Skip to main content

Nomadland (သို့မဟုတ်) ရှင်သန်‌နေထိုင်ခြင်း



    'ဖြစ်တည်မှု'ဆိုတဲ့ စကားလံုးရဲ့နောက်မှာ 'အသက်ရှင်နေထိုင်ခြင်း"ဆိုသော စကားလုံးကပ်ပါလာသလို ရှင်သန်နေထိုင်ခြင်းနဲ့ပတ်သက်ပြီး လေးလေးနက်နက်ရောတွေးတောဘူးပါသလား။ကျွန်တော်တို့ မည်သို့သောအရာတွေအတွက် ရှင်သန်နေကြရတာလဲ။ဘယ်သူတွေအတွက် ရှင်သန်နေကြတာလဲ။'ဘဝ' ဆိုတဲ့အရာထဲမှာ ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကို ရှာဖွေကြဖို့လား ဒါမှမဟုတ် ကျွန်တော်တို့ ချစ်ရတဲ့သူနဲ့ အတူ နေထိုင်သွားဖို့ဘဲ အတွက်လား။ချစ်ရတဲ့သူတွေ၊ပျော်ရွှင်မှုတွေမရှိဘဲ တစ်ယောက်ထဲကျန်နေခဲ့ရတဲ့ လောကကြီးမှာရော ရှင်သန်ခြင်းဆိုတဲ့အရာဟာ ဘယ်လိုအဓိပ္ပာယ်တွေများရှိနေနိုင်မလဲ။

   ဘဝအကြောင်းကို တွေးတောစရာတွေများစွာပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ကားပေါင်းများစွာကို ကျွန်တော်ကြည့်ဘူးသည်။သို့သော် Nomadlandကဲ့သို့သော ဇာတ်ကားမျိုးကိုတော့ ခပ်ဆင်ဆင်ပင် ကျွန်တော်မကြည့်ဘူးပေ။ဤရုပ်ရှင်ကို Marvel ဖန်တွေကြားမှာနာမည်ကြီးနေသော မကြာခင်မှာထွက်ရှိလာမည့် Eternalsရုပ်ရှင်ကို ရိုက်ကူးသည့် အမျိုးသမီး ဒါရိုက်တာ Chloe Zhao ထုတ်လုပ်ရိုက်ကူထားပြီး အဓိကပါဝင်သရုပ်ဆောင်ထားသော မင်းသမီးFrances Mcdormand ကိုယ်တိုင် ထုတ်လုပ်သူထဲတွင်ပါဝင်ထားပေသည်။(ဤဇာတ်ကားဖြင့်ပင် Chloe Zhaoက ‌2021ခုနှစ်အော်စကာဆုပေးပွဲတွင် Best Director ဆုကိုရခဲ့ပြီး Frances Mcdormandသည်လည်း ဤဇာတ်ကားဖြင့်ပင် သူမအတွက် တတိယမြောက် Best Actress in a leading roleဆုကိုရခဲ့သည်။Best Pictureဆုကိုလည်းရရှိခဲ့သေးသည်)

  

    ဇာတ်လမ်း ပုံစံက ရိုးရိုးရှင်းရှင်းပါဘဲ။အပြင်မှာတကယ်ရှိသော ရေကြည်ရာမြက်နုရာ လှည့်လည်နေထိုင်သူ(nomads) တွေရဲ့ဘဝကိုအခြေခံထားတဲ့  Jessica Bruder၏ Nomadland: Surviving America in the Twenty-First Century ဆိုသော စာအုပ်ကို မှီငြမ်းပြီး ဇာတ်အိမ်ဖွဲ့ထားသည်။အများစုနှစ်ခြိုက်ကြသော ဇာတ်အိမ် အတက်၊အကျ၊အနိမ့်၊အမြင့် မပါတာဖြစ်သောကြောင့် ပျင်းစရာကောင်းတယ်လို့ထင်ချင်ထင်နေပါလိမ့်မည်။ကျွန်တော်ကတော့ ဇာတ်လမ်းကို ဆုံးအောင်ကြည့်ဘို့ အကြံပြုချင်ပါသည်။


  Sheetrockဟုခေါ်သော အိမ်တွင်းအလှဆင်နံရံပြား များ ဝယ်လိုအားကျဆင်းသွားမှုကြောင့် မြောက်ဘက် Nevadaပြည်နယ် Empireနယ်မြေရှိ နှစ်ပေါင်း88နှစ်ကြာရပ်တည်လာသော US Gypsumစက်ရုံဟာ 2011ခုနှစ် ဇန်နဝါရီလမှာ ပိတ်သိမ်းခဲ့ရပါသည်။ဂျူလိုင်လကိုရောက်‌တဲ့အခါတွင် ထိုပြည်နယ်၏ တည်နေရာzip codeဟာလည်း ဆက်လက်အသုံးမပြုတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါ‌ေတော့သည်။ထို့ကြောင့် ထိုနေရာတွင်နေထိုင်ကြသည့် ဝန်ထမ်း မိသားစုများမှာလည်း အခြားသော အလုပ်နေရာသို့ပြောင်း‌ေရွှ့ကြ‌ရတော့သည်။ထိုသူများထဲတွင် ဖန်း(Frances Mcdormand) နှင့် သူမ၏ခင်ပွန်းတို့သည်လည်းပါဝင်သည်။ထို အခြေအနေအိပ်မက်အဆိုးကြီးနှင့်အတူ ဖန်းရဲ့ ခင်ပွန်းသည် ဆုံးပါးသွားခဲ့ပြီး နှစ်ယောက်ထဲသာရှိသော ဘဝထဲတွင် ဖန်းတစ်ယောက်ထဲကို သာ ထားရစ်ခဲ့တော့သည်။ခင်ပွန်းကိုဆုံးရှုံးပြီး၊ချစ်ခင်ရ‌ေသာ အိမ်နီးချင်းမိတ်ဆွေသူငယ်ချင်းများနှင့် ခွဲခွာရပြီးနောက် အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးကြီး ဖန်း‌တစ်ယောက် နေရာအတည်တကျမရှိဘဲ ဗန်ကားတစ်စီးဖြင့် ရွှေ့ပြောင်းနေထိုင်ကြသော modern nomads‌ေတွဧ။်နေထိုင်မှုပုံစံကိုရွေးချယ်ခဲ့တော့သည်။Amazonကုမ္ပဏီ ‌များတွင် seasonal jobတွေကို ရှာဖွေလုပ်ကိုင်ရင်း အမေရိက အနောက်တစ်ခွင်တစ်နှံ့ ဗန်ကားတစ်စီးဖြင့် လည်ပတ်နေထိုင်ခြင်း ဖြစ်သည်။"homeless' ဘဝအစား 'houseless'ဘဝသို့.....။အိပ်ခြေရာမဲ့မဟုတ်ဘဲ အိမ်ဟူသောသတ်မှတ်ချက်နှင့်ကိုက်ညီသော နေရာမှာသာမနေရုံပါ....။


  ဒီလိုနဲ့ ဖန်းတစ်ယောက် လမ်းမပေါ်တွင် သူမလို နေထိုင်ကြသော အခြားသူတွေနှင့် မိတ်ဆွေဖွဲ့ တွေ့ဆုံကြ၊ခွဲခွာကြဖြင့် သူမဘဝကို ဆက်လက်ရှင်သန်ခဲ့သည်။ဤကဲ့သို့ နေထိုင်မှုပုံစံကို ရွေးချယ်ကြသူများမှာလည်း အကြောင်းကိုယ်စီဖြင့်ပင်။အလုပ်ကို ဘဝဟုသတ်မှတ်ပြီး အလုပ်ထဲတွင်သာမိမိဘဝကိုနစ်မြုပ်ထားကြပေမဲ့ အချိန်တန် အသက်ကြီးလာသောအခါ အလုပ်ရဲ့ကျေးကျွန်မြင်းအိုကြီးတွေအဖြစ် လူ့အဖွဲ့အစည်း၏စည်းရဲ့အပြင်ဘက်ကို တွန်းထုတ်ခံ့ကြရရင်း ဤဘဝနေထိုင်မှုပုံစံကို ရွေးချယ်ခဲ့ကြသူများ..။မိမိရဲ့ ဘဝဒဏ်ရာကို ကုစားဖို့အတွက် လွတ်လပ်မှု၊ငြိမ်းချမ်းခြင်း နှင့် သဘာဝကမ္ဘာလောကကြီးနှင့် အနီးဆုံးတွင်ရှိသော ဤနေထိုင်မှုပုံစံကို ရွေးချယ်သူများ...။အခြားသောအကြောင်းကြောင်း ကြောင့် သွေးသာရင်းချာမိသားစုတွေကိုစွန့်ခွာခဲ့ကြသူများ စသဖြင့် ဤ နေထိုင်မှုပုံစံကိုရွေးချယ်ခဲ့ကြ‌သူများမှာ အကြောင်းကိုယ်စီဖြင့်ပင်.....။နောက်ပြီး ဤရုပ်ရှင်‌တွင်ပါဝင်သော Linda may,Swankie,Bob wellsစသောဇာတ်ကောင်များမှာ အပြင်ဘဝတွင်တကယ်ရှိသော nomadsများဖြစ်ကြသည်။


   ထပ်ခါ ထပ်ခါပြန်ကြည့်လေ ရုပ်ရှင်အကြောင်းကိုပို၍ ပို၍ နားလည်စေသော ရုပ်ရှင်များတွင် ဤရုပ်ရှင်လည်း အပါအဝင်တစ်ခုပင် ဖြစ်ပေသည်။ရုပ်ရှင်ရဲ့ ကြာချိန်နှစ်နာရီဟာ ကျွန်တော်တို့ရဲ့ဘဝကို ပြောင်းလဲပေးချင်မှပြောင်းလဲပေးနိုင်ပေမဲ့ လက်ကျန်ဘဝနဲ့ပတ်သက်ပြီး အတွေးအမျှင်တစ်ခုကျန်ခဲ့စေမှာတော့ အသေအချာပါဘဲ။ဘာဘဲ ဖြစ်ဖြစ်မနက်ဖြန် မနက်ဖြန်များစွာဟာ အနာဂတ်မှာ သေလမ်းတစ်ခုသာ ရှိမဲ့ တောက်ပစွာရှင်သန်နိုင်မယ့် လမ်းစကိုရှာဖွေနေကြဆဲသာ ဖြစ်လေသည်.....။။။


 

Comments