Skip to main content

Coco (2017) movie review

 



ဒီတစ်ခါ ညွှန်းပေးချင်တဲ့ဇာတ်ကားကတော့ 2017 တုန်းက ထွက်ခဲ့တဲ့ coco ဆိုတဲ့ animated movie လေးဖြစ်ပါတယ်။ နာမည်ကျော် Disney ကနေ ထုတ်လုပ်ထားတဲ့ movie ပါ။ ဒီဇာတ်လမ်းထဲမှာဆိုရင် မက္ကဆီကန်ရိုးရာဂီတအငွေ့အသက်တွေနဲ့ သီချင်းတွေ တော်တော်များများပါပါတယ်။ ကလေးရော လူကြီးပါ ကြိုက်နှစ်သက်လောက်မယ့် movie မျိုးပါ။ 

အဓိကဇာတ်ကောင်ကတော့ မက္ကဆီကိုနိုင်ငံက အသက် ၁၂ နှစ်အရွယ် Miguel ဆိုတဲ့ကောင်လေးပါ။ coco ဆိုတာကတော့ Miguel တို့ဘွားဘွားကြီးရဲ့နာမည်ပါ။

သူတို့မိသားစုက ဖိနပ်ချုပ်လုပ်ငန်းလုပ်ကြပါတယ်။ ဒါပေမယ့် Miguel ကတော့ ဖိနပ်လုပ်ငန်းကိုစိတ်မဝင်စားပါဘူး။ သူစိတ်ဝင်စားတာက ဂီတပါ။ သူ့အိပ်မက်ကအောင်မြင်တဲ့ဂီတပညာရှင် တစ်ယောက် ဖြစ်လာဖို့ပါ။ ဒါပေမယ့် သူ့မိသားစုက ပြင်းပြင်းထန်ထန်ကန့်ကွတ်ပါတယ်။ Miguel ကတော့ မိသားစုမသိအောင် တိတ်တိတ်လေးသီချင်းတွေဆိုတာပဲပေါ့။ အဲ့လိုနဲ့တစ်နေ့မှာတော့ ဘွားဘွား coco ရဲ့ အခန်းထဲမှာလျှောက်ကြည့်ရင်းနဲ့ သူ့မိသားစုကဘာလို့ ဂီတဆိုရင် ခါးခါးသီးသီးဖြစ်နေရလဲ ဆိုတဲ့ အကြောင်းရင်းကိုသိသွားပါတယ်။ 

အဲ့ဒီအကြောင်းရင်းကဘာလဲ။ Miguel ရဲ့အိပ်မက်ကရော တကယ်ဖြစ်လာနိုင်ရဲ့လား။ သူ့မိသားစုက ကန့်ကွက်နေဦးမှာလား။ ဒါတွေသိရဖို့တော့ ကိုယ်တိုင်ပဲ ဒီ movie လေးကို ကြည့်ကြည့်လိုက်ပါ။ movie ထဲမှာ မထင်မှတ်ထားလောက်မယ့် twist လေးတွေလည်း ပါပါတယ်။ ဒါ့အပြင် သီချင်းမြူးမြူးလေးတွေလည်းပါလို့ စိတ်အပြောင်းအလဲလေးလည်း ဖြစ်စေမှာပါ။ ပြီးတော့ ဒီ movie လေးကိုကြည့်ပြီးရင် စိတ်ထဲမှာ တစ်ခုခုကျန်ခဲ့မှာ သေချာပါတယ်။

Comments