Skip to main content

Should we wash our hair during period?

 


အမျိုးသမီးတွေမှာ "ဓမ္မတာလာနေစဥ် ခေါင်းမလျှော်သင့်ဘူး" ဆိုတဲ့ ယူဆချက်ဟာ မှန်ပါရဲ့လား။


အဖြေကတော့ လုံးဝ မမှန်ပါဘူးနော်။ ဒါဟာ ယူဆချက်အမှားပါ။ တကယ်ဆိုရင် ဓမ္မတာလာနေစဥ်မှာ ချွေးထွက်များတာကြောင့် ခါတိုင်းထက် ပိုပြီး သန့်ရှင်းစင်ကြယ်နေဖို့ အရေးကြီးပါတယ်။ ပုံမှန်ရက်တွေလိုပဲ ရေချိုး၊ ခေါင်းလျှော်၊ သန့်ရှင်းအောင်လုပ်ပြီး စိတ်ကို ကြည်လင်လန်းဆန်းနေအောင် လုပ်ပေးရပါမယ်။ ဒါပေမယ့် ဓမ္မတာလာနေစဥ်မှာ အလွန်အေးတဲ့ရေနဲ့ ရေချိုး၊ ခေါင်းလျှော်မယ်ဆိုရင်တော့ သွေးကြောတွေ ကျုံ့သွားပြီး ရာသီသွေးဆင်းတာကို ရပ်စေတတ်ပါတယ်။ အဲ့နောက်မှာတော့ ကြွက်တတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အေးတဲ့ရာသီမှာမျိုးဆိုရင် ရေနွေးလေးနဲ့ ချိုးပေးတာက ပိုအဆင်ပြေစေမှာပါ။

Comments

Post a Comment