စာအုပ် reviewတွေ တစ်ခါမှမရေးဖူးသလို စာဖတ်ရတာကြိုက်တဲ့သူလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ဒီစာအုပ်လေးတော့ review ရေးပေးချင်လို့ပါ။ review လို့သာပြောတာ တစ်ဝက်ပဲပြီးပါသေးတယ်။
စာအုပ်က ဝတ္ထုစာအုပ်လို ဇာတ်လမ်းတွေရေးထားတာမဟုတ်ပါဘူး။ ဖန်တီးနိုင်စွမ်းကို အထိရောက်ဆုံး အသုံးချသွားတဲ့ လူတွေရဲ့ ဇာတ်လမ်းတွေကို စုပေါင်းထားတဲ့ စာအုပ်ပါ။ လူတစ်ယောက်ထဲ အကြောင်းပဲ ရေးထားတာမဟုတ်တဲ့အတွက် တစ်နေ့ကို တစ်ယောက်အကြောင်းပဲဖတ်မလား တစ်ထိုင်ထဲတစ်အုပ်လုံးဖတ်မလား ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတဲ့စာအုပ်ပါ။ ပြီးတော့ ခုတစ်ဝက်ထိပဲ ဖတ်ပြီးတာကို motiအရမ်းရပါတယ်။ ဒါကြောင့် motiရှာနေတဲ့သူတွေ၊ ကျွန်မလို စာဖတ်ပျင်းပေပြီး လိုရင်းတိုရှင်း စာကောင်းကောင်းမွန်မွန်မှ ဖတ်ချင်သူတွေ၊ တစ်ခုခုဖန်တီးရန် ကြိုးစားနေသူတွေအဖို့ ဖတ်သင့်တဲ့စာအုပ်လေးပါ။
Comments
Post a Comment