Skip to main content

Hometown cha cha cha

  


  ဒီဇာတ်ကားကတော့ start up k drama နဲ့ အားလုံးရဲ့ အချစ်တွေကိုသိမ်းပိုက်သွားတဲ့ ပါးချိုင့်လေး kim seon hoရဲ့ ongoingကားသစ်လေးပဲ ဖြစ်ပါတယ်။​တော်တော်များများလည်း ကြည့်ကြမှာ​ဖြစ်ပေမယ့် မကြည့်ဖြစ်သေးတဲ့သူတွေအတွက် reviewရေးလိုက်ပါတယ်။🍀

  ​​ဇာတ်လမ်းကတော့ ဂုံဂျင်းမြို့ငယ်လေးက စွယ်စုံကျွမ်းကျင်တဲ့ကောင်လေးနဲ့ သွားဆရာဝန်မလေးတို့ရဲ့ ဇာတ်လမ်းလေးပါ။ main lead ၂ယောက်ရဲ့ loveline အပြင် ဂုံဂျင်းမြို့လေးရဲ့ရှုခင်းတွေ၊ ဂုံဂျင်းမြို့သူမြို့သားတွေရဲ့ ချစ်စရာရယ်စရာကောင်းတဲ့ စရိုက်လေးတွေ၊ မြို့ပြနဲ့ မတူကွဲပြားတဲ့ နေထိုင်မှုဘဝတွေကိုပါ အဓိကထားရိုက်ထားတာဖြစ်လို့ ကြည့်ရင်း ရင်ထဲနွေးထွေးလာသလို ကိုယ်တိုင် ဂုံဂျင်းကို သွားလည်ချင်စိတ်တွေ တဖွားဖွားဖြစ်လာမှာ အမှန်ပါ။

  ဒါ့အပြင် ဒီကားရဲ့ cinematography ရိုက်ချက်တွေက episodeတိုင်းမှာ တအားကိုလှပါတယ်။ ပင်လယ်ကမ်းခြေနဲ့ သဲသောင်ပြင်၊ စိမ်းစိုစိုတောင်တန်းတွေ နဲ့ ဆိပ်ကမ်းမြို့လေး ဂုံဂျင်း ၊ ချစ်စရာကောင်းတဲ့ ost လေး နဲ့ ဒီဇာတ်လမ်းဟာ healing ဖြစ်စေမှာပါ။

  အလောင်တစ်လိုင်း kdrama ကြည့်နေကျသူတွေအတွက်လည်း မတူညီတဲ့ ခံစားချက်တစ်မျိုးရစေမှာမို့ ဒီ ရိုမန့်တစ်ဆန်ဆန်နဲ့ နှစ်သက်စရာ dramaလေးကို အခုပဲ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါနော်။

Comments

Post a Comment