Skip to main content

Lost stars - Adam Levine review


    ကိုယ် အခုတလော မကြာခဏနားထောင်ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်ရှိတယ်။

Adam Levineရဲ့ Lost stars တဲ့။

    စိတ်တွေရှုပ်လာတဲ့အခါ၊ မသေချာမရေရာတာတွေများလာတဲ့အခါ၊ ဘာမှန်းသေချာခွဲပြလို့မရတဲ့ ခံစားချက်တွေရှိလာတဲ့အခါ၊ ဘာဆက်လုပ်ရမှန်းမသိတဲ့အခါ

    အဲ့လိုအခါမျိုးမှာearphoneလေးတပ်ပြီ နားထောင်ဖြစ်တဲ့ သီချင်း....

    နည်းနည်းစိတ်ဝင်စားလို့ရှာကြည့်တော့ 

Begin Againဇာတ်ကားနဲ့ 2015 best original song Oscar nominees ရထားကြောင်းတွေ့ရတယ်။ဇာတ်ကားတော့ nfမှာ ခဏခဏတွေ့နေရပေမယ့် ကံမပါသေးလို့ထင်တယ် မကြည့်ဖြစ်သေးဘူး။

    ထားပါ ပြောချင်တာက နားထောင်ဖြစ်တယ်ပေါ့။

    ဒီသီချင်းကို နားထောင်ရင်း မသေချာတာတွေ သေချာလာသလား မေးရင်တော့ မဟုတ်ဘူး။

ဒါပေမယ့် ဟိုတစ်စဒီတစ်စ မသေချာမှုတွေက ငြိမ်သက်အေးဆေးတဲ့ မသေချာမှုတွေ ဖြစ်လာတယ်။အဲ့ကနေမှ ဆက်တွေး ဆက်တွေးပေါ့။

ဒီသီချင်းက တချို့lyric တွေဆို personally တော်တော် သဘောကျတယ်ပြောရမယ်။ 


“Take my hand let’s see where we wake up tomorrow “

“Best laid plans sometime are just a one night stand”

“Who are we? Just a speck of dust within the galaxy?”

“Don’t you dare let our best memories bring you sorrow”

အဲ့တာမျိုးတွေပေါ့။

အဲ့မှာ

 “Turn the page ,may be we’ll find a brand new ending”

ဆိုတဲ့ တစ်ကြောင်းသွားတွေ့တယ်။

   အဓိပ္ပာယ်က “move on “ “have a fresh start” အဲ့တာမျိုးပေါ့။ 

    တဆက်တည်းမှာပဲ ကြားဖူးတဲ့ “ဘဝဆိုတာ စာမျက်နှာကျော်ဖတ်လို့မရတဲ့ စာအုပ်တစ်အုပ်“ဆိုတဲ့ စကားတစ်ခွန်းသွားသတိရတယ်။ဘယ်သူပြောမှန်းတော့ မမှတ်မိဘူး။

    'တကယ်လို့သာ လူတွေဟာ ဘဝကို စာမျက်နှာကျော်ဖတ်လို့ရမယ်ဆို ဘယ်လိုများနေကြမလဲ'လို့တွေးမိတယ်။

    လာမယ့် စာမျက်နှာက လူတွေအတွက် လက်ရှိစာမျက်နှာက လူတွေကို ထားခဲ့ကြမလား။

    အနာဂတ်မှာ ဖြစ်ကိုဖြစ်လာမယ့်ကိစ္စတွေအတွက် ပစ္စုပ္ပန်ကို သစ္စာဖောက်ကြမှာလား။ ဖြစ်လာမယ့် အနာဂတ်ကို ကြည့်ပြီး ပစ္စုန်ကို ထုဆစ်ကြမှာလား။ ပစ္စုန်ပန်မှာ ဖြစ်လာသမျှကိုပဲလက်ခံပြီး အနာဂတ်ကို ပုံဖော်ကြမှာလား။ အဲ့လို ဘာလား ညာဘား လားပေါင်းများစွာပေါ့။

    ဒါပေမယ့် ကံကောင်းစွာနဲ့ ဖန်ဆင်းရှင်ဆိုတဲ့ သတ္တဝါက ငါတို့ကို စာမျက်နှာကြိုဖတ်နိုင်တဲ့ အရည်အချင်းထည့်မပေးလိုက်ဘူး။

    အဲ့တော့ မသေချာတာတွေကို လက်ခံရင်းနဲ့ပဲ ငါတို့ဟာ နောက်စာမျက်နှာ အရောက်ကို စောင့်ကြရတာပေါ့.....။ ။





Comments