Skip to main content

Mr.Hiiragi's Homeroom / 3 Nen A Gumi - review

 


    အခုတလော Social media ပေါ်မှာ လူမှူရေးပြဿနာပေါင်းများစွာ တင်ကြပြောကြ ၀င်ဆဲဆိုအားပေးထောက်ခံကြတာတွေ များလာကြပါတယ် ဒါကြောင့်ဒီ Mr.Hiiragi's Homeroom / 3 Nen A Gumi ဆိုတဲ့ ဂျပန်ဇာတ်လမ်းတွဲလေးကို ညွှန်းပေးချင်ပါတယ် တွေးစရာတွေအများကြီးပါတဲ့ ပညာပေးကားလေးပါ အပိုင်းလည်းသိပ်မများပါဘူး။

      ပွဲတကာပါလေ့ရှိတဲ့သူတွေ ပိုပြီးကြည့်သင့်ပါတယ်‌နော်

      Social media ပေါ်ကကိစ္စရပ်တွေက မှန်ကန်မှုဘယ်လောက်ထိရှိလဲ

      ကိုယ်အပြင်မှာသိတောင်မသိတဲ့ လူတယောက်ကို သေချာမသိဘဲနဲ စကားလုံးတွေနဲ့ တိုက်ခိုက်တာ‌မှန်ကန်ရဲ့လား၊ ကိုယ့်ရဲ့စိတ်အာသာဖြေဖိုအတွက် သူများကိုတိုက်ခိုက်‌တတ်ကြတဲ့ သူတိုရဲ့ ဘက်လိုက်တဲ့တရားမျှတ‌မှုတွေ ကိုစိတ်၀င်စားစွာရိုက်ပြထားပါတယ်

     ဇာတ်ကြောင်းကတော့ အပိုင်းတစ်ကတည်းက စိတ်၀င်စားစရာကောင်းပါတယ် ခိုင်းအိုအထက်တန်းကျောင်းရဲ့အောင်လက်မှတ်ပေးပွဲမစခင် ဆယ်ရက်အလိုမှာ ဆရာတယောက်က  ‌ကျောင်းကိုဗုံးဖောက်ကာ သူ့အတန်းကကျောင်းသားတွေကို ပြန်ပေးဆွဲပြီးဓားစာခံ အဖြစ်ထားလိုက်ပါတယ်(ကြမ်းတယ်နော်)

      ဆရာကဘာလို ပြန်ပေးဆွဲတာလဲ သူ့ရဲ့ရည်ရွယ်ချက်ကရောဘာများဖြစ်မလဲဆိုတာကို မှန်းလိုမရတဲ့ plot twistတွေနဲ့အတူ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ

Comments