Skip to main content

Leeds United Vs Liverpool FC

 


    Brazil ဘောလုံးအဖွဲချုပ်ရဲ့ လက်ရွေးစင်အသင်းနှင့် မပူးပေါင်းခဲ့သောကစားသမားများကို တိုင်ကြား ထားချက် အား စောစီးစွာဖြေရှင်းနိုင်ခဲ့ပါတယ်။ အဲ့အတွက်ကြောင့် Leeds ဘက်မှာ Raphina နှင့် Liverpool ဘက်မှာ Allison, Fabinho တို့ ပါဝင်လာမှာပဲဖြစ်ပါတယ်။ 


🟡 အိမ်ရှင် Leeds အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲမှာ United ကို ဂိုးပြတ်ရှုံးနိမ့်ထားပြီး Everton,

Burnley တို့နှင့် သရေကျခဲ့ပါတယ်။ Raphina×Bamford×Harrison တို့ ပါဝင်တဲ့ တိုက်စစ်ဟာ

Liverpool ရဲ့ ခံစစ်ကို ကောင်းကောင်းစမ်းသပ်ပေးမှာ အသေအချာပါပဲ။ သို့သော် ဂိုးတွေ ခွင့်ပြုနေရဆဲ

ဖြစ်တဲ့ ခံစစ်ပိုင်း မှာ အနည်းငယ် မချင့်မရဲဖြစ်စရာပါ။ Liverpool ရဲ့ တိုက်စစ်ကို ဘယ်လိုထိန်းချုပ်သွား

မလဲဆိုတာ ကိုတော့ စောင့်ကြည့်ရမှာပါ။ ဒီပွဲဟာ အသစ်ရောက်လာတဲ့ Daniel James ရဲ့ ပွဲဦးထွက်

ဖြစ်လာနိုင်ပါတယ်။


⚔️နောက်ဆုံးထိပ်တိုက်ရင်ဆိုင်မှု ၂ ကြိမ်မှာ Leeds အသင်းဟာ Liverpool အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ပြီး အိမ်ကွင်းမှာ သရေကစားထားခဲ့ပါတယ်။ ခြေစွမ်းပိုင်းအရတော့ သိပ်ပြီး ကွာခြားချက် မရှိခဲ့ပါဘူး။

စိတ်လှုပ်ရှားစရာပွဲစဉ်တွေ ဖြစ်ခဲ့ပါတယ်။ အဲ့တာကြောင့် ဒီတစ်ခါတွေ့ဆုံမှုဟာလည်း မျှော်လင့်ချင်စရာ

ပွဲကောင်းတစ်ပွဲ ဖြစ်ပါလိမ့်မယ်။



🔴 ဧည့်သည် Liverpool အသင်းဟာ Premier League အစကို ကောင်းမွန်စွာ စတင်နိုင်ခဲ့ပါတယ်။ 

Norwich အသင်းနှင့် Burnley အသင်းတို့ကို အနိုင်ယူထားခဲ့ပေမဲ့ ထိုပြီးပြည့်စုံတဲ့ စတင်ခြင်းဟာ

Chelsea အသင်းနှင့်မတွေ့ခင်အထိသာ ဖြစ်ပါတယ်။ လူတစ်ယောက်လျော့ Chelsea ကို သရေကျရုံသာ

ကစားနိုင်ခဲ့တာဟာ ကျေနပ်ဖွယ်ရလဒ်တော့ မဟုတ်ခဲ့ပါဘူး။လက်တလောဒဏ်ရာပြဿနာတွေနှင့် ရင်ဆိုင်

နေရတဲ့ Van Dijk ဟာ ဒီပွဲမှာ ပါဝင်လာမှာဖြစ်တဲ့အတွက်ကြောင့် Leeds တိုက်စစ်မှူးတွေအတွက် ဂိုးရဖို့

တအားကြီးမလွယ်ကူပါဘူး။ အသင်းတွေကို အနှောက်အယှက်အပေးနိုင်ဆုံးက ဒဏ်ရာပြဿနာပါပဲ။

Liverpoolအသင်းရဲ့အဓိကတိုက်စစ်မှူး Fermino ဟာ ကြွက်သားဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် Salah×Jota×Mane တိုက်စစ်အတွဲကို ပွဲထုတ်လာနိုင်ချေ ရှိပါတယ်။

Salah ဟာ ပုံမန်ခြေစွမ်းပြနေပြီး Mane ဟာလည်း လက်ရွေးစင်အသင်းအတွက် ၂ ပွဲကစား ၂ ဂိုး သွင်းယူ

ပြီး ခြေစွမ်းကောင်းတွေ ပြသထားတဲ့အတွက်ကြောင့် တိုက်စစ်အပိုင်းမှာ အနည်းငယ် စိတ်အေးရပါတယ်။

ဒီညတော့ ကျွန်တော့်ဧည့်သည်အသင်းဘက်မှာ ရှိနေပါမယ်။


ခန့်မှန်းဂိုးရလဒ်

Leeds United (1-3) Liverpool


Leeds အသင်း၏ခန့်မှန်းလူစာရင်း

Meslier,Ayling,Cooper,Llorente,Raphina, Phillips, Rodrigo,Dallas,James, Harrison, Bamford.(5-4-1)


Liverpoolအသင်း၏ခန့်မှန်းလူစာရင်း

Alisson, Alexander-Arnold,Matip,Van Dijk, Robertson, Thiago, Fabinho, Henderson,Salah,

Jota,Mane.(4-3-3) 


Premier League Round (4)

Time - Sun 10pm

Stadium - Elland Road

Referee - Craig Pawson


Comments

Post a Comment