Skip to main content

Tasty foods in Magway

Photo crd to owner🙇‍♀️

 


    ကျွန်တော်ကတော့ မကွေးမြို့မှာ ကျောင်းတက်နေရတဲ့ တက္ကသိုလ်ကျောင်းသားပီပီ ပြီးတော့ အစားအသောက်လည်းမက်တဲ့သူဆိုတော့ မြို့ထဲရှိသမျှ ဆိုင်တိုင်းလိိုလိုမှာ သွားဝါးတီးဆွဲဖြစ်ပါတယ်။ ကျွန်တော် ဝါးတီးဆွဲဖြစ်ခဲ့တဲ့ ဆိုင်တွေထဲမှာမှ ကျွန်တော့်အမြင်အရ အရသာရှိလှတဲ့၊ သွားဝါးတီးဆွဲသင့်တဲ့ ဆိုင်အချို့ကို foodieသူငယ်ချင်းတို့ကို ဝေမျှပေးလိုက်ပါတယ်နော်။


😋 Smile B.B.Q & Hot Pot

- စားဖူးသမျှ B.B.Qဆိုင်တွေထဲမှာ ကျွန်တော့်အမြင်မှာတော့ သန့်ရှင်းလတ်ဆတ်မှုရော၊ အရသာရော၊ စျေးနှုန်းရော၊ ဝန်ဆောင်မှုရော အသင့်တော်ဆုံး၊ အကောင်းဆုံးလို့ မြင်ပါတယ်ဗျ။ လိပ်စာကတော့ "ခွာညိုလမ်း (၁၅)လမ်းထောင့် ၊အထက၁လမ်းနှင့်ပြည်တော်သာလမ်းအတွင်း" မှာပါ။


😋 Thu's Tasty

- ကျွန်တော်တို့ လူငယ်တွေအကြိုက် မာလာရှမ်းကော၊ ပင်လယ်စာမျိုးစုံ၊ အကင်၊ အအေးစတဲ့ စားစရာအမယ်စုံလင်စွာကို တစ်နေရာထဲမှာ ဝါးတီးဆွဲနိုင်မယ့် ဆိုင်လေးပါ။ လိပ်စာကတော့ "ကမ်းနားလမ်း" ပေါ်မှာပါ။


😋 Yoe Shin Cafe

- " ရိုးရှင်း" ဆိုတဲ့ ဆိုင်နာမည်အတိုင်းပါပဲ ဆိုင်အပြင်အဆင်မှာ ရိုးရှင်းကျက်သရေရှိလှပြီး ကော်ဖီ၊ အအေး၊ မုန့်နဲ့ ဟင်းလျာမျိုးစုံကို ဝါးတီးဆွဲနိုင်ပါတယ်။ လိပ်စာကတော့ "မကွေးမြို့ တောင်းတွင်းကြီးလမ်းမပေါ် paradiso ရုပ်ရှင်ရုံနှင့်မျက်နှာချင်းဆိုင်" မှာပါ။


😋 Miso 

- ဒီဆိုင်လေးမှာတော့ တော့ပိုကီ၊ ငါးအူချောင်း၊ ထမင်းလိပ်၊ ကင်မ်ချီထမင်း​သုပ် စတဲ့ကိုရီးယားအစားအစာတွေအပြင် အအေးမျိုးစုံကိုလည်း ဝါးတီးဆွဲနိုင်ပါတယ်။ ဆိုင်နေရာကတော့ " သစ္စာလမ်း" ပေါ်မှာပါ။


😋 Immortal the Pizza

- အရသာရှိလှတဲ့ ပီဇာမျိုးစုံအပြင် ကြက်ကြော်၊ ဟမ်ဘာဂါ၊ စပါကတီ၊ ice-cream စတာတွေလည်း ဝါးတီးဆွဲနိုင်ပါတယ်။ လိပ်စာကတော့ "အထက ၁ လမ်း" ပေါ်မှာပါ။


😋 Blue Sky

- ဝါးလုံးအိမ်လေးထဲမှာ မီးသီးလေးတွေနဲ့ အလှဆင်ထားတဲ့ လှပတဲ့ဆိုင်လေးပါ။ အခြားဆိုင်တွေလိုပဲ ယိုးဒယားထောင်းမျိုးစုံ၊ အကင်၊ အအေးမျိုးစုံတို့ကို ဝါးတီးဆွဲနိုင်ပါတယ်။ Smile B.B.Q အနီးနားလေးမှာ ကပ်လို့ ရှိပါတယ်။


😋 ရိုးရိုးလေး ဝက်သားဒုတ်ထိုး

- ဒုတ်ထိုးကြိုက်သူတို့အတွက် လျှာလည်အောင်ကောင်းတဲ့ ဆိုင်လေးပါ။ ကြာဆံကြော်ဆိုလည်း ချဥ်စပ်သုပ်၊ ရိုးရိုးသုပ် စိတ်ကြိုက် မှာစားနိုင်ပါတယ်။ လိပ်စာကတော့ "ကမ်းနားလမ်း" ပေါ်မှာပါ။


😋 Essential

- ငါးကင်နဲ့ဆို နာမည်ကြီးတဲ့ ဆိုင်လေးပါ။ ငါးကင်၊ ငါးပေါင်းအပြင် အခြား ယိုးဒယားထောင်းတွေ၊ ကြက်ခြေထောက်ပေါင်းချဥ်စပ်၊ ထမင်းကြော်၊ အအေးမျိုးစုံတို့ကိုလည်း ဝါးတီးဆွဲနိုင်ပါတယ်။ ဆိုင်နေရာကတော့ "၉ လမ်း၊ ရန်မျိုးနိုင်ရပ်၊ ဒီဝေလျှံ ဘော်ဒါလမ်းကြား၊ ကံသာကန် အရှေ့ဘက်" မှာပါ။


ခုဆိုင်တွေအပြင် မကွေးမှာ အရသာရှိပြီး စျေးနှုန်းသင့်တော်တဲ့ဆိုင်တွေ အများကြီးကျန်ပါသေးတယ်နော်။  Foodieတို့အနေနဲ့ ခု ကျွန်တော်ပြောပြခဲ့တဲ့ ဆိုင်တွေမှာ ဝါးတီးမဆွဲဖူးသေးဘူးဆိုရင် ကျောင်းဖွင့်ခါကျ ဝါးတီးဆွဲကြည့်လိုက်ပါတော့နော်🥳


Comments

  1. only know essential and yoe yoe lay.
    Ma htar is the one I miss most.

    ReplyDelete
  2. မကွေးမှာနေပြီး
    တစ်ဆိုင်မှ မစားဖူးဘူးရော
    😭

    ReplyDelete
  3. I missed Yoe Shin Coffee and Essential Fish BBQ.

    ReplyDelete
  4. လာလည်ရင် လိုက်ကျွေးပါ admin တို့

    ReplyDelete
  5. မသွားတတ်လို့လိုက်ပို့ပါ

    ReplyDelete
  6. Done 🤍
    Lwn tg thwr b Mgy ko 😭

    ReplyDelete
  7. Done 🤍
    Mgy ko lwn tg thwr b

    ReplyDelete
  8. Done
    Mgy ko lwan tar…sar sa yarr tway ko po lwan tal🤣

    ReplyDelete
  9. Please tell more Myanmar Traditional foods. Local menus
    should be updated more.

    ReplyDelete

Post a Comment