Lovers of the Red Sky Drama Review
အခု reviewပေးချင်တာကတော့ SBSကနေအပတ်စဥ် တနင်္လာ အင်္ဂါ ထုတ်လွှင့်နေဆဲဖြစ်နေတဲ့ Lovers of the Red Sky Dramaလေးဖြစ်ပါတယ် Ahn Hyo Seopနဲ့ Kim Yoo Jungတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပီး mysterical,romance,historical dramaလေးဖြစ်တာမလို့ နန်းတွင်းကားကိုမှ mysterical typeလေးကြိုက်တဲ့သူတွေအတွက် ကွက်တိဖြစ်မှာပါ။ ဒီကားကိုကြည့်သင့်တဲ့အကြောင်းအရင်းတွေပြောပါဆိုရင် cinematography အရမ်းလှပါတယ်၊ မင်းသားနဲ့မင်းသမီး ကလေးဘဝ မက်မွန်ခြံသွားတဲ့အခန်းဆို တကယ်လှတာပါ။ Ahn Hyo Seop နဲ့ Kim Yoo Jung Chemistry အရမ်းမိပါတယ်၊ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှနဲ့ အချိတ်အဆက်မိမိ အကောင်းဆုံးသရုပ်ဆောင်ထားပါတယ်။ Ahn Hyo Seopရဲ့တည်ကြည်ခန့်ညားမှုကိုလည်း တစ်ဝကြီး မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ plotကတော့စကြည့်လိုက်ပီဆိုတာနဲ့ ပျင်းတယ်လို့တောင်မပြောနိုင်အောင် ဆွဲခေါ်သွားနိုင်မယ့် plot twistတွေ mysterical sceneတွေနဲ့ပြည့်နှက်နေတာမလို့ Lovers of the Red Sky dramaကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်၊ အပိုင်း ၄ထိ ထွက်ပီးတာကိုကြည့်ပီး ပေးထားတဲ့ personal ratingကတော့ 9/10ပါ ဒရာမာပရိတ်သတ်တွေသဘောကျမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်မယ်ထင်ပါတယ်။
Comments
Post a Comment