ကမ္ဘာပေါ်မှာ ရှိတဲ့ ထူးဆန်းတဲ့ တိုက်ကြီးတစ်ခုအကြောင်း (Part 1)
Hello Clickers လေးတို့ရေ ဒီနေ့ Admin ပြောပြပေးသွားမှာကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ထူးဆန်းတဲ့ တိုက်ကြီးတစ်ခုဖြစ်တဲ့ အန္တာတိကတိုက်အကြောင်းပဲ ဖြစ်ပါတယ်။ Adminအတွက်တော့ Antartica ဟာ အရမ်းအံ့ဩဖွယ်ကောင်းပြီး အန္တရာယ်လည်း များတယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာ သိချင်ရင် ဆက်ဖတ်ပေးနော်။
#စာနဲ့အတူ ပုံလေးတွေပါ တခါတည်း သေချာကြည့်ပေးပါနော်။ ဒါမှ ပိုမြင်လာမှာမလို့ပါ။
အန္တာတိကတိုက်ဟာ ကမ္ဘာ့ တောင်ဘက်ဆုံးတိုက်ဖြစ်ပြီး တောင်ဝင်ရိုးစွန်းတည်ရှိရာနေရာလည်း ဖြစ်ပါတယ်။ ဧရိယာ စတုရန်းမိုင်ပေါင်းက 5.4 သန်း ကျယ်ဝန်းပြီး အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိကတိုက်တို့ ပြီးရင် ပဉ္စမမြောက် အကြီးဆုံးတိုက် ဖြစ်ပါတယ်။ တိုက်ရဲ့ 98% ကို ရေခဲပြင်တွေနဲ့ ဖုံးလွှမ်းထားကာ အရွယ်အစားက ဩစတေးလျတိုက်ရဲ့ နှစ်ဆရှိပါတယ်။(ရေခဲထု အထူ- average 1.2 mile) ကျန်တဲ့ 2% ကကျ ရေညှိုပင်တွေ မှော်ပင်တွေ ပေါက်နေတာပါ။ ရေခဲကန္တာရ ဖြစ်လို့လည်း သစ်ပင်ကြီးတွေ၊ချုံပင်တွေလည်း မရှိဘဲ ပန်းပွင့်တဲ့ အပင်တောင် နှစ်မျိုးပဲရှိပါတယ်။ ပုံထဲက တချို့က Non-flowering တွေပါ။
အကယ်၍သာ အန္တာတိကတိုက်က ရေခဲတွေအကုန်လုံး အရည်ပျော်သွားခဲ့ရင် ကမ္ဘာ့သမုဒ္ဒရာရေပြင်တွေရဲ့ အမြင့်ဟာ ၇၀မီတာခန့် မြင့်တက်သွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးနီးပါးရေလွှမ်းခြင်းကို ခံကြရမှာပါ။ အန္တာတိက ရေခဲပြင်တွေအောက်မှာ အရည်ပျော်နေတဲ့ ရေကန်တွေ၊မြစ်တွေ ရှိသေးကြောင်းကိုလည်း မကြာသေးမီကမှ ဂြိုဟ်တုတိုင်းတာချက်တွေအရ သိခဲ့ကြပါတယ်။
အန္တာတိကတိုက်ရဲ့ အပူဆုံးက 18.3 °C ဖြစ်ပြီး အအေးဆုံးအပူချိန်က -89.6°C ဖြစ်ပါတယ်။ Clicker လေးတို့ရဲ့ အိမ်က ရေခဲသေတ္တာက -15 °C လောက်ပဲရှိတာပါ။ သို့ပေမဲ့လည်း မကြာခဏ ရေခဲလွှာများစွာ ပဲ့ထွက်ပြိုကျမှုတွေ ဆက်တိုက် ဖြစ်ပေါ် နေလို့ အခုဆိုရင် အန္တာတိက တိုက်ရဲ့ အပူချိန်က 3°C ထိ တိုးလာပါပြီ။ အဲ့ဒါတွေကြောင့် ပညာရှင်တွေဟာ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာ ရေမျက်နှာပြင်ကို မြင့်တက်လာစေကာ ကမ္ဘာကြီးရဲ့ ရာသီဥတုကိုလည်း ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်မှာတွေ၊ ရေကြီးရေလျှံမှုတွေ ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
နောက် အန္တာတိကတိုက်ကို ဘယ်သူတွေ ရှာဖွေတွေ့ရှိခဲ့ကြသလဲဆိုတာလည်း သိချင်မှာပေါ့နော်။ 1820 လောက်မှာ Fabian Gottlieb von Bellingshausen ဆိုတဲ့ ဂျာမန်အရာရှိရယ်၊ Royal Navy အရာရှိ Edward Bransfield ရယ် ၊ အမေရိကန် သင်္ဘောကပ္ပတိန် တစ်ယောက်ရယ်က မျက်မြင်ပဲ တွေ့ခဲ့ကြတာပါ။ 1821 မှာမှ John Davis (Sealer&Explorer) က အန္တာတိက တိုက်ကို ပထမဆုံး ခြေချခဲ့သူဖြစ်တယ်လို့ ဆိုကြပါတယ်။
အန္တာတိကတိုက်က တိုက်ကြီးတွေထဲမှာ အအေးဆုံး၊ အခြောက်သွေ့ဆုံး၊ လေအထန်ဆုံး၊ အမြင့်ဆုံးစတဲ့ ထူးခြားချက်တွေ ပြည့်နေတဲ့ တိုက်ကြီးပါ။ အမြဲတမ်း နေထိုင်သူ မရှိဘဲ တိုက်ကြီးပေါ်က သုတေသနစခန်းတွေမှာတော့ နေထိုင်သူ ၁,၀၀၀ ကနေ ၅,၀၀၀ အထိ ရှိတတ်ပါတယ်။ အများစုကတော့ နိုင်ငံပေါင်း ၃၀ ကျော်က သိပ္ပံပညာရှင် နဲ့ သုတေသနပညာရှင်တွေ ဖြစ်ပြီး တိုက်ကြီးရဲ့ ထူးခြားအံ့ဖွယ်တွေကို လေ့လာဆန်းစစ်ကြပါတယ်။ အဲ့ထဲမှာ အမေရိကန်နေ မြန်မာအမျိုးသမီးတစ်ဦးတောင် ပါခဲ့တယ်လို့လည်း ဆိုထားပါတယ်။
Antarticaမှာလည်း Southern Lightတွေ မြင်ရတယ်နော်။ (တောင်ဝင်ရိုးစွန်းမှာ ရှိနေတဲ့အတွက်ကြောင့်ပါ။)
ဒါ့အပြင် အန္တာတိကတိုက်ကြီးဟာ ကမ္ဘာပေါ်မှာ စစ်ကင်းမဲ့ဇုန်ဖြစ်ပါတယ်။ စစ်ရေးစစ်ရာနဲ့ ပတ်သက်တာတွေ ဘာမှလုပ်ပိုင်ခွင့် မရှိပါဘူး။ နျူကလီးယားလို လက်နက်ပစ္စည်းတွေ မစမ်းသပ်ဖို့ နိုင်ငံပေါင်း ၄၉နိုင်ငံကနေ သဘောတူလက်မှတ်ထိုးထားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။ ပြီး အန္တာတိကတိုက်ကို ဘယ်သူကမှလည်း မပိုင်ပါဘူး။ ပြောရမယ်ဆို အများပိုင်ပါ။ တချို့နိုင်ငံက သူတွေဆို အဲ့ကို သွားဖို့ Visa တောင် မလိုပါဘူး။ နောက်ပြီး ခရီးသွားတွေဆိုရင်လည်း တိုက်ကြီးပေါ်က ဘယ်အရာကိုမှ ယူဆောင်သွားလို့ မရသလို ကိုယ့်ကြောင့် တစ်စုံတစ်ရာ မပျက်စီးသွားအောင် ဂရုစိုက်ရမှာပါ။ Clickers လေးတွေတို့ထဲကများ အန္တာတိကကို အလည်သွားမယ်ဆို သတိထားကြပေါ့နော်။
အားလုံးပဲ ခုလောက်ဆို အန္တာတိကတိုက်အကြောင်း အတော်သိလောက်ပြီထင်ပါတယ်။ နောက်နေ့တွေမှာတော့ အန္တာတိကတိုက်ပေါ်က ဆန်းကြယ်တဲ့ သတ္တဝါတွေအကြောင်းနဲ့
အရမ်းထူးဆန်းတဲ့အရာတွေတင်ပေးဦးမှာမို့ Part 2 လက်မလွှတ်စတမ်း ဆက်လက် Click ပေးပါဦးရှင်။
Thanks for sharing
ReplyDeleteWoww❤❣
ReplyDeleteThank you so much
for your sharing knowledge❤❣
Great 👍
ReplyDelete