Skip to main content

Jagga Jasoos

 


           Hello ခုချိန်မှာ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် အားလုံး စိတ်တွေပင်ပန်းနေကြမှာပဲနော်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ လုံးဝ ပျော်စရာကောင်းမယ့် Indian Movieလေး တစ်ခုကို ညီမအနေနဲ့ Reviewပေးချင်ပါတယ်။ ဒီကားလေးလေးကို ကြည့်လိုက်ရင် စိတ်ဝင်စားစရာလည်းကောင်းပြီး တချိန်လုံး ခွီနေရမှာဖြစ်ပြီး ၂ နာရီလောက်က Happy Momentလေးဖြစ်သွားမှာပါ။ Music Lovers လေးတွေအတွက်လည်း တစ်ကားလုံးက သီချင်းတွေအများကြီးပါတော့ အဆင်ပြေတာပေါ့နော်။

    ဇာတ်ကားလေးကတော့ Jagga Jasoos ဖြစ်ပါတယ်။ Genre က Musical, Adventure, Comedy ဖြစ်ပြီး မင်းသား Ranbir Kapoor နဲ့ မင်းသမီး Katrina Kaif တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားကော မင်းသမီးကောက Hollywood မှာ တကယ့် Talented သရုပ်ဆောင်တွေပါ။ ဒီရုပ်ရှင်ကို July 14, 2017 မှာ ပြသခဲ့ပြီးတော့ ဒေါ်လာ 331.7 Million လောက်ထိ ရရှိခဲ့ပါတယ်။ Best Lyrics Award,Best Choreography, Best Music, Song Of The Year, Best Actor....စတဲ့ ဆုတွေအများကြီး Nominateခံရပြီး ဆွတ်ခူးရရှိခဲ့တာပါ။

    ဇာတ်လမ်းအဆိုအရ အိန္ဒိယ ပြည်နယ် West Bengal ရဲ့ ကွန်မြူနစ်အစိုးရကို ပြုတ်ကျစေဖို့ 1995မှာ ဖြစ်ပွားခဲ့တဲ့ Purulia Arms Drop Caseနဲ့  သက်ဆိုင်ပါတယ်။

    သရုပ်ဆောင်တွေရဲ့ထူးခြားချက်က ဆေးကျောင်းသား/သူလေးတွေလိုပဲ မင်းသား၊ မင်းသမီးနှစ်ယောက်လုံးက မှန်ကြောင်လေးတွေ၊ချောချောလေးတွေပေါ့နော်။ မင်းသား Jagga က ငယ်ငယ်ကတည်းက ရှက်တတ်၊ စပ်စုတတ်ပြီး စကားအတော်ထစ်ပါတယ်။ ဒါမဲ့ သူ့ရဲ့မွေးစားအဖေ Banchi က စကားကို သီချင်းလို ဆိုပြီး ပြောတတ်ဖို့ သင်ကြားပေးခဲ့ပါတယ်။ နောက်  Jagga လေး  Border သွားရတဲ့အချိန်မှာပဲ သူ့အဖေက အကြောင်းတစ်စုံတစ်ရာကြောင့် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။  Detective Jagga လည်း သူ့အဖေကို လိုက်ရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူ့အဖေကို လိုက်ရှာရင်းနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းတဲ့ သတင်းထောက် Shruti နဲ့တွေ့ဆုံခဲ့ပါတယ်။ Shruti က တစ်ခုခုလုပ်လိုက်ရင် တလွဲတွေချည်း လုပ်တာ (ညီမနဲ့ ဆင်တယ်ပေါ့နော် :3)

    Shruti ကပဲ လုံးဝ ဟာသတွေကို ဖန်တီးသွားတာပါ။ Partner Shruti နဲ့အတူ သူ့အဖေကို အဝေးကြီးထိ ရှာပုံတော်ဖွင့်ခဲ့ပါတယ်။ စကားထစ်တဲ့ ကောင်လေးနဲ့ တလွဲတွေချည်းလုပ်တတ်တဲ့ ကောင်မလေးဟာ မွေးစားအဖေကို နောက်ဆုံးမှာ ရှာနိုင်သွားလား မရှာနိုင်ခဲ့ဘူးလားဆိုတာတော့ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ တစ်ကားလုံးကို စွန့်စားခန်းတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့်အပြင် ရယ်လည်းရယ်နေရမှာပါ။:3 ခုလိုအချိန်မှာ စိတ်ကို လုံးဝ Healing ဖြစ်စေမယ်ဆိုတာ အာမခံပါတယ်။ ဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ ထပ်မံ Recommendချင်ပါတယ်ရှင်။ (မီလည်းထပ်ကြည့်ဦးမှာ)

Good days ahead....


Comments

  1. Thanks for this excellent review
    Normally i dont enjoy indian films
    They dance a lot 🤣

    ReplyDelete

Post a Comment