Maskne တွေကို ဘယ်လိုဖြေရှင်းကြမလဲ?
- အခုလို Covid ကာလအတွင်းမှာ အချိန်ကြာမြင့်စွာ mask တပ်ထားရခြင်းကြောင့် အမျိုးသမီးတွေရော အမျိုးသားတွေမှာပါ skin problem အသစ်တွေတိုးလာကြပါတယ်။ အဲ့ထဲကမှ maskne လို့ခေါ်တဲ့ maskကြောင့်ဖြစ်တဲ့ acneပြဿနာတွေကို ဘယ်လိုလျော့ပါးအောင်လုပ်နိုင်မလဲဆိုတာ အကြံပေးပြောပြချင်ပါတယ်ရှင်။
- ကျနော်တို့တွေဟာ အချိန်ကြာမြင့်စွာ mask တပ်ထားရခြင်းကြောင့် မျက်နှာမှာရှိတဲ့အဆီတွေဟာ ချွေးတွေနဲ့အတူ maskရဲ့အောက်မှာ ပိတ်မိနေပြီး maskအုပ်ထားရာနေရာတွေဖြစ်တဲ့ နှာခေါင်း၊ပါးပြင်နဲ့ နှုတ်ခမ်းတဝိုက်မှာ ဝက်ခြံတွေ ထွက်ပေါ်လာကြပါတယ်။
ဒါ့အပြင် မသန့်ရှင်းတဲ့ mask တွေအသုံးပြုတာ၊ maskတစ်ခုကို ရက်ရှည်အသုံးပြုတာ စတာတွေကြောင့်လည်း ဝက်ခြံတွေပိုလို့ရောင်ရမ်းလာတတ်ပါတယ်။
*ဒါပေမယ့် စိတ်မပူပါနဲ့။
Maskne တွေသက်သာလာအောင် ဖြေရှင်းလို့ရနိုင်မယ့် နည်းလမ်းတချို့ ရှိလို့နေပါသေးတယ်နော်။*
ပထမဦးစွာ မနက်တစ်ခါ ညတစ်ခါ မျက်နှာကို စင်ကြယ်အောင်သစ်ပါ။
ချွေးစိုနေသော mask ကို အချိန်ကြာမြင့်စွာတပ်ထားပြီးရင်လည်း မျက်နှာပြန်သစ်ပါ။
Alcoholမပါတဲ့ Gentle cleanser တွေ သုံးရင် ပိုလို့ကောင်းပါတယ်။
Ceramides ပါတဲ့ moisturizer လိမ်းပါ။
နောက်ဆုံးအနေနဲ့ ဝက်ခြံထွက်နေစဉ်ကာလအတွင်း makeup လိမ်းခြင်းကို တတ်နိုင်သမျှ လျှော့ပေးပါ လို့ အကြံပေးပါရစေရှင်။
လေးနာရီခြားတစ်ခါ mask ကို ပြောင်းလဲတပ်ဆင်ဖို့လည်း မမေ့ပါနဲ့ဦးနော် !
-ဒီ tips လေးတွေအတိုင်း လိုက်ပြီးပြုလုပ်ကြည့်မယ်ဆိုရင်တော့ maskne လေးတွေ သိသိသာသာ လျော့ပါးလာတာကို တွေ့ရပါလိမ့်မယ်ရှင်။
အားလုံးပဲ Thanks me later နော် 💙
Done
ReplyDeleteDone
ReplyDelete