ကဲ ဒီတပါတ်weekendမှာတော့ ကျနော်တို့မျှော်လင့်နေတဲ့ ပြည်တွင်းလိဂ်ဖလားယှဉ်ပြိုင်ပွဲတွေကို ခံစားရတော့မှာဖြစ်ပါတယ်။ ကြားထဲမှာ သက်ဆိုင်ရာနိုင်ငံအသင်းတွေအတွက် သွားရောက်ယှဉ်ပြိုင်ထားရတဲ့ လက်ရွေးစင်ကစားသမားတွေကတော့ ပွဲဆက်တွေ ယှဉ်ပြိုင်ထားရလို့ ပင်ပန်းနေကြမှာပါ။
ဒီတပါတ်စနေနေ့မှာတော့ ဘောလုံးပွဲပရိတ်သတ်တွေတိုင်း ကြိုက်ကြတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ကြမယ့် လက်စတာနဲ့မန်စီးတီးပွဲကို ပွဲကြိုသုံးသပ်မှုနဲ့အတူ ခန့်မှန်းပေးချင်ပါတယ်။
နောက်ပိုင်းနှစ်တွေမှာUnder dogအသင်းဘ၀ကနေ နည်းပြရော်ဂျာရဲ့ ဦးဆောင်မှုနဲ့ ထိပ်သီးလေးသင်းနေရာအတွက် ယှဉ်ပြိုင်ဖို့လှမ်း၀င်လာတဲ့ အိမ်ရှင်လက်စတာကတော့ အိမ်ကွင်းKing Power Stadiumမှာ ကစားရမှာဖြစ်တဲ့အပြင် ရာသီကြိုကာလ Community Shieldမှာ အနိုင်ယူထားနိုင်တာကြောင့် စိတ်ဓာတ်ပိုင်းအသာစီးရနေပါတယ်။
ဧည့်သည် မန်စီးတီးအသင်းအနေနဲ့ကတော့ ကာလရှည်ကြာဒဏ်ရာကနေ သက်သာလာပြီး လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ အသင်းရဲ့ အဓိကဖန်တီးရှင် Kevin De Bruyne ပြန်လည်ပါ၀င်လာနိုင်ဖွယ်ရှိနေပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးPhil Fodenလည်း ပြန်ပါလာနိုင်ဖွယ်ရှိနေတဲ့အတွက် တိုက်စစ်ပိုင်းကတော့အားရစရာကောင်းလွန်းနေပါတယ်။
လက်စတာအသင်းကတော့ အဓိက CBနှစ်ယောက် ဒဏ်ရာရနေတဲ့အတွက် ခံစစ်ပိုင်းမှာ ယိုယွင်းမှုအနည်းငယ်ရှိနေပေမဲ့ Tielemansဦးဆောင်တဲ့ ကွင်းလယ်စုဖွဲ့မှုနဲ့အတူ အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ တိုက်စစ်မှုးJamie Vardyတို့က မန်စီးတီးခံစစ်ကို ခြိမ်းခြောက်နိုင်မှာအသေအချာပါဘဲ။
မန်စီးတီးအသင်းကတော့ခံစစ်၊ကွင်းလယ်နဲ့တိုက်စစ်နေရာတွေမှ ာအရန်အင်အားတောင့်တင်းလို့အစတည်းက ကောင်းနေပေမဲ့လည်း ဒဏ်ရာရနေတဲ့သူတွေ ပြန်လည်ပါ၀င်နိုင်ဖွယ်ရှိနေလို့ အချိုပေါ်သကာလောင်းသလို ဖြစ်နေပြီး လက်စတာနောက်တန်းနဲ့ ဂိုးသမားတို့ အိပ်မက်ဆိုးတွေ ပေးဖို့ရှိနေပါတယ်။ဒါ့အပြင် ကြားရက်ထဲမှာ UCLအုပ်စုပွဲတွေ ရှိနေတဲ့အတွက်ကြောက့်လည်း နည်းပြ ဆရာပက်ရဲ့ လူစာရင်းထုတ်ပုံကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ရမှတ်တူ အဆင့်အပေါ်အောက်ဖြစ်တဲ့ နှစ်သင်းလုံး အနိုင်3မှတ်အတွက် ကြိုးကြိုးစားစားယှဉ်ပြိုင်ကြမှာဖြစ်ပေမဲ့ အိမ်ရှင်လက်စတာတို့ အရေးနိမ့်ပြီး အရန်အင်အားတောင့်တင်းတဲ့ မန်စီးတီးတို့ အသာရသွားမယ်လို့ ထင်ပါတယ်။
ခန့်မှန်းရလာဒ် လက်စတာ 1-3 မန်စီးတီး
Match date - Sat8:30pm
Stadium-King Power Stadium
Referee -Paul Tierney
Comments
Post a Comment