Horned Serpent
စာဖတ်သူတွေထဲမှာ အိမ်မွေးမြွေလေးတွေကို ချစ်တဲ့သူတွေရှိကြလားဗျ၊ ဒါဆိုရင်တော့ ဒီHorned Serpent က Exotic Animalတွေကို မွေးချင်ကြတဲ့သူတွေနဲ့ ကွက်တိဖြစ်မှာပါ။ တစ်ကိုယ်လုံးနက်မှောင်တောက်ပနေပြီး စူးရှတဲ့အပြာရောင်မျက်လုံးတွေရှိတဲ့ Horned Serpentတွေကို မြောက်အမေရိကတိုက် နဲ့ ဥရောပတိုက် အနောက်ပိုင်းတွေမှာ တွေ့ရနိုင်ပါတယ်။ မြောက်အမေရိကတိုက်ရဲ့ ရာဇဝင်များတွင် မြောက်အမေရိကတိုက် အရှေ့တောင်ပိုင်း သစ်တောမြေတွေနဲ့ ရေကန်ကြီးတွေမှာ သူတို့ကို တွေ့ရတယ်လို့ဖော်ပြထားပါတယ်။
သလင်းကျောက်လို စူးရှတောက်ပနေတဲ့ အကြေးခွံတွေ ရှိပြီး သူတို့တွေရဲ့နဖူးပေါ်မှာ သလင်းကျောက်တုံးချွန်လို ဂျိုတွေပါတယ်လို့ သိရပါတယ်။ ဒီဂျိုတွေကို အပြာ၊ အနီ၊ အဖြူနဲ့ အဝါရောင်အဖြစ် လေးမျိုးရှိတယ်လို့တွေ့ရပါတယ်။ ဂျိုတွေကို ရှေးခေတ်ဆေးပညာများတွင် အလွန်အသုံးဝင်တဲ့ ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။ ဒါအပြင် ဒီဂျိုတွေကို မှော်တောင်ဝှေးရဲ့ အူတိုင်အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။ သူတို့ရဲ့လုံးပတ်ဟာ အပင်ကြီးတစ်ပင်ရဲ့ ပင်စည်ပမာဏရှိပြီး သူတို့ရဲ့ခေါင်းပေါ်မှာ အစက်လေး ခုနစ်စက်ရှိပါတယ်။ ဒီအစက်လေးတွေထဲက ခုနစ်ခုမြောက်အစက်လေးရဲ့အောက်မှာ သူတို့ရဲ့ အသည်းနှလုံးရှိတာမို့ အဲ့အစက်လေးကို ထိခိုက်စေမှသာ Horned Serpent တစ်ကောင် အသက်အန္တရာယ်ဖြစ်မှာပါ။
တစ်ချို့သောသမိုင်းတွေမှာ Horned Serpent ကို Uktena လို့လည်းခေါ်ကြပါတယ်ဗျ။ လူတစ်ယောက်ဟာ မတော်တဆများ Uktena တစ်ကောင်ကို တွေ့ခဲ့မယ်ဆိုရင် ထိုလူဟာ Uktenaရဲ့ တောက်ပတဲ့ အရောင်အဆင်းတွေရဲ့ ညှို့ယူဆွဲငင်မှုကို ခံရပြီး ထွက်ပြေးရမယ့်အစား Uktenaဆီ တန်းတန်းမတ်မတ် ပြေးသွားတတ်ကြပါတယ်တဲ့။ ဒီလိုမှမဟုတ်ဘဲ ညှို့ယူမှုကို ရှောင်နိုင်ရင်တောင် ထိုလူဟာ Uktenaကနေ မှုတ်ထုတ်လိုက်တဲ့ အင်မတန်အန္တရာယ်ရှိပြီး ပြင်းတဲ့ အဆိပ်ငွေ့ကို ရှူမိပြီး အသက်အန္တရာယ်နဲ့ ကြုံရမှာဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး၊ သူတို့ဟာ အင်မတန်နိမ့်တဲ့ အသံနှုန်းကိုထုတ်လွှတ်နိုင်ပြီး အနီးအနားမှာရှိတဲ့ သက်ရှိတွေကို အကြားအာရုံထိခိုက်စေနိုင်ပါသေးတယ်။ Horned Serpent တွေဟာ သူတို့ရဲ့ ဦးဂျိုကို အသုံးပြုပြီး ကိုယ်ဖျောက်ခြင်း၊ ပျံခြင်းနဲ့ တောက်ပတဲ့ ရောင်ခြည်ထုတ်လွှတ်ခြင်းတွေလည်း ပြုလုပ်နိုင်ကြပါသေးတယ်။ များသောအားဖြင့် သူတို့ဟာ ပင်လယ်နဲ့ကန်ကြီးတွေရဲ့ ရေအောက်မှာ နေထိုင်ကြပါတယ်။
ဒါကြောင့်မို့ ဒီလိုအန္တရာယ်ရှိတဲ့ Horned Snakeကို မှော်ဝန်ကြီးဌာနက အန္တရာယ်အများဆုံးအဆင့် XXXXXအဖြစ် သတ်မှတ်ထားပြီး ထိပ်တိုက်မရင်ဆိုင်ကြဖို့ ထုတ်ပြန်ထားပါတယ်။ မှော်သမိုင်းတွေအရ Thunder Bird ကသာ Horned Serpent ကို နိုင်ခဲ့တယ်လို့ သိရပါတယ်။ အကယ်၍ သင်ဟာ Horned Serpent တစ်ကောင်နဲ့ ရင်ဆိုင်ရပြီဆိုရင် ပြန်တိုက်ခိုက်ဖို့မတွေးဘဲ ပြုပြုသမျှကောင်းမှုတွေကို ပြန်တွေးနေခြင်းကသာ အကောင်းဆုံးအဖြေဖြစ်မှာပါ။
![]() |
Quintaped(Hairy MacBoons)
ထူထပ်ကြမ်းတမ်းတဲ့ နီညိုရောင်အမွေးတွေနဲ့ ခြေငါးချောင်းရှိတဲ့ Quintaped တွေကိုဟာ လူသားစားရတာကို နှစ်သက်တဲ့ သားရဲတွေဖြစ်ပါတယ်။ သူတို့ကို စကော့တလန်နိုင်ငံမြောက်ဖျားစွန်မှာ ရှိတဲ့ Isle of Drear ကျွန်းမှာပဲ တွေ့နိုင်ပါတယ်။ ဒီကျွန်းဟာ Quintapedတွေရဲ့ စားကျက်မြေဖြစ်သောကြောင့် အန္တရာယ်အလွန်များပြီး မှော်ဆန်စွာ တည်ရှိနေတဲ့ ကျွန်းတစ်ခုလည်း ဖြစ်ပါတယ်။
Quintapedတွေရဲ့ ခြေထောက်ငါးချောင်းဟာ အဆုံးသတ်မှာ ကွေးကောက်နေပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ဟာ အသွင်ပြောင်းကျိန်စာအပါအဝင် မှော်ဂါထာအများစုကို ခုခံနိုင်ပါတယ်။ Quintaped ရဲ့ အဓိပ္ပာယ်က (quint- five, ped- legs) ခြေငါးချောင်းရှိတဲ့ သားရဲလို့ အဓိပ္ပာယ်ရပါတယ်။ သူတို့ဟာ လူသားစားကြပြီး အန္တရာယ်ကြီးတာကြောင့် XXXXXအဆင့် သတ်မှတ်ခံထားရပါတယ်။
သို့သော် Professor Silvanus Kettleburn ဟာ 1990-1991 ဟော့ဝပ်စာသင်နှစ်မှာ သတ္တမနှစ်ကျောင်းသားတွေကို Quintaped ကို ဘယ်လိုရင်ဆိုင်ရမယ် ထိန်းသိမ်းရမယ်ဆိုတဲ့အကြောင်း သင်ပေးခဲ့ဖူးပါတယ်။ သင်သာ ဒီသင်ရိုးကို သင်ခဲ့ရမယ်ဆိုရင် Wizarding Worldရဲ့ ဂုဏ်ယူစရာကျောင်းသားတွေ ဖြစ်ခဲ့မယ်ဆိုတာ အသေချာပါပဲ။ ဘာလို့လဲဆိုရင် ဒီပညာတွေကို တခြားဘယ်ကျောင်းကမှ မသင်ပေးလို့ပါ။
***အရေးတော်ပုံ အောင်ရမည်***
Answer For Ravenclaw’s Quiz(1):
“Are you dead?” ~ “သင်သေသွားပြီလား”
#PaingPatronus
i am very wonderful
ReplyDeleteThank for sharing
ReplyDeleteDone 💪
ReplyDelete🧍🙋🙇✅
ReplyDelete