ဒီနေ့မှာတော့ NF ရဲ့ ၂၀၁၉ မှာထွက်ရှိခဲ့တဲ့ "The Search" Album ထဲက “Leave Me Alone” ဆိုတဲ့ သီချင်းကို ညွှန်းပေးထားပါတယ်။ NF ရဲ့သီချင်းတွေကို တော်တော်များများနားထောင်ဖူးသူတိုင်း ထူးခြားတာတစ်ခုကိုတော့ ခံစားရမယ်လို့ ထင်ပါတယ်။ နားထောင်ရတာ Super Motivating ဖြစ်တာပါ။ Lyrical Rap တွေကို အတော်ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်ပြီးတော့ သီချင်းတိုင်းမှာ သုံးသွားတဲ့ Rhymeတွေ Flowတွေ Beat တွေက တစ်ပုဒ်နဲ့တစ်ပုဒ်ထပ်နေတာမျိုးမရှိဘဲ မတူညီတဲ့ရသတွေ ပေးစွမ်းနိုင်ပါတယ်။ ခုညွှန်းထားတဲ့ “Leave Me Alone” မှာလည်း နားထောင်နေရင်း အီသွားတာမျိုးမရှိဘဲ အစကနေ အဆုံးအထိ ဆွဲခေါ်သွားနိုင်ပါတယ်။ Lyrics တွေအတော်ကြွယ်ပြီးတော့ သုံးထားတဲ့စကားလုံးတွေလည်းတော်တော်မိုက်ပါတယ်။ နူးနူးညံ့ညံ့ သီချင်းအေးအေးလေးတွေကို ကြိုက်တတ်သူတွေထက် ဆူဆူညံညံနဲ့ ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေ အလိုမကျမှုတွေ ကိုယ့်ပတ်ဝန်းကျင်မှာပြောဆိုဆက်ဆံနေရသူတွေနဲ့အဆင်မပြေမှုတွေကို အော်ဟစ်ဖြေဖျောက်ချင်သူများအတွက် ပိုပြီးRecommend ပေးပါတယ်နော်။
Comments
Post a Comment