄ မျိုး ရှိပါတယ်။ဘာတွေလဲဆိုတော့ milk chocolate , dark chocolate , white chocolate , ruby chocolate တို့ပါ။ အဲ့ထဲမှာမှ အစားအများဆုံးက milk chocolate ဖြစ်ပါတယ်။
milk chocolate မှာက ပုံမှန်အချိုဓာတ်ပမာဏပါပြီး ဝယ်ရလည်းလွယ်ပါတယ်။အဲ့တာကြောင့်လည်း အစားများကြတာဖြစ်နိုင်ပါတယ်။admin လည်း အခု milk chocolate စားရင်း ဒီစာကိုရေးနေတာပါ :3
နောက် dark chocolate။သူ့ကိုတော့ plain chocolate လို့လည်းခေါ်ပါတယ်။အရသာက ခါးသက်သက်လေးပါ။တစ်ခြား ချောကလက်အမျိုးအစားတွေထက် အချိုဓာတ်ပါဝင်မှုပိုနည်းတာကြောင့် ကျန်းမာရေးအတွက်ပိုပြီးသင့်တော်ပါတယ်။
white chocolate နာမည်အတိုင်းပဲ ချောကလက်အဖြူရောင်လေးပါ။တခြားအမျိုးအစားတွေထက်ပိုပြီးနူးညံ့ပါတယ်။ဒါပေမယ့်သူ့မှာက cocoa powder လုံးဝမပါဘဲ cocoa butter နဲ့ milk ပဲ အဓိကပါဝင်လို့ အချိုဓာတ်ကလည်း များပါတယ်။ပမာဏအများကြီးမစားသင့်ပါဘူး။
နောက်ဆုံးတစ်ခုကတော့ ruby chocolate ပါ။၂၀၀၄ ခုနှစ်မှာမှ စပြီးထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ အရမ်းရှားပါတယ်။admin တောင် တစ်ခါမှမစားဖူးသေးပါ )' ruby cocoa bean ကနေထုတ်လုပ်ထားတာဖြစ်ပြီးတော့ အရသာက ချိုချဥ်လေးပါတဲ့။
ချောကလက်ကို လူတွေဘာလို့စားကြလဲဆိုတော့ ရှင်းပါတယ် ကြိုက်လို့စားတာပေါ့ xD အချိုစားရင် စိတ်ပျော်တယ် ဆိုတာမျိုးကြားဖူးကြလား။ အဲ့တာ တကယ်ပါ။ ချောကလက်စားခြင်းက ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေရှိပါတယ်။
ချောကလက်မှာဆိုရင် carbohydrate,fat,protein & caffeine ဓာတ်တွေပါဝင်ပါတယ်။အဲ့တာတွေတင် မကဘဲ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ minerals တွေနဲ့ အိုမင်းရင့်ရော်မှုကို တားဆီးပေးတဲ့ antioxidants
ဓာတ်တွေလည်း ပါပါသေးတယ်။
အဲ့တော့ တိုတိုပြောရရင် ချောကလက်စားရင် စိတ်ငြိမ်မယ်။မှတ်ဉာဏ်ပိုကောင်းလာမယ်။ကဖိန်းဓာတ်ပါလို့လူကိုတက်ကြွစေမယ်။ခန္ဓာကိုယ်ရောင်ယမ်းတာတွေ သက်သာစေမယ်။ခုခံအားစနစ်ကိုပိုကောင်းစေမယ်။ဒါပဲ။ပြီးတော့ dark chocolate ကိုနေ့တိုင်းသင့်တော်တဲ့ပမာဏစားပေးရင် နှလုံးရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာလျော့ကျပါတယ်တဲ့။
ချောကလက်ဆိုတာ one of the best way to show love ပါတဲ့။ အဲ့တာကြောင့် ချစ်ရတဲ့သူတွေကို ချောကလက်လေးတွေ လက်ဆောင်ပေးကြတာပေါ့။homemade chocolate လေးတွေဆိုရင်တော့ ပိုပြီးလေးနက်တာပေါ့။ ဒါပေမယ့်လည်း တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ အားတိုင်းချောကလက်ပဲထိုင်စားနေမယ်ဆိုရင်တော့ အဝလွန်တာ၊ဝက်ခြံတွေပေါက်တာ၊ဆီးချိုရောဂါရတာမျိုးထိ ဖြစ်နိုင်ပါတယ်။
ကဲ ချောကလက်အကြောင်းကတော့ ဒီမှာပဲပြီးပါပြီ။
crush ကို chocolate ပေးပြီး ဘယ်လိုဖွင့်ပြောရမလဲသိချင်ရင်တော့ admin ကို လာဘ်ထိုးပြီး page messenger မှာ လာမေးပါ :3
စားချင်လာပြီ 😋
စားကြပါဦး။
ကျွေးပါဦးမင်မင်😁
ReplyDelete